Spots news

ဟာလန်းနဲ့ ဘယ်လင်ဂမ် နှစ်ဦးစလုံးကိုခေါ်ယူဖို့ စုံစမ်းနေတဲ့ ယူနိုက်တက်

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ လာမယ့်နွေရာသီ အပြောင်းအရွှေ့အတွင်း ဒေါ့မွန်ကြယ်ပွင့် ကစားသမား ၂ ဦးဖြစ်တဲ့ ဟာလန်း နဲ့ ဘယ်လင်ဂမ်တို့ကို ခေါ်ယူဖို့ စုံစမ်းမှုများ ပြုလုပ်နေကြောင်း ဂျာမန်အားကစားမီဒီယာ များက ဖော်ပြသွားပါတယ်။

အသက် ၁၈ နှစ်သာ ရှိသေးတဲ့ ဘယ်လင်ဂမ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်မှာပဲ ဘာမင်ဂမ်စီးတီးကနေ ဒေါ့မွန်အသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး  အင်္ဂလန် လက်ရွေးစင် အသင်းမှာပါ ရွေးချယ်ခံထားရကာ အသင်းအတွက်ကိုလည်း ယူရိုပြိုင်ပွဲ အပါအဝင် ပွဲပေါင်း ၈ ပွဲအထိ ပါဝင်ကစားခွင့် ရရှိထားခဲ့ပါတယ်။

ဘယ်လင်ဂမ်ဟာ ဘာမင်ဂမ်စီးတီးမှာကတည်းက ယူနိုက်တက် အသင်းဆီကို ပြောင်းရွေ့ဖို့ သတင်းထွက်ခဲ့သူဖြစ်ပြီး ပုံမှန်ပွဲထွက်ခွင့် ရရှိဖို့အတွက် ပရီးမီးယားလိဂ်ထက် လူငယ် ကစားသမားတွေကို နေရာပေးလေ့ရှိတဲ့ ဒေါ့မွန်ကို ပြောင်းရွေ့သွားခဲ့ကာ လက်ရှိမှာ ၄၆ ပွဲ အထိ ပါဝင် ခြေစွမ်းပြ ကစားထားပါတယ်။

ဘင်လင်ဂမ် နဲ့ ဆန်ချိုတို့ဟာ ဆက်သွယ်မှုတွေရှိနေပြီး ယူနိုက်တက်ကိုလာဖို့ ဆွဲဆောင်ဖွယ်ရှိနေပါတယ်။လက်ရှိအချိန်မှာ ဘယ်လင်ဂမ်ကို ခေါ်ယူဖို့ ယူနိုက်တက်အပြင် ပရီးမီးယားလိဂ်ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ကပါ စုံစမ်းမှုများ ပြုလုပ်နေကြောင်း သိရပါတယ်။

ဒါ့အပြင် ယူနိုက်တက် ဟာ 2019-20 ဘောလုံးရာသီ ဇန်နဝါရီ အပြောင်းအရွှေ့ ကာလမှာ ကတည်းက ဟာလန်း ကို ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး စာချုပ် ဆိုင်ရာ ဖျက်သိမ်းခွင့် သဘောတူညီချက် ကို ယူနိုက်တက် ဘက်က ထည့်သွင်းပေးနိုင်ခြင်း မရှိတာကြောင့် ဒေါ့မွန်ကို ပြောင်းရွေ့ သွားခဲ့တာ ဖြစ်ပါတယ်။

သို့ပေမယ့် ယူနိုက်တက်ကတော့ ဆန်ချိုရဲ့ အသင်းဖော်ဟောင်းလဲဖြစ်၊ ဆိုးရှားရဲ့ တပည့်လဲဖြစ်တဲ့ ဟာလန်းကို ခေါ်ယူဖို့ အတွက် လိုအပ်ချက်တဲ့ အချက်အလက်တွေ အားလုံး ပြည့်ပြည့်စုံစုံ ရှိနေတယ်လို့ ယုံကြည်ထားပြီး လာမယ့် အပြောင်းအရွေ့အတွက် ဟာလန်းကို အဓိက ပစ်မှတ်လို့ သတ်မှတ်ထားပါတယ်။

Zawgyi Version

ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ လာမယ့္ေႏြရာသီ အေျပာင္းအေ႐ႊ႕အတြင္း ေဒါ့မြန္ၾကယ္ပြင့္ ကစားသမား ၂ ဦးျဖစ္တဲ့ ဟာလန္း နဲ႕ ဘယ္လင္ဂမ္တို႔ကို ေခၚယူဖို႔ စုံစမ္းမႈမ်ား ျပဳလုပ္ေနေၾကာင္း ဂ်ာမန္အားကစားမီဒီယာ မ်ားက ေဖာ္ျပသြားပါတယ္။

အသက္ ၁၈ ႏွစ္သာ ရွိေသးတဲ့ ဘယ္လင္ဂမ္ဟာ ၿပီးခဲ့တဲ့ ေႏြေစ်းကြက္မွာပဲ ဘာမင္ဂမ္စီးတီးကေန ေဒါ့မြန္အသင္းဆီကို ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တာျဖစ္ၿပီး  အဂၤလန္ လက္ေ႐ြးစင္ အသင္းမွာပါ ေ႐ြးခ်ယ္ခံထားရကာ အသင္းအတြက္ကိုလည္း ယူရိုၿပိဳင္ပြဲ အပါအဝင္ ပြဲေပါင္း ၈ ပြဲအထိ ပါဝင္ကစားခြင့္ ရရွိထားခဲ့ပါတယ္။

ဘယ္လင္ဂမ္ဟာ ဘာမင္ဂမ္စီးတီးမွာကတည္းက ယူနိုက္တက္ အသင္းဆီကို ေျပာင္းေ႐ြ႕ဖို႔ သတင္းထြက္ခဲ့သူျဖစ္ၿပီး ပုံမွန္ပြဲထြက္ခြင့္ ရရွိဖို႔အတြက္ ပရီးမီးယားလိဂ္ထက္ လူငယ္ ကစားသမားေတြကို ေနရာေပးေလ့ရွိတဲ့ ေဒါ့မြန္ကို ေျပာင္းေ႐ြ႕သြားခဲ့ကာ လက္ရွိမွာ ၄၆ ပြဲ အထိ ပါဝင္ ေျခစြမ္းျပ ကစားထားပါတယ္။

ဘင္လင္ဂမ္ နဲ႕ ဆန္ခ်ိဳတို႔ဟာ ဆက္သြယ္မႈေတြရွိေနၿပီး ယူနိုက္တက္ကိုလာဖို႔ ဆြဲေဆာင္ဖြယ္ရွိေနပါတယ္။လက္ရွိအခ်ိန္မွာ ဘယ္လင္ဂမ္ကို ေခၚယူဖို႔ ယူနိုက္တက္အျပင္ ပရီးမီးယားလိဂ္ၿပိဳင္ဘက္ေတြ ျဖစ္တဲ့ မန္စီးတီးအသင္းနဲ႕ လီဗာပူးအသင္းတို႔ကပါ စုံစမ္းမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရပါတယ္။

ဒါ့အျပင္ ယူနိုက္တက္ ဟာ 2019-20 ေဘာလုံးရာသီ ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ ကာလမွာ ကတည္းက ဟာလန္း ကို ေခၚယူဖို႔ ႀကိဳးစားခဲ့ဖူးၿပီး စာခ်ဳပ္ ဆိုင္ရာ ဖ်က္သိမ္းခြင့္ သေဘာတူညီခ်က္ ကို ယူနိုက္တက္ ဘက္က ထည့္သြင္းေပးနိုင္ျခင္း မရွိတာေၾကာင့္ ေဒါ့မြန္ကို ေျပာင္းေ႐ြ႕ သြားခဲ့တာ ျဖစ္ပါတယ္။

သို႔ေပမယ့္ ယူနိုက္တက္ကေတာ့ ဆန္ခ်ိဳရဲ႕ အသင္းေဖာ္ေဟာင္းလဲျဖစ္၊ ဆိုးရွားရဲ႕ တပည့္လဲျဖစ္တဲ့ ဟာလန္းကို ေခၚယူဖို႔ အတြက္ လိုအပ္ခ်က္တဲ့ အခ်က္အလက္ေတြ အားလုံး ျပည့္ျပည့္စုံစုံ ရွိေနတယ္လို႔ ယုံၾကည္ထားၿပီး လာမယ့္ အေျပာင္းအေ႐ြ႕အတြက္ ဟာလန္းကို အဓိက ပစ္မွတ္လို႔ သတ္မွတ္ထားပါတယ္။