Spots news

ဂျင်းကောင်လေး လင်ဂတ်ကို စာချုပ်သက်တမ်းတိုးမည်ဟု ဆိုးလ်ရှားအတည်ပြု

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားက ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ အသင်းရဲ့ အကယ်ဒမီထွက် ကွင်းလယ်လူ လင်ဂတ်ကို စာချုပ်သစ် ချုပ်ဆိုနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေကြောင်း အတည်ပြု ပြောကြားခဲ့ပါတယ်။

အင်္ဂလန် ကွင်းလယ် တိုက်စစ်ကစားသမား လင်ဂတ်ဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်း ၁နှစ်သာ ကျန်ရှိတော့ပြီး ယူနိုက်တက်အသင်းက အသင်းရဲ့ လူအင်အား တောင့်တင်းစေဖို့ ငယ်မွေးခြံပေါက် ကစားသမားကို စာချုပ်သစ် ချုပ်ဆိုဖို့

အလိုရှိနေပေမယ့် လင်ဂတ်ကတော့ ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန် လက်ရွေးစင်အသင်းမှာ ရွေးချယ်ခံရဖို့ အသင်းမှာ ပုံမှန်နေရာ ပေးနိုင်မှသာ စာချုပ်သစ် ချုပ်မှာ ဖြစ်ပြီး ပုံမှန်နေရာမရပါက ဇန်နဝါရီမှာ အသင်းပြောင်းရွေ့ဖို့ ဆွေးနွေးဖွယ်ရှိကြောင်း သိရပါတယ်။

ဆိုးလ်ရှားဟာ နောက်ဆုံးကစားခဲ့တဲ့ နယူးကာဆယ်နဲ့ပွဲ ၊ ယန်းဘွိုင်းနဲ့ပွဲတို့မှာ လင်ဂတ်ကို လူစားဝင် ကစားသမား အဖြစ် သုံးစွဲခဲ့ပြီး နယူးကာဆယ်နဲ့ ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ယန်းဘွိုင်းနဲ့ ပွဲမှာတော့ သူ့ရဲ့အမှား‌ကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယန်းဘွိုင်းအသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဆိုးလ်ရှားက “သူက အသင်းနဲ့ စာချုပ် ၁နှစ်သာ ကျန်တော့တာကြောင့် အသင်းက သူ့ကို စာချုပ်သစ် ချုပ်ဖို့ သူရယ် သူ့အဖေရယ်နဲ့ တိုက်ရိုက် ဆွေးနွေးနေပါတယ်။ ဂျက်စီက ဝက်စ်ဟမ်းအသင်းမှာ သူ့ရဲ့ အရည်အသွေးကို ပြနိုင်ခဲ့တယ်။ အင်္ဂလန်အသင်း အတွက် ပြန်ရွေးချယ်ခံခဲ့ရတယ်။ ”

“ ကျွန်တော် ကတော့ အကောင်းဆုံး ဂျက်စီကို ဒီရာသီမှာ မြင်တွေ့ချင်ပါတယ်။ ကျွန်တော်တို့ သူ့ကို ထောက်ပံ့ကူညီသွားမယ်။ အသင်းမှာလည်း သူ ဆက်ရှိနေမယ်လို့ ယုံကြည်ပါတယ်။ သူဟာ ကလေးဘဝထဲက မန်ချက်စတာ ယူနိုက်တက်ကို အားပေးခဲ့တဲ့ ကစားသမားပါ” လို့ အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တောင်ပံ ကစားသမား လင်ဂတ်ဟာ ငယ်စဉ်ထဲက မန်ချက်စတာ ယူနိုက်တက်အသင်းကို အားပေးခဲ့သူ တဦး ဖြစ်သလို အသင်းရဲ့ လူငယ် အကယ်ဒမီကနေ အသင်းကြီးဆီ ရောက်ရှိလာတဲ့ ကစားသမားတွေထဲက တဦးပဲ ဖြစ်ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွားက ဝက္စ္ဟမ္းအသင္းနဲ႕ ပြဲစဥ္မတိုင္မီ ျပဳလုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ အသင္းရဲ႕ အကယ္ဒမီထြက္ ကြင္းလယ္လူ လင္ဂတ္ကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုနိုင္ဖို႔ အစြမ္းကုန္ ႀကိဳးစားေနေၾကာင္း အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

အဂၤလန္ ကြင္းလယ္ တိုက္စစ္ကစားသမား လင္ဂတ္ဟာ ယူနိုက္တက္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ၁ႏွစ္သာ က်န္ရွိေတာ့ၿပီး ယူနိုက္တက္အသင္းက အသင္းရဲ႕ လူအင္အား ေတာင့္တင္းေစဖို႔ ငယ္ေမြးၿခံေပါက္ ကစားသမားကို စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔

အလိုရွိေနေပမယ့္ လင္ဂတ္ကေတာ့ ၂၀၂၂ခုႏွစ္ ကမာၻ႔ဖလားၿပိဳင္ပြဲအတြက္ အဂၤလန္ လက္ေ႐ြးစင္အသင္းမွာ ေ႐ြးခ်ယ္ခံရဖို႔ အသင္းမွာ ပုံမွန္ေနရာ ေပးနိုင္မွသာ စာခ်ဳပ္သစ္ ခ်ဳပ္မွာ ျဖစ္ၿပီး ပုံမွန္ေနရာမရပါက ဇန္နဝါရီမွာ အသင္းေျပာင္းေ႐ြ႕ဖို႔ ေဆြးေႏြးဖြယ္ရွိေၾကာင္း သိရပါတယ္။

ဆိုးလ္ရွားဟာ ေနာက္ဆုံးကစားခဲ့တဲ့ နယူးကာဆယ္နဲ႕ပြဲ ၊ ယန္းဘြိုင္းနဲ႕ပြဲတို႔မွာ လင္ဂတ္ကို လူစားဝင္ ကစားသမား အျဖစ္ သုံးစြဲခဲ့ၿပီး နယူးကာဆယ္နဲ႕ ပြဲမွာ ဂိုးသြင္းယူနိုင္ခဲ့ေပမယ့္ ယန္းဘြိုင္းနဲ႕ ပြဲမွာေတာ့ သူ႕ရဲ႕အမွား‌ေၾကာင့္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ယန္းဘြိုင္းအသင္းကို ၂-၁ ဆိုတဲ့ ရလဒ္နဲ႕ ရႈံးနိမ့္ခဲ့ပါတယ္။

ဆိုးလ္ရွားက “သူက အသင္းနဲ႕ စာခ်ဳပ္ ၁ႏွစ္သာ က်န္ေတာ့တာေၾကာင့္ အသင္းက သူ႕ကို စာခ်ဳပ္သစ္ ခ်ဳပ္ဖို႔ သူရယ္ သူ႕အေဖရယ္နဲ႕ တိုက္ရိုက္ ေဆြးေႏြးေနပါတယ္။ ဂ်က္စီက ဝက္စ္ဟမ္းအသင္းမွာ သူ႕ရဲ႕ အရည္အေသြးကို ျပနိုင္ခဲ့တယ္။ အဂၤလန္အသင္း အတြက္ ျပန္ေ႐ြးခ်ယ္ခံခဲ့ရတယ္။ ”

“ ကြၽန္ေတာ္ ကေတာ့ အေကာင္းဆုံး ဂ်က္စီကို ဒီရာသီမွာ ျမင္ေတြ႕ခ်င္ပါတယ္။ ကြၽန္ေတာ္တို႔ သူ႕ကို ေထာက္ပံ့ကူညီသြားမယ္။ အသင္းမွာလည္း သူ ဆက္ရွိေနမယ္လို႔ ယုံၾကည္ပါတယ္။ သူဟာ ကေလးဘဝထဲက မန္ခ်က္စတာ ယူနိုက္တက္ကို အားေပးခဲ့တဲ့ ကစားသမားပါ” လို႔ အသိေပးလာခဲ့တာပဲ ျဖစ္ပါတယ္။

အသက္ ၂၈ႏွစ္ အ႐ြယ္ အဂၤလန္ လက္ေ႐ြးစင္ ေတာင္ပံ ကစားသမား လင္ဂတ္ဟာ ငယ္စဥ္ထဲက မန္ခ်က္စတာ ယူနိုက္တက္အသင္းကို အားေပးခဲ့သူ တဦး ျဖစ္သလို အသင္းရဲ႕ လူငယ္ အကယ္ဒမီကေန အသင္းႀကီးဆီ ေရာက္ရွိလာတဲ့ ကစားသမားေတြထဲက တဦးပဲ ျဖစ္ပါတယ္။