Spots news

အုပ်စုမှ မထွက်ချင်ရင် စည်းကမ်းတကျကစားဖို့ ကစားသမားများကို ဆိုးလ်ရှားသတိပေး

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားက ယူနိုက်တက် ကစားသမားများ အနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှ စောစီးစွာမထွက်ခွာလိုလျှင် နည်းပြစေခိုင်းတဲ့ ကစားကွက် အတိုင်းစည်းကမ်းတကျကစားရန်လိုအပ်ပြီး ပွဲအပေါ် အာရုံစူးစိုက်မှုအပြည့် ရှိသင့်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့ညက ကစားခဲ့သော ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ် ဖြစ်တဲ့ ယန်းဘွိုင်း-မန်ယူနိုက်တက် ပွဲမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပွဲကစားချိန် နောက်ဆုံးမိနစ်၌ ကွင်းလယ်လူ လင်ဂတ်ရဲ့ အမှားမှတစ်ဆင့် ပေးခဲ့ရသောဂိုးဖြင့် ၂-၁ ရလဒ်ဖြင့် ရှုံးနိမ့်ခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ ပွဲကစားချိန် ၃၅ မိနစ်ကတည်းက ယူနိုက်တက် နောက်ခံလူ ဝမ်ဘစ်ဆာကာမှာ ပြိုင်ဘက် ကစားသမားအား ကြမ်းတမ်းစွာဖျက်ထုတ်ခဲ့ခြင်းကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရပါတယ်။ ဆိုးလ်ရှားက ရှုံးနိမ့်မှုအပေါ် မကျေမနပ်ဖြစ်နေပြီး သူ့ရဲ့ ကစားသမားများကို သတိပေးစကားပြောကြားခဲ့ပါတယ်။

“စည်းကမ်းတကျကစားဖို့ဆိုတာ ဘောလုံးပွဲမှာ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှ မဟုတ်ပါဘူး။ နောက်ပြီး အာရုံစူးစိုက်မှုလျော့ပါးပြီး အမှားကျူးလွန်မယ်ဆိုရင် ဒီအမှားအတွက် ပေးဆပ်ရမှာပါ။ ပြီးခဲ့တဲ့ရာသီတုန်းကလည်း

ကျွန်တော်တို့ ဒီလိုအမှားမျိုး မှားခဲ့ပြီးပါပြီ။ ဘာရှက်ဆီဟီနဲ့ကစားတဲ့ပွဲမှာ သူတို့ရဲ့တန်ပြန်တိုက်စစ်ကို လျော့တိလျော့ရဲ ကာကွယ်ခဲ့တာကြောင့် ဂိုး (၂)ဂိုးပေးခဲ့ရ ပါတယ်။ ဒီနေ့ပွဲမှာလည်း နောက်ဆုံးစက္ကန့်မှာ ကျွန်တော်တို့ ရှုံးနိမ့်ခဲ့ပြန်ပါပြီ” ဟု ယူနိုက်တက်နည်းပြ ဆိုလ်ရှားက ပြောကြားခဲ့ပါတယ်။

 

ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက ချန်ပီယံလိဂ်ပြိုင်ပွဲ အုပ်စုအဆင့်မှာ ဘာရှက်ဆီဟီ၊ လိုက်ပ်ဇစ်အသင်း များကို အဝေးကွင်း၌ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲမှ စောစီးစွာထွက်ခဲ့ရပါတယ်။ ထို့ကြောင့် ဆိုးလ်ရှားက ယမန်နှစ်ကဖြစ်ရပ်မျိုး ထပ်မံမဖြစ်ပေါ်စေရန် စည်းကမ်းတကျကစားပြီး အာရုံစူးစိုက်မှု အပြည့်ရှိရန်လိုအပ်ကြောင်း  သတိပေးခဲ့ခြင်း ဖြစ်ပါတယ်။

 

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွားက ယူနိုက္တက္ ကစားသမားမ်ား အေနနဲ႕ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွ ေစာစီးစြာမထြက္ခြာလိုလွ်င္ နည္းျပေစခိုင္းတဲ့ ကစားကြက္ အတိုင္းစည္းကမ္းတက်ကစားရန္လိုအပ္ၿပီး ပြဲအေပၚ အာ႐ုံစူးစိုက္မႈအျပည့္ ရွိသင့္ေၾကာင္း သတိေပးေျပာၾကားခဲ့ပါတယ္။

ၿပီးခဲ့တဲ့ အဂၤါေန႕ညက ကစားခဲ့ေသာ ခ်န္ပီယံလိဂ္အုပ္စု အဖြင့္ပြဲစဥ္ ျဖစ္တဲ့ ယန္းဘြိုင္း-မန္ယူနိုက္တက္ ပြဲမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းဟာ ပြဲကစားခ်ိန္ ေနာက္ဆုံးမိနစ္၌ ကြင္းလယ္လူ လင္ဂတ္ရဲ႕ အမွားမွတစ္ဆင့္ ေပးခဲ့ရေသာဂိုးျဖင့္ ၂-၁ ရလဒ္ျဖင့္ ရႈံးနိမ့္ခဲ့ပါတယ္။

အဆိုပါပြဲစဥ္မွာ ပြဲကစားခ်ိန္ ၃၅ မိနစ္ကတည္းက ယူနိုက္တက္ ေနာက္ခံလူ ဝမ္ဘစ္ဆာကာမွာ ၿပိဳင္ဘက္ ကစားသမားအား ၾကမ္းတမ္းစြာဖ်က္ထုတ္ခဲ့ျခင္းေၾကာင့္ တိုက္ရိုက္အနီကတ္ျပ ထုတ္ပယ္ျခင္း ခံခဲ့ရပါတယ္။ ဆိုးလ္ရွားက ရႈံးနိမ့္မႈအေပၚ မေက်မနပ္ျဖစ္ေနၿပီး သူ႕ရဲ႕ ကစားသမားမ်ားကို သတိေပးစကားေျပာၾကားခဲ့ပါတယ္။

“စည္းကမ္းတက်ကစားဖို႔ဆိုတာ ေဘာလုံးပြဲမွာ အေရးႀကီးတဲ့ အစိတ္အပိုင္းတစ္ခုအေနနဲ႕ ပါဝင္ပါတယ္။ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွ မဟုတ္ပါဘူး။ ေနာက္ၿပီး အာ႐ုံစူးစိုက္မႈေလ်ာ့ပါးၿပီး အမွားက်ဴးလြန္မယ္ဆိုရင္ ဒီအမွားအတြက္ ေပးဆပ္ရမွာပါ။ ၿပီးခဲ့တဲ့ရာသီတုန္းကလည္း

ကြၽန္ေတာ္တို႔ ဒီလိုအမွားမ်ိဳး မွားခဲ့ၿပီးပါၿပီ။ ဘာရွက္ဆီဟီနဲ႕ကစားတဲ့ပြဲမွာ သူတို႔ရဲ႕တန္ျပန္တိုက္စစ္ကို ေလ်ာ့တိေလ်ာ့ရဲ ကာကြယ္ခဲ့တာေၾကာင့္ ဂိုး (၂)ဂိုးေပးခဲ့ရ ပါတယ္။ ဒီေန႕ပြဲမွာလည္း ေနာက္ဆုံးစကၠန႔္မွာ ကြၽန္ေတာ္တို႔ ရႈံးနိမ့္ခဲ့ျပန္ပါၿပီ” ဟု ယူနိုက္တက္နည္းျပ ဆိုလ္ရွားက ေျပာၾကားခဲ့ပါတယ္။

ယူနိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက ခ်န္ပီယံလိဂ္ၿပိဳင္ပြဲ အုပ္စုအဆင့္မွာ ဘာရွက္ဆီဟီ၊ လိုက္ပ္ဇစ္အသင္း မ်ားကို အေဝးကြင္း၌ ရႈံးနိမ့္ခဲ့ၿပီး ၿပိဳင္ပြဲမွ ေစာစီးစြာထြက္ခဲ့ရပါတယ္။ ထို႔ေၾကာင့္ ဆိုးလ္ရွားက ယမန္ႏွစ္ကျဖစ္ရပ္မ်ိဳး ထပ္မံမျဖစ္ေပၚေစရန္ စည္းကမ္းတက်ကစားၿပီး အာ႐ုံစူးစိုက္မႈ အျပည့္ရွိရန္လိုအပ္ေၾကာင္း  သတိေပးခဲ့ျခင္း ျဖစ္ပါတယ္။