Spots news

ဂိုးပေါက်တစ်လုံးမှ မတည့်ပဲ နိုင်ပွဲပျောက်ဆုံးခဲ့ရတဲ့ မန်စီးတီး

Unicode Version

ပွဲမတိုင်ခင် အိမ်ကွင်းနောက်ဆုံး ၃ပွဲမှာ စုစုပေါင်း ၁၆ဂိုးသွင်းယူနိုင်ခဲ့တဲ့ မန်စီးတီးဟာ ဆောက်သမ်တန်နဲ့အတွေ့မှာတော့ ဂိုးပေါက်ပျောက်ခဲ့ရပြီး တစ်ပွဲလုံးမှာမှ တစ်ကြိမ်ပဲ ဂိုးပေါက်တည့်ခဲ့တဲ့အထိ ပြိုင်ဘက်အသင်းရဲ့ချုပ်ကစားခြင်းခံခဲ့ရပါတယ်။

မန်စီးတီးရဲ့ပွဲထွက်စာရင်းမှာ ဒီဘရိုင်းနဲ့ ဖိုဒန်တို့လောက်ကလွဲလို့ ကျန်အဓိကကစားသမားအားလုံးနီးပါး လူစုံပါဝင်လာပြီး တိုက်စစ်မှာ ဂျေးဆူ၊ စတာလင်နဲ့ ဂရီးလစ်ချ်တို့ ပါဝင်ကစားသွားပါတယ်။ ဆောက်သမ်တန်ကတော့ ၄-၁-၄-၁ ပုံစံနဲ့အတူ ခံစစ်ရှေ့မှာ ကွင်းလယ်လူ ရိုမီယူကို အထိုင်ချကစားစေခဲ့ပြီး တိုက်စစ်မှူး အမ်းစထရောင်းကို ရုန်းကစားစေခဲ့ပါတယ်။

မိနစ် ၉၀ ရောက်မှ တစ်ကြိမ်တည်းသောဂိုးပေါက်တည့်မှုရခဲ့တဲ့ မန်စီးတီးဟာ ဘောလုံးပိုင်ဆိုင်မှု သိသိသာသာအသာရတာကလွဲလို့ ကျန်တဲ့အပိုင်းတွေမှာ ထူးထူးခြားခြားမလုပ်ပြနိုင်ခဲ့ဘဲ ဆောက်သမ်တန်ပရိသတ်တွေကတောင် သူတို့အသင်း အမှတ်ပြည့်ရခဲ့သင့်တယ်လို့ ခံစားနေလောက်ပါတယ်။

ပွဲကစားချိန်မိနစ် ၆၀ လောက်မှာ ဂိုးဧရိယာထဲ ထိုးဖောက်လာတဲ့ အဒမ်အမ်းစထရောင်းကို ဝေါ်လ်ကာ ဖျက်ထုတ်ပုံကြမ်းခဲ့လို့ ဆောက်သမ်တန်အသင်း ပင်နယ်တီရခဲ့ပေမယ့် ကွင်းလယ်ဒိုင် ဂျွန်မော့စ်က VAR ပြန်ကြည့်ပြီးနောက် သူ့ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့ပါတယ်။

မိနစ် ၉၀မှာ ဖိုဒန်ရဲ့ခေါင်းတိုက်ချက် ဂိုးသမားကာကွယ်လို့ ပြန်ထွက်လာတဲ့အနေအထားကနေ စတာလင် ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံဘောဖြစ်နေပြီး ဆောက်သမ်တန်အနေနဲ့ နိုင်ပွဲပျောက်နေဆဲဖြစ်ပေမယ့် ယူနိုက်တက်နဲ့ စီးတီးတို့ကို သရေကစားထားနိုင်တာ တွေ့ရပါတယ်။

Zawgyi Version

ပြဲမတိုင္ခင္ အိမ္ကြင္းေနာက္ဆုံး ၃ပြဲမွာ စုစုေပါင္း ၁၆ဂိုးသြင္းယူနိုင္ခဲ့တဲ့ မန္စီးတီးဟာ ေဆာက္သမ္တန္နဲ႕အေတြ႕မွာေတာ့ ဂိုးေပါက္ေပ်ာက္ခဲ့ရၿပီး တစ္ပြဲလုံးမွာမွ တစ္ႀကိမ္ပဲ ဂိုးေပါက္တည့္ခဲ့တဲ့အထိ ၿပိဳင္ဘက္အသင္းရဲ႕ခ်ဳပ္ကစားျခင္းခံခဲ့ရပါတယ္။

မန္စီးတီးရဲ႕ပြဲထြက္စာရင္းမွာ ဒီဘရိုင္းနဲ႕ ဖိုဒန္တို႔ေလာက္ကလြဲလို႔ က်န္အဓိကကစားသမားအားလုံးနီးပါး လူစုံပါဝင္လာၿပီး တိုက္စစ္မွာ ေဂ်းဆူ၊ စတာလင္နဲ႕ ဂရီးလစ္ခ်္တို႔ ပါဝင္ကစားသြားပါတယ္။ ေဆာက္သမ္တန္ကေတာ့ ၄-၁-၄-၁ ပုံစံနဲ႕အတူ ခံစစ္ေရွ႕မွာ ကြင္းလယ္လူ ရိုမီယူကို အထိုင္ခ်ကစားေစခဲ့ၿပီး တိုက္စစ္မႉး အမ္းစထေရာင္းကို ႐ုန္းကစားေစခဲ့ပါတယ္။

မိနစ္ ၉၀ ေရာက္မွ တစ္ႀကိမ္တည္းေသာဂိုးေပါက္တည့္မႈရခဲ့တဲ့ မန္စီးတီးဟာ ေဘာလုံးပိုင္ဆိုင္မႈ သိသိသာသာအသာရတာကလြဲလို႔ က်န္တဲ့အပိုင္းေတြမွာ ထူးထူးျခားျခားမလုပ္ျပနိုင္ခဲ့ဘဲ ေဆာက္သမ္တန္ပရိသတ္ေတြကေတာင္ သူတို႔အသင္း အမွတ္ျပည့္ရခဲ့သင့္တယ္လို႔ ခံစားေနေလာက္ပါတယ္။

ပြဲကစားခ်ိန္မိနစ္ ၆၀ ေလာက္မွာ ဂိုးဧရိယာထဲ ထိုးေဖာက္လာတဲ့ အဒမ္အမ္းစထေရာင္းကို ေဝၚလ္ကာ ဖ်က္ထုတ္ပုံၾကမ္းခဲ့လို႔ ေဆာက္သမ္တန္အသင္း ပင္နယ္တီရခဲ့ေပမယ့္ ကြင္းလယ္ဒိုင္ ဂြၽန္ေမာ့စ္က VAR ျပန္ၾကည့္ၿပီးေနာက္ သူ႕ဆုံးျဖတ္ခ်က္ကို ျပန္လည္ျပင္ဆင္ခဲ့ပါတယ္။

မိနစ္ ၉၀မွာ ဖိုဒန္ရဲ႕ေခါင္းတိုက္ခ်က္ ဂိုးသမားကာကြယ္လို႔ ျပန္ထြက္လာတဲ့အေနအထားကေန စတာလင္ ဂိုးသြင္းနိုင္ခဲ့ေပမယ့္ လူကြၽံေဘာျဖစ္ေနၿပီး ေဆာက္သမ္တန္အေနနဲ႕ နိုင္ပြဲေပ်ာက္ေနဆဲျဖစ္ေပမယ့္ ယူနိုက္တက္နဲ႕ စီးတီးတို႔ကို သေရကစားထားနိုင္တာ ေတြ႕ရပါတယ္။