Spots news

မန်ယူနိုက်တက် တိုက်စစ်အတွက် ပြန်လည်အားဖြည့်တော့မယ့် ရက်ဖိုဒ့်

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အင်္ဂလန်လက်‌ရွေးစင် တိုက်စစ်မှူး မားကပ်စ်ရက်ဖို့ဒ်ဟာ ကာလရှည် ခံစားနေရတဲ့ ပုခုံးဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူပြီး အနားယူနေရာမှ ယခုအခါ ခန့်မှန်းထားသည်ထက် လျင်မြန်စွာ ပျောက်ကင်းကာ ယူနိုက်တက် အသင်းအတွက် ကစားပေးဖို့ အဆင်သင့် ဖြစ်နေကြောင်း သိရပါတယ်။

အသက်၂၃နှစ် အရွယ်ရှိ အင်္ဂလန် တိုက်စစ်မှူး မားကပ်စ် ရက်ဖို့ဒ်ဟာ လက်ရွေးစင် အသင်းနဲ့အတူ ယူရို၂၀၂ဝ ပြိုင်ပွဲပြီးနောက် ဇူလိုင်လကတည်းက ရရှိခဲ့တဲ့ ပုခုံးဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူဖို့ ဆုံးဖြတ်ခဲ့ပြီး မိခင်ကလပ် ယူနိုက်တက်ရဲ့ ရာသီအစ ပွဲစဉ်များကို လွဲချော်ခဲ့သူ ဖြစ်ပါတယ်။

ရက်ဖိုဒ့်ဟာ အင်္ဂါနေ့တုန်းက ယူနိုက်တက်ရဲ့ ချန်ပီယံလိဂ် အုပ်စုပထမပွဲစဉ် ဖြစ်တဲ့ ယန်းဘွိုင်းအသင်းနဲ့ ပွဲစဉ်မှာ မထင်မှတ်ဘဲ၂-၁ဂိုးဖြင့် ရှုံးနိမ့်ပြီး ယူနိုက်တက်ရဲ့ လေ့ကျင့်ရေး အစီအစဉ်များမှာ အသင်းဖော်များနဲ့အတူ လျေ့ကျင့်ရေး အစီအစဉ်များ ပူးပေါင်း လုပ်ဆောင်နေပြီဖြစ်ကြောင်း ‌ယူနိုက်တက်က ကြေငြာခဲ့ပါတယ်။

ရက်ဖို့ဒ်ဟာ ခွဲစိတ်ကုသမှု ခံယူစဉ်က အောက်တိုဘာလမှ အသင်းနဲ့အတူ ပြန်လည်ပူးပေါင်း နိုင်မည်ဟု မျှော်လင့်ထားသော်လည်း ဒဏ်ရာမှ အလျှင်အမြန် ပြန်လည်ကောင်းမွန်လာခဲ့ပြီး မကြာခင်မှာပဲ ပွဲထွက်ခွင့် ရရှိဖို့ လေ့ကျင့်ခန်းများ ပြုလုပ်နေတာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ရက်ဖိုဒ် ဒဏ်ရာမှ ပြန်လည်ကောင်းမွန်လာတာဟာ ယူနိုက်တက် နည်းပြ ဆိုးလ်ရှားအတွက် တိုက်စစ်နေရာအတွက် မည်သို့ပွဲထွက်ခွင့် ပေးမည်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန် ယူနိုက်တက် တိုက်စစ်မှာ ကာဗာနီဟာ

နှစ်ပတ်ခန့် အနားယူရဦးမှာ ဖြစ်ပြီး နည်းပြဆိုးလ်ရှားဟာ တိုက်စစ်အတွက် ရော်နယ်ဒို၊ဆန်ချို၊ဂရင်းဝုဒ်တို့ကို အဓိကထား အသုံးပြုနေတာ ဖြစ်ပါတယ်။ ထို့ကြောင့် ရက်ဖိုဒ့် ပြန်လည် ကောင်းမွန်လာမှုဟာ ဂရင်းဝုဒ်(သို့) ဆန်ချိုကို အရန်ခုံသို့ ပို့ရဖို့ ရှိနေပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ အဂၤလန္လက္‌ေ႐ြးစင္ တိုက္စစ္မႉး မားကပ္စ္ရက္ဖို႔ဒ္ဟာ ကာလရွည္ ခံစားေနရတဲ့ ပုခုံးဒဏ္ရာကို ခြဲစိတ္ကုသမႈ ခံယူၿပီး အနားယူေနရာမွ ယခုအခါ ခန႔္မွန္းထားသည္ထက္ လ်င္ျမန္စြာ ေပ်ာက္ကင္းကာ ယူနိုက္တက္ အသင္းအတြက္ ကစားေပးဖို႔ အဆင္သင့္ ျဖစ္ေနေၾကာင္း သိရပါတယ္။

အသက္၂၃ႏွစ္ အ႐ြယ္ရွိ အဂၤလန္ တိုက္စစ္မႉး မားကပ္စ္ ရက္ဖို႔ဒ္ဟာ လက္ေ႐ြးစင္ အသင္းနဲ႕အတူ ယူရို၂၀၂ဝ ၿပိဳင္ပြဲၿပီးေနာက္ ဇူလိုင္လကတည္းက ရရွိခဲ့တဲ့ ပုခုံးဒဏ္ရာကို ခြဲစိတ္ကုသမႈခံယူဖို႔ ဆုံးျဖတ္ခဲ့ၿပီး မိခင္ကလပ္ ယူနိုက္တက္ရဲ႕ ရာသီအစ ပြဲစဥ္မ်ားကို လြဲေခ်ာ္ခဲ့သူ ျဖစ္ပါတယ္။

ရက္ဖိုဒ့္ဟာ အဂၤါေန႕တုန္းက ယူနိုက္တက္ရဲ႕ ခ်န္ပီယံလိဂ္ အုပ္စုပထမပြဲစဥ္ ျဖစ္တဲ့ ယန္းဘြိုင္းအသင္းနဲ႕ ပြဲစဥ္မွာ မထင္မွတ္ဘဲ၂-၁ဂိုးျဖင့္ ရႈံးနိမ့္ၿပီး ယူနိုက္တက္ရဲ႕ ေလ့က်င့္ေရး အစီအစဥ္မ်ားမွာ အသင္းေဖာ္မ်ားနဲ႕အတူ ေလ့်က်င့္ေရး အစီအစဥ္မ်ား ပူးေပါင္း လုပ္ေဆာင္ေနၿပီျဖစ္ေၾကာင္း ‌ယူနိုက္တက္က ေၾကျငာခဲ့ပါတယ္။

ရက္ဖို႔ဒ္ဟာ ခြဲစိတ္ကုသမႈ ခံယူစဥ္က ေအာက္တိုဘာလမွ အသင္းနဲ႕အတူ ျပန္လည္ပူးေပါင္း နိုင္မည္ဟု ေမွ်ာ္လင့္ထားေသာ္လည္း ဒဏ္ရာမွ အလွ်င္အျမန္ ျပန္လည္ေကာင္းမြန္လာခဲ့ၿပီး မၾကာခင္မွာပဲ ပြဲထြက္ခြင့္ ရရွိဖို႔ ေလ့က်င့္ခန္းမ်ား ျပဳလုပ္ေနတာ ျဖစ္ပါတယ္။

တိုက္စစ္မႉး ရက္ဖိုဒ္ ဒဏ္ရာမွ ျပန္လည္ေကာင္းမြန္လာတာဟာ ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားအတြက္ တိုက္စစ္ေနရာအတြက္ မည္သို႔ပြဲထြက္ခြင့္ ေပးမည္ကို ေစာင့္ၾကည့္ရမွာ ျဖစ္ပါတယ္။ လက္ရွိအခ်ိန္ ယူနိုက္တက္ တိုက္စစ္မွာ ကာဗာနီဟာ

ႏွစ္ပတ္ခန႔္ အနားယူရဦးမွာ ျဖစ္ၿပီး နည္းျပဆိုးလ္ရွားဟာ တိုက္စစ္အတြက္ ေရာ္နယ္ဒို၊ဆန္ခ်ိဳ၊ဂရင္းဝုဒ္တို႔ကို အဓိကထား အသုံးျပဳေနတာ ျဖစ္ပါတယ္။ ထို႔ေၾကာင့္ ရက္ဖိုဒ့္ ျပန္လည္ ေကာင္းမြန္လာမႈဟာ ဂရင္းဝုဒ္(သို႔) ဆန္ခ်ိဳကို အရန္ခုံသို႔ ပို႔ရဖို႔ ရွိေနပါတယ္။