Spots news

အခက်ကြုံနေရတဲ့ ဝိန်းရွန်းနေရဲ့ ဒါဘီကောင်တီ နဲ့ နောက်ဆုံးရသတင်းများ

Unicode Version

ကလပ်အတွင်း ကိုရိုနာ ဗိုင်းရပ် တွေ့ရှိမှုကြောင့် ဝိန်းရွန်းနေရဲ့ ဒါဘီ ကောင်တီ အသင်း တစ်သင်းလုံးဟာ Chorley အသင်းနဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ် ကို လွဲချော် ရတော့မှာ ဖြစ်ပါတယ်။

လုရှောနဲ့ တဲလက်စ်တို့ ရောက်ရှိလာပြီးနောက် ပွဲထွက် ခွင့် အာမခံချက်ပျောက်ဆုံးနေသော မန်ချက်စတာ ယူနိုက်တက် ဘယ်နောက်ခံလူ ဝီလျံကို တစ်ရာသီအငှား ဖြင့်ခေါ်ယူရန် နယူးကာဆယ်တို့ သဘောတူညီမှု ရရှိသွားပါတယ်။

CIES က ထုတ်ပြန်တဲ့ စာရင်းအရ လက်ရှိမှာ မားကပ် ရက်ဖို့ဒ် ရဲ့ တန်ကြေးဟာ ယူရို ၁၆၅.၅သန်း အထိ ရှိပြီး တန်ကြေး အမြင့်ဆုံး ကစားသမားမဖြစ် သတ်မှတ်ခံ ခဲ့ရပါတယ်။ ရက်ဖို့ဒ်ရဲ့နောက် ဒုတိယ တန်ကြေး အမြင့်ဆုံး ကစားသမား အဖြစ် သတ်မှတ်ခံရသူ ကတော့ ဒေါ့မွန်အသင်းရဲ့ လူငယ်တိုက်စစ်မှူး ဟာလန်း ဖြစ်ကာ ဟာလန်းဟာ ယူရို ၁၅၂သန်း တန်ကြေး ရှိပါတယ်။

တတိယနေရာမှာတော့ လီဗာပူးအသင်းရဲ့ လူငယ် ညာနောက်ခံလူ အာနိုးလ်း၊ စတုတ္ထနေရာ မှာတော့ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက နောက်ခံလူ ဖာနန်ဒက်က ယူရို ၁၅၁.၁သန်းနဲ့ ရှိနေပါတယ်။

၁၆ ပွဲကစားပေးအပြီးမှာ စပါး ကစားသမား ဆွန်ဟောင်မင်က သွင်းဂိုး ၁၂ ဂိုးနဲ့ ဖန်တီးမှု ၅ ကြိမ်ပြုလုပ် ပေးထားတာ ဖြစ်ပါတယ်။ ဆွန်ဟောင်မင်ဟာ သွင်းဂိုး ၁၂ ဂိုးရရှိဖို့အတွက် ဂိုးကန်သွင်းချက် ၂၁ ကြိမ်သာ ပြုလုပ်ခဲ့ရပြီး ဂိုးအဖြစ်ပြောင်းလဲ နိုင်မှုမှာ ၅၇% အထိ ရှိနေတာ လည်း ဖြစ်ပါတယ်။

၁၁၃ မိနစ်ကစားပြီး တိုင်းမှာ အသင်း အတွက် တစ်ဂိုးနှုန်း သွင်းယူပေးထားတာ ဖြစ်ပြီး ပရီးမီးယားလိဂ်ရဲ့ အဆုံးသတ် အကောင်းဆုံး တိုက်စစ်မှုး အဖြစ် သတ်မှတ်ခံခဲ့ ရပါတယ်။

Zawgyi Version





