Spots news

ဖာတီကို စံချိန်တင်ပြောင်းရွေ့ကြေးပေးခဲ့ပေမယ့် ပယ်ချခံခဲ့ရတဲ့ ယူနိုက်တက်

Unicode Version

ပရီးမီးယားလိဂ် ကလပ်အသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ၂၀၂၀ နွေရာသီ အပြောင်းအရွေ့တုန်းက ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဖာတီကို မြင့်မားတဲ့ ပြောင်းရွေ့ကြေး ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ဘာစီလိုနာ အသင်းဘက်က ပယ်ချခဲ့တယ်လို့ သိရပါတယ်။

အသက် ၁၈ နှစ်သားဟ ဖာတီဟာ ဘာစီလိုနာအသင်းနဲ့အတူ ၂၀၁၉ – ၂၀ ဘောလုံး ရာသီမှာ ထွန်းတောက်လာခဲ့ပြီး ၂၄ ပွဲမှာ ၇ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဖာတီဟာ ပြင်းထန်တဲ့ဒူးဒဏ်ရာ အခြေအနေမရခင်မှာလဲ ခြေစွမ်းတွေ ပြသခဲ့ဘူးပြီး ပြီးခဲ့တဲ့နှစ်တုန်းက ပြိုင်ပွဲစုံ ၁၀ ပွဲမှာ ၅ ဂိုးသွင်း ၊ ၄ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

အဆိုပါ စွမ်းဆောင်ရည်ကြောင့် ယူနိုက်တက်ဟာ ဘာစီလိုနာစတားကို ပေါင် ၈၅ သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရကာ နောက်ဆုံးမှာမှ ဒေါ့မွန်က ဆန်ချိုကို ခေါ်ယူခဲ့ပါတယ်။ ယူနိုက်တက်ဟာ အခုအပြောင်းအရွှေ့မှာ ဆန်ချိုအပြင် ရော်နယ်ဒို နဲ့ ဗာရန်းတို့ကိုပါ ခေါ်ယူအားဖြည့်ထားနိုင်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ ဘဏ္ဍာရေးပြသနာတွေကြောင့် ပီအက်စ်ဂျီ အသင်းကို အလွတ်ပြောင်းရွေ့ကြေးနဲ့ ပြောင်းရွေ့သွားခဲ့တဲ့ ဘာစီလိုနာအသင်းခေါင်းဆောင်ဟောင်း လီယွန်နယ်မက်ဆီရဲ့ ဂန္တဝင် ကျောနံပါတ် ၁၀ ကို အသက် ၁၈နှစ် အရွယ်သာရှိသေးတဲ့ လူငယ်ကစားသမားလေး ဖာတီက ဝတ်ဆင်ခွင့် ရရှိထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဖာတီနဲ့ ဘာစီလိုနာတို့ကြား စာချုပ်သက်တမ်းဟာ လာမယ့်နှစ် အပြောင်းအရွေ့မှာ ကုန်ဆုံးမှာ ဖြစ်ပေမယ့် ဘာစီလိုနာအသင်းရဲ့  တာဝန်ရှိသူတွေကတော့ ဖာတီကို အသင်းရဲ့ အနာဂတ် တိုက်စစ်ကို ဦးဆောင်ဖို့ ရည်မှန်းထားတာဖြစ်ပြီး လူငယ်ကြယ်ပွင့်ကို ၄ နှစ်စာချုပ်သစ်ချုပ်ဆိုနိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Zawgyi Version




