Spots news

မန်ယူနိုက်တက်ရဲ့ အလိုအပ်ဆုံး ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်ကို အသင်းရဲ့ လိုအပ်ချက်အရ လာမယ့် အပြောင်းအရွေ့ကာလအတွင်း နံပါတ်တစ် ပစ်မှတ်အဖြစ် သတ်မှတ်ထား ကြောင်း သိရပါတယ်။ ရိုက်စ်ဟာ ယူနိုက်တက်ကွင်းလယ်ရဲ့ သိသိသာသာ လစ်ဟာနေမှုများကို ဖြည့်ဆည်းနိုင်မယ်ဟု နည်းပြဆိုးလ်ရှားက ယုံကြည်နေပါတယ်။

အင်္ဂလန် လက်ရွေးစင်အသင်းအတွက် အတူတကွ ကစားနေချိန်တွင် ရိုက်စ်ကို ယူနိုက်တက် သို့ပြောင်းရွှေ့ရန် ယူနိုက်တက် ကစားသမားများက စည်းရုံးခဲ့ကြောင်း သတင်းများက ဖော်ပြထားပါတယ်။ ယူနိုက်တက်ဟာ လိုအပ်နေတဲ့ ကွင်းလယ်ခံစစ် ကစားသမားတစ်ဦးကို ပြီးခဲ့တဲ့ အပြောင်းအရွှေ့က ခေါ်ယူနိုင်ခဲ့ခြင်းမရှိသဖြင့် ပရိသတ်များရဲ့ ဝေဖန်ခြင်းခံနေရပါတယ်။

ဝက်စ်ဟမ်းက ရိုက်စ်ကို သက်တမ်းတိုးရန် ကြိုးစားနေပြီး စာချုပ်အသစ်တွင် စာချုပ်ဖျက်သိမ်းကြေး ထည့်သွင်းပေးပါက ရိုက်စ်က သက်တမ်းတိုးရန် သဘောတူဖွယ်ရှိ‌ နေပါတယ်။ ရိုက်စ်ဟာ လက်ရှိဘောလုံးလောကရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ်သမားများအနက်

တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ပရီးမီးယားလိဂ်မှ ယူနိုက်တက်၊ မန်စီးတီး၊ ချဲလ်ဆီး၊ လီဗာပူးတို့အပြင် အခြားဥရောပအသင်းကြီးများကလည်း အင်္ဂလန်ကွင်းလယ် ကစားသမားကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ရိုက်စ်ရဲ့ အေးဂျင့်က ပြောကြားထားပါတယ်။

ရိုက်စ်ဟာ ဝက်စ်ဟမ်းနှင့် ၂၀၂၅ အထိ စာချုပ်သက်တမ်းရှိသူဖြစ်‌ပေမယ့် ကစားသမား အနေနဲ့ ဆုဖလားများ ဆွတ်ခူးလိုပြီး ချန်ပီယံလိဂ် ပြိုင်ပွဲကိုလည်း ဝင်ရောက်ကစားရန် ဆန္ဒရှိနေပါတယ် ။ ဝက်စ်ဟမ်းက ရိုက်စ်ရဲ့တန်ကြေးကို ပေါင်သန်း ၁၀၀ သတ်မှတ်ထားပြီး ထိုတန်ကြေး မြင့်မားလွန်းသည့်အတွက်လဲ ရိုက်စ်က မကျေမနပ် ဖြစ်နေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဝက္စ္ဟမ္းအသင္းရဲ႕ ကြင္းလယ္ကစားသမား ဒီကလန္ရိုက္စ္ကို အသင္းရဲ႕ လိုအပ္ခ်က္အရ လာမယ့္ အေျပာင္းအေ႐ြ႕ကာလအတြင္း နံပါတ္တစ္ ပစ္မွတ္အျဖစ္ သတ္မွတ္ထား ေၾကာင္း သိရပါတယ္။ ရိုက္စ္ဟာ ယူနိုက္တက္ကြင္းလယ္ရဲ႕ သိသိသာသာ လစ္ဟာေနမႈမ်ားကို ျဖည့္ဆည္းနိုင္မယ္ဟု နည္းျပဆိုးလ္ရွားက ယုံၾကည္ေနပါတယ္။

အဂၤလန္ လက္ေ႐ြးစင္အသင္းအတြက္ အတူတကြ ကစားေနခ်ိန္တြင္ ရိုက္စ္ကို ယူနိုက္တက္ သို႔ေျပာင္းေ႐ႊ႕ရန္ ယူနိုက္တက္ ကစားသမားမ်ားက စည္း႐ုံးခဲ့ေၾကာင္း သတင္းမ်ားက ေဖာ္ျပထားပါတယ္။ ယူနိုက္တက္ဟာ လိုအပ္ေနတဲ့ ကြင္းလယ္ခံစစ္ ကစားသမားတစ္ဦးကို ၿပီးခဲ့တဲ့ အေျပာင္းအေ႐ႊ႕က ေခၚယူနိုင္ခဲ့ျခင္းမရွိသျဖင့္ ပရိသတ္မ်ားရဲ႕ ေဝဖန္ျခင္းခံေနရပါတယ္။

ဝက္စ္ဟမ္းက ရိုက္စ္ကို သက္တမ္းတိုးရန္ ႀကိဳးစားေနၿပီး စာခ်ဳပ္အသစ္တြင္ စာခ်ဳပ္ဖ်က္သိမ္းေၾကး ထည့္သြင္းေပးပါက ရိုက္စ္က သက္တမ္းတိုးရန္ သေဘာတူဖြယ္ရွိ‌ ေနပါတယ္။ ရိုက္စ္ဟာ လက္ရွိေဘာလုံးေလာကရဲ႕ အေကာင္းဆုံး ကြင္းလယ္ခံစစ္သမားမ်ားအနက္

တစ္ဦးအျဖစ္ သတ္မွတ္ခံထားရၿပီး ပရီးမီးယားလိဂ္မွ ယူနိုက္တက္၊ မန္စီးတီး၊ ခ်ဲလ္ဆီး၊ လီဗာပူးတို႔အျပင္ အျခားဥေရာပအသင္းႀကီးမ်ားကလည္း အဂၤလန္ကြင္းလယ္ ကစားသမားကို ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း ရိုက္စ္ရဲ႕ ေအးဂ်င့္က ေျပာၾကားထားပါတယ္။

ရိုက္စ္ဟာ ဝက္စ္ဟမ္းႏွင့္ ၂၀၂၅ အထိ စာခ်ဳပ္သက္တမ္းရွိသူျဖစ္‌ေပမယ့္ ကစားသမား အေနနဲ႕ ဆုဖလားမ်ား ဆြတ္ခူးလိုၿပီး ခ်န္ပီယံလိဂ္ ၿပိဳင္ပြဲကိုလည္း ဝင္ေရာက္ကစားရန္ ဆႏၵရွိေနပါတယ္ ။ ဝက္စ္ဟမ္းက ရိုက္စ္ရဲ႕တန္ေၾကးကို ေပါင္သန္း ၁၀၀ သတ္မွတ္ထားၿပီး ထိုတန္ေၾကး ျမင့္မားလြန္းသည့္အတြက္လဲ ရိုက္စ္က မေက်မနပ္ ျဖစ္ေနပါတယ္။