Spots news

ရိုးမားကို ခြောက်ပွဲဆက်အနိုင်ရရှိအောင်ထိ စွမ်းဆောင်ထားတဲ့ စပါယ်ရှယ်ဝမ်း

Unicode Version

ယူရိုပါကွန်ဖရင့်လိဂ်မှာ စီအက်စ်ကေအေဆိုဖီယာအသင်းကို ၅-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ရိုးမားနည်းပြမော်ရင်ဟိုဟာ ရိုးမားအသင်းကို ခြောက်ပွဲဆက်အထိ အနိုင်ရရှိအောင် စွမ်းဆောင်ခဲ့ပြီ

ဖြစ်ပါတယ်။ ရိုးမားဟာ ၃-၁ နဲ့ အသာရနေခဲ့ပြီး တစ်ယောက်အထုတ်ခံခဲ့ရတဲ့ ဆိုဖီယာကို နောက်ထပ် ၂ ဂိုးသွင်းယူကာ အိမ်ကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပါတယ်။

ဘူလ်ဂေးရီးယားကလပ်ဟာ အိုလံပီကိုကွင်းအတွင်း ရိုးမားကို ဦးဆောင်ဂိုးအရင်သွင်းယူပြီး ခြိမ်းခြောက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ပယ်လီဂရီနီက ချေပဂိုးပြန်လည်သွင်းယူပေးခဲ့ပြီး

အယ်လ်ရှာဝေး၊ ပယ်လီဂရီနီတို့ ဆက်တိုက်သွင်းယူကာ ပြန်လည်ဦးဆောင်ခဲ့သလို အဲဒီနောက် မန်စီနီနဲ့ အေဘရာဟမ်တို့က နောက်ထပ်အနိုင်ဂိုးတွေကို ထပ်မံသွင်းယူ သွားခဲ့ပါတယ်။

ရိုးမားကို ခြောက်ပွဲဆက်တိုက်နိုင်ပွဲရအောင် စွမ်းဆောင်ပေးထားတဲ့ မော်ရင်ဟိုက “ကောင်းကောင်း မကစားနိုင်ခဲ့ပါဘူး၊ ကျွန်တော်တို့က ဖန်တီးနိုင်တဲ့အသင်းတစ်သင်းပါ၊ ဒါပေမယ့် ဒီနေ့ပွဲမှာ အသင်းကစားတာကို ကျွန်တော်မကြိုက်ဘူး၊

တခါတလေမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်၊ သန်မာတဲ့အသင်းတသင်းက အမြဲတမ်းအတူတကွလုပ်နေရပါမယ်၊ ဒါကို ပြောထားပြီးသားပါ၊ ခက်ခဲတဲ့အချိန်တွေမှာဆို အသင်းကို ပိုပြီးတော့ကောင်းအောင်လုပ်ရပါမယ်”

“ဒါပေမယ့် အသင်းစွမ်းဆောင်ရည်ကို ကျွန်တော်စိတ်တိုင်းမကျဘူး၊ အရည်အသွေးနဲ့ မကစားနိုင်ခဲ့ပါဘူး၊ ဒီပွဲအတွက် ၂ ရက် လေ့ကျင့်ချိန်ရခဲ့ပါတယ်၊ ဒါပေမယ့် ခံစစ်အစွန်လူတွေက ဖိအားမပေးနိုင်ခဲ့ပါဘူး၊ လုံလောက်တဲ့ပြင်းထန်မှုမျိုးမဟုတ်ပါဘူး၊

ခံစစ်ပိုင်းမှာ တစ်ဦးချင်းအနေအထားနဲပ အများကြီးဆုံးရှုံးခဲ့ပါတယ်၊ ၅-၁ ဆိုတဲ့ ရလဒ်ကမလုံလောက်သေးပါဘူး၊ ဆိုဖီယာထက် အရည်အသွေးပိုရှိပေမယ့် ကျွန်တော်တို့အတွက် မလုံလောက်ပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။

Zawgyi Version

ယူရိုပါကြန္ဖရင့္လိဂ္မွာ စီအက္စ္ေကေအဆိုဖီယာအသင္းကို ၅-၁ နဲ႕ အနိုင္ရရွိခဲ့ၿပီး ရိုးမားနည္းျပေမာ္ရင္ဟိုဟာ ရိုးမားအသင္းကို ေျခာက္ပြဲဆက္အထိ အနိုင္ရရွိေအာင္ စြမ္းေဆာင္ခဲ့ၿပီ

ျဖစ္ပါတယ္။ ရိုးမားဟာ ၃-၁ နဲ႕ အသာရေနခဲ့ၿပီး တစ္ေယာက္အထုတ္ခံခဲ့ရတဲ့ ဆိုဖီယာကို ေနာက္ထပ္ ၂ ဂိုးသြင္းယူကာ အိမ္ကြင္းမွာ ဂိုးျပတ္အနိုင္ရခဲ့တာျဖစ္ပါတယ္။

ဘူလ္ေဂးရီးယားကလပ္ဟာ အိုလံပီကိုကြင္းအတြင္း ရိုးမားကို ဦးေဆာင္ဂိုးအရင္သြင္းယူၿပီး ၿခိမ္းေျခာက္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္ ပယ္လီဂရီနီက ေခ်ပဂိုးျပန္လည္သြင္းယူေပးခဲ့ၿပီး

အယ္လ္ရွာေဝး၊ ပယ္လီဂရီနီတို႔ ဆက္တိုက္သြင္းယူကာ ျပန္လည္ဦးေဆာင္ခဲ့သလို အဲဒီေနာက္ မန္စီနီနဲ႕ ေအဘရာဟမ္တို႔က ေနာက္ထပ္အနိုင္ဂိုးေတြကို ထပ္မံသြင္းယူ သြားခဲ့ပါတယ္။

ရိုးမားကို ေျခာက္ပြဲဆက္တိုက္နိုင္ပြဲရေအာင္ စြမ္းေဆာင္ေပးထားတဲ့ ေမာ္ရင္ဟိုက “ေကာင္းေကာင္း မကစားနိုင္ခဲ့ပါဘူး၊ ကြၽန္ေတာ္တို႔က ဖန္တီးနိုင္တဲ့အသင္းတစ္သင္းပါ၊ ဒါေပမယ့္ ဒီေန႕ပြဲမွာ အသင္းကစားတာကို ကြၽန္ေတာ္မႀကိဳက္ဘူး၊

တခါတေလမွာ ေကာင္းေကာင္းလုပ္နိုင္ခဲ့တယ္၊ သန္မာတဲ့အသင္းတသင္းက အၿမဲတမ္းအတူတကြလုပ္ေနရပါမယ္၊ ဒါကို ေျပာထားၿပီးသားပါ၊ ခက္ခဲတဲ့အခ်ိန္ေတြမွာဆို အသင္းကို ပိုၿပီးေတာ့ေကာင္းေအာင္လုပ္ရပါမယ္”

“ဒါေပမယ့္ အသင္းစြမ္းေဆာင္ရည္ကို ကြၽန္ေတာ္စိတ္တိုင္းမက်ဘဴး၊ အရည္အေသြးနဲ႕ မကစားနိုင္ခဲ့ပါဘူး၊ ဒီပြဲအတြက္ ၂ ရက္ ေလ့က်င့္ခ်ိန္ရခဲ့ပါတယ္၊ ဒါေပမယ့္ ခံစစ္အစြန္လူေတြက ဖိအားမေပးနိုင္ခဲ့ပါဘူး၊ လုံေလာက္တဲ့ျပင္းထန္မႈမ်ိဳးမဟုတ္ပါဘူး၊

ခံစစ္ပိုင္းမွာ တစ္ဦးခ်င္းအေနအထားနဲပ အမ်ားႀကီးဆုံးရႈံးခဲ့ပါတယ္၊ ၅-၁ ဆိုတဲ့ ရလဒ္ကမလုံေလာက္ေသးပါဘူး၊ ဆိုဖီယာထက္ အရည္အေသြးပိုရွိေပမယ့္ ကြၽန္ေတာ္တို႔အတြက္ မလုံေလာက္ပါဘူး” လို႔ ေျပာဆိုသြားခဲ့ပါတယ္။