Spots news

ပေါ့ဘာနဲ့ ဂျူဗင်တပ်ရဲ့ အကြောင်း မီးမွှေးလိုက်ပြန်တဲ့ အေးဂျင့် ရွိုင်အိုလာ

Unicode Version

မန်ချက်စတာ ယူနိူက်တက်အသင်းရဲ့ အဓိက ကွင်းကစားသမား ပေါလ် ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက သူ့ရဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ အနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ရင် အသင်းဟောင်း ဂျူဗင်တပ်ကို ပြန်လည်‌ ပြောင်းရွေ့ကစားနိုင်ကြောင်း ပွဲဆူအောင် ဆွလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။

ပေါ့ဘာဟာ ၂၀၁၆ခုနှစ် အပြောင်းအရွေ့က ဂျူဗင်တပ်ကနေ ယူနိုက်တက်ကို စံချိန်တင် ပြောင်းရွေ့ကြေး ပေါင် ၈၉သန်းနဲ့ ရောက်ရှိလာတာ ဖြစ်ပြီး လက်ရှိစာချုပ်က ရာသီကုန်မှာ ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ပီအက်စ်ဂျီ ၊ ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ် အသင်းတို့နဲ့ အပြောင်းအရွေ့ ကောလဟာလ သတင်းများထွက်လျက် ရှိနေကာ ယခုအခါ အေးဂျင့် ရွိုင်အိုလာက ဂျူဗင်တပ် အသင်းနဲ့ အခြေအနေကို ပြောကြားလိုက်ပါတယ်။

ရွိုင်အိုလာက “ပေါ့ဘာရဲ့ စာချုပ်က လာမယ့်နှစ် ကုန်ဆုံးတော့မှာပါ။ ကျွန်တော်တို့ ယူနိုက်တက်နဲ့ ဆွေးနွေးပြီး စောင့်ကြည့်သွားမှာပါ။ တူရင်က သူ့ရဲ့နှလုံးသားထဲ အမြဲရှိနေတာ သေချာပြီး အဲ့ဒီအကြောင်း သူ တော်တော် ဂရိုစိုက်ပါတယ်။ ဂျူဗင်တပ်စ်ကို ပြန်ဖို့ အခွင့်အရေးက ရှိနေပြီး ဒါကလည်း ဂျူဗီအပေါ် မူတည်နေပါတယ်”လို့ ပြောခဲ့ပါတယ်။

ပေါ့ဘာဟာ ယခု ဘောလုံးရာသီအတွင်းမှာ ယူနိုက်တက် အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသလို့နေပြီး လက်ရှိအချိန်မှာလည်း ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း ၄ ပွဲကစားအပြီး ဂိုးဖန်တီးမှု ၇ ကြိမ်အထိ ပြုလုပ်ကာ ခြေစွမ်းပြသထားနိုင်ပါတယ်။

ယမန်နှစ် လိုက်ပ်ဇစ်နဲ့ အရေးပါတဲ့ ချန်ပီယံလိဂ်ပွဲစဉ် မကစားခင်ကလည်း ရွိုင်အိုလာက ပေါ့ဘာတစ်ယောက် ယူနိုက်တက်က ထွက်ခွာချင်ကြောင်း ပြောခဲ့ပါသေးတယ်။ တစ်ဖက်မှာတော့ ပေါ့ဂ်ဘာဟာ အသင်းက ထွက်ခွာချင်ကြောင်း လူသိရှင်ကြား ၁ကြိမ်မှ ထုတ်ပြောထားခြင်း မရှိဘဲ ယူနိုက်တက်အတွက် အစွမ်းကုန် ပေးဆပ်ကစားနေပါတယ်။

Zawgyi Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အဓိက ကွင်းကစားသမား ပေါလ် ပေါ့ဘာရဲ့ အေးဂျင့်ဖြစ်သူ ရွိုင်အိုလာက သူ့ရဲ့ ပြင်သစ်လက်ရွေးစင် ကွင်းလယ်လူ အနေနဲ့ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကုန်ရင် အသင်းဟောင်း ဂျူဗင်တပ်ကို ပြန်လည်‌ ပြောင်းရွေ့ကစားနိုင်ကြောင်း ပွဲဆူအောင် ဆွလိုက်ပြန်ပြီပဲ ဖြစ်ပါတယ်။



