Spots news

ဘရူနိုဖာနန်ဒက်စ်ကို ဆွဲစားဖို့ စောင့်ကြည့်နေတယ်ဆိုတဲ့ ထိပ်သီးကလပ်နှစ်သင်း

Unicode Version

စပိန်အင်အားကြီးကလပ် ဘာစီလိုနာအသင်းနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတို့ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ပေါ်တူဂီ လက်ရွေးစင် ကွင်းလယ်လူ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူဖို့ စောင့်ကြည့်နေကြတယ်လို့ ဗြိတိန်သတင်းစာ The Sun က ဖော်ပြခဲ့ပါတယ်။

၂၀၂၀၊ ဇန်နဝါရီလတုန်းက စပို့တင်းလစ္စဘွန်းအသင်းကနေ ပြောင်းရွှေ့ခဲ့သူ ဘရူနိုဖာနန်ဒက်စ်ဟာ အသင်းရဲ့ကွင်းလယ်ကို အကောင်းဆုံးဦးဆောင်နေပြီး ယူနိုက်တက်အသင်းဆီ စတင်ရောက်ရှိခဲ့ချိန်ကတည်းက အဓိက ကွင်းလယ်လူ တစ်ဦးအဖြစ် ပါဝင်ခွင့် ရရှိနေတာ ဖြစ်ပါတယ်။

အဲဒါကြောင့်ပဲ လာလီဂါထိပ်သီး နှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်အသင်းတို့ဟာ ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့ အပြိုင် စိတ်ဝင်စားနေကြတာပါ။ ဒါပေမဲ့ ဘရူနိုဖာနန်ဒက်စ်ရဲ့ လက်ရှိစာချုပ် သက်တမ်းက ၂၀၂၅ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်သလို

ယူနိုက်တက် အသင်းကလည်း ဘရူနိုဖာနန်ဒက်စ်ကို လစာငွေ ပေါင် ၂၅၀,၀၀၀ အထိ တိုးမြှင့်ပေးပြီးတော့ စာချုပ်သစ် ထပ်ချုပ်ဖို့စီစဉ်နေတာကြောင့် ရီးရဲလ်နဲ့ ဘာစီလိုနာ အသင်းတို့အတွက် ဘရူနိုဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့အခွင့်အရေးနည်းပါးနေပါပြီ။

ဒါပေမဲ့လည်း ဒီရာသီမှာ ယူနိုက်တက် အသင်းကို စီရော်နယ်လ်ဒို ရောက်ရှိလာလို့ အသင်းမှာ ဘရူဖာနန်ဒက်စ်ရဲ့အခန်းကဏ္ဍက မှေးမှိန်သွားတဲ့အတွက် အဲဒီအချက်ကြောင့် ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်နဲ့ စာချုပ်သစ်ညချုပ်ဖို့ဆန္ဒမရှိဖြစ်နေမလားဆိုပြီးတော့ ဘာစီလိုနာနဲ့ရီးရဲလ် တို့က စောင့်ကြည့် နေကြတာဖြစ်ပါတယ်။

အသက် ၂၇ နှစ်အရွယ် ဘရူနိုဖာနန်ဒက်စ်ဟာ ၂၀၁၈ ဇန်နဝါရီလက ယူနိုက်တက်အသင်းသို့ ရောက်ရှိလာပြီး လက်ရှိစာချုပ် သက်တမ်းမှာ ၂၀၂၅ ခုနှစ်အထိ ဇွန်လအထိဖြစ်ပါတယ်။ ဘရူနိုဖာနန်ဒက်စ်ဟာ ယူနိုက်တက်အတွက် ပြိုင်ပွဲစုံ ၈၄ မှာ ၄၄ ဂိုးအထိသွင်းကာ ၁၇ ဂိုး ဖန်တီးပေးထားသူပါ။

Zawgyi Version

စပိန္အင္အားႀကီးကလပ္ ဘာစီလိုနာအသင္းနဲ႕ ရီးရဲလ္မက္ဒရစ္ အသင္းတို႔ဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ ေျခစြမ္းျပကစားေနတဲ့ ေပၚတူဂီ လက္ေ႐ြးစင္ ကြင္းလယ္လူ ဘ႐ူနိုဖာနန္ဒက္စ္ကို ေခၚယူဖို႔ ေစာင့္ၾကည့္ေနၾကတယ္လို႔ ၿဗိတိန္သတင္းစာ The Sun က ေဖာ္ျပခဲ့ပါတယ္။

၂၀၂၀၊ ဇန္နဝါရီလတုန္းက စပို႔တင္းလစၥဘြန္းအသင္းကေန ေျပာင္းေ႐ႊ႕ခဲ့သူ ဘ႐ူနိုဖာနန္ဒက္စ္ဟာ အသင္းရဲ႕ကြင္းလယ္ကို အေကာင္းဆုံးဦးေဆာင္ေနၿပီး ယူနိုက္တက္အသင္းဆီ စတင္ေရာက္ရွိခဲ့ခ်ိန္ကတည္းက အဓိက ကြင္းလယ္လူ တစ္ဦးအျဖစ္ ပါဝင္ခြင့္ ရရွိေနတာ ျဖစ္ပါတယ္။

အဲဒါေၾကာင့္ပဲ လာလီဂါထိပ္သီး ႏွစ္သင္းျဖစ္တဲ့ ဘာစီလိုနာနဲ႕ ရီးရဲလ္အသင္းတို႔ဟာ ဘ႐ူနိုဖာနန္ဒက္စ္ကို ေခၚယူနိုင္ဖို႔ အၿပိဳင္ စိတ္ဝင္စားေနၾကတာပါ။ ဒါေပမဲ့ ဘ႐ူနိုဖာနန္ဒက္စ္ရဲ႕ လက္ရွိစာခ်ဳပ္ သက္တမ္းက ၂၀၂၅ ခုႏွစ္မွ ကုန္ဆုံးမွာျဖစ္သလို

ယူနိုက္တက္ အသင္းကလည္း ဘ႐ူနိုဖာနန္ဒက္စ္ကို လစာေငြ ေပါင္ ၂၅၀,၀၀၀ အထိ တိုးျမႇင့္ေပးၿပီးေတာ့ စာခ်ဳပ္သစ္ ထပ္ခ်ဳပ္ဖို႔စီစဥ္ေနတာေၾကာင့္ ရီးရဲလ္နဲ႕ ဘာစီလိုနာ အသင္းတို႔အတြက္ ဘ႐ူနိုဖာနန္ဒက္စ္ကို ေခၚယူနိုင္ဖို႔အခြင့္အေရးနည္းပါးေနပါၿပီ။

ဒါေပမဲ့လည္း ဒီရာသီမွာ ယူနိုက္တက္ အသင္းကို စီေရာ္နယ္လ္ဒို ေရာက္ရွိလာလို႔ အသင္းမွာ ဘ႐ူဖာနန္ဒက္စ္ရဲ႕အခန္းက႑က ေမွးမွိန္သြားတဲ့အတြက္ အဲဒီအခ်က္ေၾကာင့္ ဘ႐ူနိုဖာနန္ဒက္စ္ဟာ ယူနိုက္တက္နဲ႕ စာခ်ဳပ္သစ္ညခ်ဳပ္ဖို႔ဆႏၵမရွိျဖစ္ေနမလားဆိုၿပီးေတာ့ ဘာစီလိုနာနဲ႕ရီးရဲလ္ တို႔က ေစာင့္ၾကည့္ ေနၾကတာျဖစ္ပါတယ္။

အသက္ ၂၇ ႏွစ္အ႐ြယ္ ဘ႐ူနိုဖာနန္ဒက္စ္ဟာ ၂၀၁၈ ဇန္နဝါရီလက ယူနိုက္တက္အသင္းသို႔ ေရာက္ရွိလာၿပီး လက္ရွိစာခ်ဳပ္ သက္တမ္းမွာ ၂၀၂၅ ခုႏွစ္အထိ ဇြန္လအထိျဖစ္ပါတယ္။ ဘ႐ူနိုဖာနန္ဒက္စ္ဟာ ယူနိုက္တက္အတြက္ ၿပိဳင္ပြဲစုံ ၈၄ မွာ ၄၄ ဂိုးအထိသြင္းကာ ၁၇ ဂိုး ဖန္တီးေပးထားသူပါ။