Spots news

ကစားသမားရဲ့ အနာဂတ်အတွက် ဗန်ဒီဘိခ်ကိုရောင်းချဖို့ ဘာဘာတော့ဗ်ပြော

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်း ဘာဘာတော့ဗ်က ယူနိုက်တက် အနေနဲ့ နယ်သာလန် လက်ရွေးစင် ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ရောင်းထုတ်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။ ဗန်ဒီဘိခ်ဟာ ၂၀၂၀ နွေရာသီကာလက အေဂျက်စ်အသင်းမှ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။

အသက် ၂၄ နှစ်အရွယ်ရှိ ဗန်ဒီဘိခ်ဟာ ယူနိုက်တက်ထံသို့ ပြောင်းရွေ့ကြေး ပေါင် ၃၅ သန်းဖြင့် ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေသူ ဖြစ်ပါတယ်။ လက်ရှိရာသီမှာ ဗန်ဒီဘိခ်အတွက် အခွင့်အရေးများ ရရှိမည်ဖြစ်ကြောင်း နည်းပြ ဆိုးရှားက ပြောဆိုထားသော်လည်း ယခုအချိန်အထိ ပွဲထွက်ခွင့် မရသေးတာ ဖြစ်ပါတယ်။

ဘာဘာတော့ဗ်က ကစားသမားရဲ့ အနာဂတ် ပျောက်ဆုံးသွားမှာ ကိုစိုးရိမ်နေပြီး အသင်းအနေနဲ့လဲ ပုံမှန်ပွဲထွက်ခွင့် မပေးနိုင်တဲ့ ‌တန်ဖိုးကြီးမားတဲ့ ကစားသမားကို ရောင်းချလိုက်တာက နှစ်ဦး နှစ်ဖက်အတွက် အဆင်ပြေစေမှာ ‌ဖြစ်ကြောင်း အသင်းဟောင်း ယူနိုက်တက်သို့ ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ဘာဘာတော့ဗ်က “ဗန်ဒီဘိခ်ရဲ့ မန်ချက်စတာယူနိုက်တက် ကစားသမားဘဝက အဆုံးသတ်သွားပြီလို့ ကျွန်တော် ထင်ပါတယ်။ ယန်းဘွိုင်းနဲ့ပွဲမှာ ပွဲထွက်ခွင့်ရခဲ့ပေမဲ့ ပထမပိုင်းမှာပဲ လူစားလဲခံခဲ့ရတယ်။ ဒါက မန်ချက်စတာ ယူနိုက်တက်အသင်းမှာ သူ့အနေအထားကို ပြလိုက်တာပါပဲ။ သူ ပွဲထွက်ကစားခွင့်ရရင် လူစားလဲခံရတယ်။

လူစားဝင်ကစားရင်လည်း ၁၀ မိနစ်လောက်ပဲ ကစားခွင့်ရတယ်။ ဗန်ဒီဘိခ်အတွက် မန်ချက်စတာ ယူနိုက်တက်အသင်း အသုံးပြုခဲ့ရတဲ့ ငွေကြေးတွေက နှမြောစရာပါ။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဗန်ဒယ်ဘိခ်ကို အရှုံးခံပြီး ဖြစ်နိုင်ရင် ရောင်းထုတ်သင့်ပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္း တိုက္စစ္မႉးေဟာင္း ဘာဘာေတာ့ဗ္က ယူနိုက္တက္ အေနနဲ႕ နယ္သာလန္ လက္ေ႐ြးစင္ ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေရာင္းထုတ္သင့္ေၾကာင္း အသင္း‌ေဟာင္းကို တိုက္တြန္းခဲ့ပါတယ္။ ဗန္ဒီဘိခ္ဟာ ၂၀၂၀ ေႏြရာသီကာလက ေအဂ်က္စ္အသင္းမွ ေျပာင္းေ႐ႊ႕လာခဲ့သူ ျဖစ္ပါတယ္။

အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ ဗန္ဒီဘိခ္ဟာ ယူနိုက္တက္ထံသို႔ ေျပာင္းေ႐ြ႕ေၾကး ေပါင္ ၃၅ သန္းျဖင့္ ေရာက္ရွိလာခဲ့တာ ျဖစ္ၿပီး ပုံမွန္ပြဲထြက္ခြင့္ ေပ်ာက္ဆုံးေနသူ ျဖစ္ပါတယ္။ လက္ရွိရာသီမွာ ဗန္ဒီဘိခ္အတြက္ အခြင့္အေရးမ်ား ရရွိမည္ျဖစ္ေၾကာင္း နည္းျပ ဆိုးရွားက ေျပာဆိုထားေသာ္လည္း ယခုအခ်ိန္အထိ ပြဲထြက္ခြင့္ မရေသးတာ ျဖစ္ပါတယ္။

ဘာဘာေတာ့ဗ္က ကစားသမားရဲ႕ အနာဂတ္ ေပ်ာက္ဆုံးသြားမွာ ကိုစိုးရိမ္ေနၿပီး အသင္းအေနနဲ႕လဲ ပုံမွန္ပြဲထြက္ခြင့္ မေပးနိုင္တဲ့ ‌တန္ဖိုးႀကီးမားတဲ့ ကစားသမားကို ေရာင္းခ်လိဳက္တာက ႏွစ္ဦး ႏွစ္ဖက္အတြက္ အဆင္ေျပေစမွာ ‌ျဖစ္ေၾကာင္း အသင္းေဟာင္း ယူနိုက္တက္သို႔ ယခုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

ဘာဘာေတာ့ဗ္က “ဗန္ဒီဘိခ္ရဲ႕ မန္ခ်က္စတာယူနိုက္တက္ ကစားသမားဘဝက အဆုံးသတ္သြားၿပီလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ယန္းဘြိုင္းနဲ႕ပြဲမွာ ပြဲထြက္ခြင့္ရခဲ့ေပမဲ့ ပထမပိုင္းမွာပဲ လူစားလဲခံခဲ့ရတယ္။ ဒါက မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ သူ႕အေနအထားကို ျပလိုက္တာပါပဲ။ သူ ပြဲထြက္ကစားခြင့္ရရင္ လူစားလဲခံရတယ္။

လူစားဝင္ကစားရင္လည္း ၁၀ မိနစ္ေလာက္ပဲ ကစားခြင့္ရတယ္။ ဗန္ဒီဘိခ္အတြက္ မန္ခ်က္စတာ ယူနိုက္တက္အသင္း အသုံးျပဳခဲ့ရတဲ့ ေငြေၾကးေတြက ႏွေျမာစရာပါ။ မန္ခ်က္စတာယူနိုက္တက္အသင္းအေနနဲ႕ ဗန္ဒယ္ဘိခ္ကို အရႈံးခံၿပီး ျဖစ္နိုင္ရင္ ေရာင္းထုတ္သင့္ပါတယ္”ဟု ေျပာၾကားခဲ့သည္။