Spots news

ကာဗာနီ ပြန်လည်ပါဝင်လာမယ့် အချိန်ကို အတည်ပြု ပေးခဲ့တဲ့ ဆိုးလ်ရှား

Unicode Version

ချန်ပီယံလိဂ် ပွဲစဉ်ကို ‌လွဲချော်ထားရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဥရုဂွေးဝါရင့်တိုက်စစ်မှူးကြီး ကာဗာနီဟာ လာမယ့်တစ်ပတ်ကျရင် အသင်းနဲ့အတူ အပြည့်အဝ လေ့ကျင့်ခန်းဆင်းနိုင်မယ်လို့ ယူနိုက်တက် နည်းပြဆိုးလ်ရှားက အတည်ပြု ပြောကြားခဲ့ပါတယ်။

ကာဗာနီဟာ နယူးကာဆယ်နဲ့ ပွဲမတိုင်ခင်ကြားရက်တုန်းက စတုတ်စီးတီးအသင်းနဲ့ အိုးလ်ထရက်ဖို့ဒ် ကွင်းပိတ်ခြေစမ်းပွဲ ကစားခဲ့တုန်းက အသေးစား ဒဏ်ရာရရှိခဲ့ပြီး နယူးကာဆယ်နဲ့ပွဲ၊ ယန်းဘွိုင်းစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲတွေကို လွဲချော်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းဟာ အခုတစ်ပတ်တနင်္ဂနွေနေ့မှာ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် အဝေးကွင်းပွဲ ကစားရမှာဖြစ်ပြီး ကာဗာနီ ရာနှုန်းပြည့် ကြံ့ခိုင်မှုမရှိသေးလို့ အဲဒီပွဲမှာလည်း ပါဝင်နိုင်မှာမဟုတ်ပါဘူး။

ဒါပေမဲ့ လာမယ့်တစ်ပတ် အပြီးကြားရက် ဗုဒ္ဓဟူးနေ့မှာ လိဂ်ဖလား တတိယအဆင့် ပွဲအဖြစ် ဝက်စ်ဟမ်းအသင်းနဲ့ပဲ အိမ်ကွင်းပွဲ ထပ်ကစားရမှာဖြစ်ပြီး အဲဒီပွဲမှာတော့ ယူနိုက်တက်အသင်းအတွက် ကာဗာနီ ပါဝင်ကစားနိုင်ဖို့ ရှိနေပါပြီ။

ဆိုးလ်ရှားက “ကာဗာနီဟာ လာမယ့်တစ်ပတ်တနင်္လာနေ့ လောက်ဆိုရင်တော့ အသင်းနဲ့အတူ ရာနှုန်းပြည့် လေ့ကျင့်ခန်းဆင်းနိုင်ဖို့ရှိပြီး ဗုဒ္ဓဟူးနေ့ပွဲမှာ ပါဝင်ကစားဖို့ရှိနေပါတယ်။ ကာဗာနီဟာ ပြီးခဲ့တဲ့ရာသီတုန်းက အသင်းအတွက်ခြေစွမ်းပြကစားခဲ့ပြီး ကြံ့ခိုင်မှုပြည့်ဝနေချိန်မှာ သူ့ရဲ့စွမ်းဆောင်ရည်က

အကောင်းဆုံးပုံစံမှာ ရှိနေတာဖြစ်ပါတယ်။ ဒီရာသီအစပိုင်းမှာတော့ အသေးစား ဒဏ်ရာတွေနဲ့ရုန်းကန်ခဲ့ရပြီး ပုံစံကောင်းပြသ နိုင်ဖို့အတွက် ကာဗာနီ ရာနှုန်းပြည့် ကြံ့ခိုင်မှုရှိဖို့ လိုတာကြောင့် သူ့ကို ကျွန်တော်တို့ အခုလောလောဆယ် အရဲစွန့် အသုံးပြုသွားမှာ မဟုတ်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ကာဗာနီဟာ ယူနိုက်တက်မှာ ဝတ်ဆင်ထားတဲ့ ကျောနံပါတ် ၇ ဂျာစီကို အသင်းကို တကျော့ပြန် ရောက်ရှိလာတဲ့ ရော်နယ်ဒို ဝတ်ဆင်ရန် ပေးအပ်ခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ကာဗာနီဆီသို့ ဖုန်းဆက်၍ နံပါတ် ၇ ကိုတောင်းဆိုခဲ့တာ ဖြစ်ပြီး ကာဗာနီကလဲ ရော်နယ်ဒို ရောက်ရှိလာခြင်းအတွက် ဝမ်းသာကြောင်း ပြောဆိုခဲ့ကာ နံပါတ် ၂၁ ကိုပြောင်းလဲ ဝတ်ဆင်ခဲ့ပါတယ်။

Zawgyi Version

ခ်န္ပီယံလိဂ္ ပြဲစဥ္ကို ‌လြဲေခ်ာ္ထားရတဲ့ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ ဥ႐ုေဂြးဝါရင့္တိုက္စစ္မႉးႀကီး ကာဗာနီဟာ လာမယ့္တစ္ပတ္က်ရင္ အသင္းနဲ႕အတူ အျပည့္အဝ ေလ့က်င့္ခန္းဆင္းနိုင္မယ္လို႔ ယူနိုက္တက္ နည္းျပဆိုးလ္ရွားက အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ကာဗာနီဟာ နယူးကာဆယ္နဲ႕ ပြဲမတိုင္ခင္ၾကားရက္တုန္းက စတုတ္စီးတီးအသင္းနဲ႕ အိုးလ္ထရက္ဖို႔ဒ္ ကြင္းပိတ္ေျခစမ္းပြဲ ကစားခဲ့တုန္းက အေသးစား ဒဏ္ရာရရွိခဲ့ၿပီး နယူးကာဆယ္နဲ႕ပြဲ၊ ယန္းဘြိုင္းစ္နဲ႕ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲေတြကို လြဲေခ်ာ္ခဲ့ပါတယ္။

ယူနိုက္တက္အသင္းဟာ အခုတစ္ပတ္တနဂၤေႏြေန႕မွာ ဝက္စ္ဟမ္းအသင္းနဲ႕ ပရီးမီးယားလိဂ္ အေဝးကြင္းပြဲ ကစားရမွာျဖစ္ၿပီး ကာဗာနီ ရာႏႈန္းျပည့္ ႀကံ့ခိုင္မႈမရွိေသးလို႔ အဲဒီပြဲမွာလည္း ပါဝင္နိုင္မွာမဟုတ္ပါဘူး။

ဒါေပမဲ့ လာမယ့္တစ္ပတ္ အၿပီးၾကားရက္ ဗုဒၶဟူးေန႕မွာ လိဂ္ဖလား တတိယအဆင့္ ပြဲအျဖစ္ ဝက္စ္ဟမ္းအသင္းနဲ႕ပဲ အိမ္ကြင္းပြဲ ထပ္ကစားရမွာျဖစ္ၿပီး အဲဒီပြဲမွာေတာ့ ယူနိုက္တက္အသင္းအတြက္ ကာဗာနီ ပါဝင္ကစားနိုင္ဖို႔ ရွိေနပါၿပီ။

ဆိုးလ္ရွားက “ကာဗာနီဟာ လာမယ့္တစ္ပတ္တနလၤာေန႕ ေလာက္ဆိုရင္ေတာ့ အသင္းနဲ႕အတူ ရာႏႈန္းျပည့္ ေလ့က်င့္ခန္းဆင္းနိုင္ဖို႔ရွိၿပီး ဗုဒၶဟူးေန႕ပြဲမွာ ပါဝင္ကစားဖို႔ရွိေနပါတယ္။ ကာဗာနီဟာ ၿပီးခဲ့တဲ့ရာသီတုန္းက အသင္းအတြက္ေျခစြမ္းျပကစားခဲ့ၿပီး ႀကံ့ခိုင္မႈျပည့္ဝေနခ်ိန္မွာ သူ႕ရဲ႕စြမ္းေဆာင္ရည္က

အေကာင္းဆုံးပုံစံမွာ ရွိေနတာျဖစ္ပါတယ္။ ဒီရာသီအစပိုင္းမွာေတာ့ အေသးစား ဒဏ္ရာေတြနဲ႕႐ုန္းကန္ခဲ့ရၿပီး ပုံစံေကာင္းျပသ နိုင္ဖို႔အတြက္ ကာဗာနီ ရာႏႈန္းျပည့္ ႀကံ့ခိုင္မႈရွိဖို႔ လိုတာေၾကာင့္ သူ႕ကို ကြၽန္ေတာ္တို႔ အခုေလာေလာဆယ္ အရဲစြန႔္ အသုံးျပဳသြားမွာ မဟုတ္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ကာဗာနီဟာ ယူနိုက္တက္မွာ ဝတ္ဆင္ထားတဲ့ ေက်ာနံပါတ္ ၇ ဂ်ာစီကို အသင္းကို တေက်ာ့ျပန္ ေရာက္ရွိလာတဲ့ ေရာ္နယ္ဒို ဝတ္ဆင္ရန္ ေပးအပ္ခဲ့ပါတယ္။ ေရာ္နယ္ဒိုဟာ ကာဗာနီဆီသို႔ ဖုန္းဆက္၍ နံပါတ္ ၇ ကိုေတာင္းဆိုခဲ့တာ ျဖစ္ၿပီး ကာဗာနီကလဲ ေရာ္နယ္ဒို ေရာက္ရွိလာျခင္းအတြက္ ဝမ္းသာေၾကာင္း ေျပာဆိုခဲ့ကာ နံပါတ္ ၂၁ ကိုေျပာင္းလဲ ဝတ္ဆင္ခဲ့ပါတယ္။