Spots news

ပတ်ဂျီဆန်ကြောင့် မန်ယူပရိတ်သတ်ဖြစ်ခဲ့ကြောင်း ဝန်ခံလိုက်တဲ့ ဆွန်ဟောင်မင်

Unicode Version

စပါးအသင်းရဲ့ တောင်ကိုရီးယားကြယ်ပွင့် တိုက်စစ်ကစားသမားဖြစ်သူ ဆွန်ဟောင်မင်က သူနဲ့တစ်နိုင်ငံတည်းသားဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်း ကစားသမားဟောင်း ပတ်ဂျီဆန်ကို ငယ်စဉ်ကတည်းက အရူးအမူး အားပေးခဲ့တာဖြစ်လို့ ပတ်ဂျီဆန် ပါဝင်ကစားခဲ့ဖူးတဲ့ ယူနိုက်တက်အသင်းကိုပါ ပူးတွဲအားပေးခဲ့ဖူးတယ်လို့ ဝန်ခံပြောဆိုသွားခဲ့ပါတယ်။

လက်ရှိမှာ အသက်(၄၀)အရွှယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ကိုရီးယားဘောလုံးလောကရဲ့ Hero ကြီးဖြစ်သူ ပတ်ဂျီဆန်ဟာ ၂၀၀၅ခုနှစ်ကနေ ၂၀၁၂ခုနှစ်အထိ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ယောက်အဖြစ် ပွဲပေါင်း(၂၀၀)ကျော်အထိကို ပါဝင်ကစားခဲ့ဖူးပြီး အသင်းနဲ့လည်း ဥရောပချန်ပီယံလိဂ်ဖလား ပရီးမီးယားလိဂ်ဖလားတွေအပြင်

ဆုဖလားအောင်မြင်မှုများစွာကိုလည်း သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။ ဒီလို အောင်မြင်ကျော်ကြားခဲ့တဲ့ ပတ်ဂျီဆန်ရဲ့ခြေရာကို လိုက်လာနို်င်ခဲ့တဲ့ စပါးတိုက်စစ်ကစားသမား ဆွန်ဟောင်မင်က သူဟာ ငယ်စဉ်ကတည်းက ပတ်ဂျီဆန်ကိုရော ပတ်ဂျီဆန်ရဲ့ ယူနိုက်တက်အသင်းကိုပါ အားပေးခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

ဆွန်ဟောင်မင်က Pro:Direct ကနေ ဆွန်ငယ်စဉ်က ဘယ်ကလပ်အသင်းကို အားပေးခဲ့သလဲလို့ မေးမြန်းလာခဲ့ရာ ဆွန်က “မန်ချက်စတာယူနိုက်တက်အသင်းပါ။ ဘာကြောင့်လဲဆိုတော့ ပတ်ဂျီဆန်က အဲ့ဒီအသင်းမှာ ပါဝင်ကစားနေတာကြောင့်မို့ပါပဲ။ သူက ကျွန်တော်နိုင်ငံရဲ့ သူရဲကောင်းတစ်ယောက်ပါ။ ကိုရီးယားမှာဆိုရင် သူ့ကို လူတွေက နှလုံးသား(၂)ခုကို ပိုင်ဆိုင်ထားတဲ့သူလို့တောင် ပြောကြပါသေးတယ်။

သူက ကျွန်တော့်အတွက်ဆိုရင်လည်း National Hero တစ်ဦးပါပဲ။ ကျွန်တော်ရဲ့ အကောင်းဆုံး မိတ်ဆွေတစ်ယောက်ဆိုလည်း မမှားပါဘူး။ သူက ကိုရီးယားကစားသမားကိုလည်း ပြည်ပမှာ လာရောက်ကစားဖို့အတွက် ဖိတ်ခေါ်တယ်။ အခွင့်အရေးတွေ ပေးတယ်။ သူ လုပ်ဆောင်ခဲ့တာတွေကလည်း တကယ်ကို မလွယ်ဘူး။

ခင်ဗျား သိတဲ့အတိုင်းပဲလေ။ သူက ပရီးမီးယားလိဂ်မှာ ပထမဆုံး ကစားဖူးတဲ့ ကိုရီးယားကစားသမားဆိုတော့။ သူ့ကို လေးစားသဘောကျမိတဲ့ စိတ်နဲ့ပဲ ကျွန်တော် သူပါဝင်ကစားနေတဲ့ ယူနိုက်တက်အသင်းကို အားပေးဖြစ်တာပါ။ အခုကတော့ အားမပေးနိုင်တော့ပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Zawgyi Version

စပါးအသင္းရဲ႕ ေတာင္ကိုရီးယားၾကယ္ပြင့္ တိုက္စစ္ကစားသမားျဖစ္သူ ဆြန္ေဟာင္မင္က သူနဲ႕တစ္နိုင္ငံတည္းသားျဖစ္တဲ့ မန္ခ်က္စတာယူနိုက္တက္အသင္း ကစားသမားေဟာင္း ပတ္ဂ်ီဆန္ကို ငယ္စဥ္ကတည္းက အ႐ူးအမူး အားေပးခဲ့တာျဖစ္လို႔ ပတ္ဂ်ီဆန္ ပါဝင္ကစားခဲ့ဖူးတဲ့ ယူနိုက္တက္အသင္းကိုပါ ပူးတြဲအားေပးခဲ့ဖူးတယ္လို႔ ဝန္ခံေျပာဆိုသြားခဲ့ပါတယ္။

လက္ရွိမွာ အသက္(၄၀)အ႐ႊယ္ကို ေရာက္ရွိေနၿပီျဖစ္တဲ့ ကိုရီးယားေဘာလုံးေလာကရဲ႕ Hero ႀကီးျဖစ္သူ ပတ္ဂ်ီဆန္ဟာ ၂၀၀၅ခုႏွစ္ကေန ၂၀၁၂ခုႏွစ္အထိ မန္ခ်က္စတာယူနိုက္တက္အသင္းရဲ႕ ကစားသမားတစ္ေယာက္အျဖစ္ ပြဲေပါင္း(၂၀၀)ေက်ာ္အထိကို ပါဝင္ကစားခဲ့ဖူးၿပီး အသင္းနဲ႕လည္း ဥေရာပခ်န္ပီယံလိဂ္ဖလား ပရီးမီးယားလိဂ္ဖလားေတြအျပင္

ဆုဖလားေအာင္ျမင္မႈမ်ားစြာကိုလည္း သိမ္းပိုက္ရယူနိုင္ခဲ့ပါတယ္။ ဒီလို ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ပတ္ဂ်ီဆန္ရဲ႕ေျခရာကို လိုက္လာနို္င္ခဲ့တဲ့ စပါးတိုက္စစ္ကစားသမား ဆြန္ေဟာင္မင္က သူဟာ ငယ္စဥ္ကတည္းက ပတ္ဂ်ီဆန္ကိုေရာ ပတ္ဂ်ီဆန္ရဲ႕ ယူနိုက္တက္အသင္းကိုပါ အားေပးခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာဆိုလာခဲ့ပါတယ္။

ဆြန္ေဟာင္မင္က Pro:Direct ကေန ဆြန္ငယ္စဥ္က ဘယ္ကလပ္အသင္းကို အားေပးခဲ့သလဲလို႔ ေမးျမန္းလာခဲ့ရာ ဆြန္က “မန္ခ်က္စတာယူနိုက္တက္အသင္းပါ။ ဘာေၾကာင့္လဲဆိုေတာ့ ပတ္ဂ်ီဆန္က အဲ့ဒီအသင္းမွာ ပါဝင္ကစားေနတာေၾကာင့္မို႔ပါပဲ။ သူက ကြၽန္ေတာ္နိုင္ငံရဲ႕ သူရဲေကာင္းတစ္ေယာက္ပါ။ ကိုရီးယားမွာဆိုရင္ သူ႕ကို လူေတြက ႏွလုံးသား(၂)ခုကို ပိုင္ဆိုင္ထားတဲ့သူလို႔ေတာင္ ေျပာၾကပါေသးတယ္။

သူက ကြၽန္ေတာ့္အတြက္ဆိုရင္လည္း National Hero တစ္ဦးပါပဲ။ ကြၽန္ေတာ္ရဲ႕ အေကာင္းဆုံး မိတ္ေဆြတစ္ေယာက္ဆိုလည္း မမွားပါဘူး။ သူက ကိုရီးယားကစားသမားကိုလည္း ျပည္ပမွာ လာေရာက္ကစားဖို႔အတြက္ ဖိတ္ေခၚတယ္။ အခြင့္အေရးေတြ ေပးတယ္။ သူ လုပ္ေဆာင္ခဲ့တာေတြကလည္း တကယ္ကို မလြယ္ဘူး။

ခင္ဗ်ား သိတဲ့အတိုင္းပဲေလ။ သူက ပရီးမီးယားလိဂ္မွာ ပထမဆုံး ကစားဖူးတဲ့ ကိုရီးယားကစားသမားဆိုေတာ့။ သူ႕ကို ေလးစားသေဘာက်မိတဲ့ စိတ္နဲ႕ပဲ ကြၽန္ေတာ္ သူပါဝင္ကစားေနတဲ့ ယူနိုက္တက္အသင္းကို အားေပးျဖစ္တာပါ။ အခုကေတာ့ အားမေပးနိုင္ေတာ့ပါဘူး” လို႔ ရွင္းလင္းေျပာဆိုသြားခဲ့ပါတယ္။