Spots news

ဟာလန်းရဲ့ နေရာကိုအစားထိုးဖို့ ချယ်လ်ဆီးတိုက်စစ်မှူး တီမိုဝါနာကို ဒေါ့မွန်ပစ်မှတ်ထား

Unicode Version

ဂျာမန်ဘွန်ဒက်လီဂါကလပ် ဒေါ့မွန်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွေ့ကာလမှာ အသင်းမှ ထွက်ခွာဖွယ်ရှိနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းရဲ့ နေရာကို အစားထိုးရန်အတွက် ချယ်လ်ဆီး အသင်းတိုက်စစ်မှူး တီမိုဝါနာကို ပစ်မှတ်ထားနေကြောင်း သိရပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ နော်ဝေတိုက်စစ်မှူး ဟာလန်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမည့်နွေရာသီ အပြောင်းအရွေ့မှာ ကစားသမားရဲ့ စာချုပ်လျော်ကြေးဟာ ပေါင် ၆၈ သန်းသာ ရှိတော့မှာ ဖြစ်ပြီး ဟာလန်းကဲ့သို့ အလားအလာရှိတဲ့ တိုက်စစ်မှူးကို ခေါ်ယူဖို့ ဥရောပထိပ်သီးများက အပြိုင်ကြိုးစားလာဖွယ် ရှိနေပါတယ်။

လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဟာလန်းကိုယ်တိုင်ကလည်း သူ့ရဲ့ ကစားသမားဘဝ ထိပ်ဆုံးအဆင့်ကို တက်လှမ်းပြီး ဆုဖလား အောင်မြင်မှုများ ရယူရန်အတွက် လာမည့်ရာသီမှာ ထိပ်သီးအသင်း တစ်သင်းသို့ ပြောင်းရွေ့ကစားရန် ဆန္ဒရှိနေ‌ကြောင်း ဥရောပမီဒီယာများက သုံးသပ်နေကြပါတယ်။

ထို့ကြောင့် ဒေါ့မွန်အသင်း အနေနဲ့ လာမည့်ရာသီအတွင်း အဓိက တိုက်စစ်မှူး ဟာလန်းကို လက်လွှတ်ရဖွယ် ရှိနေတဲ့အတွက် သူ့ရဲ့နေရာတွင် အစားထိုးရန် ချယ်လ်ဆီးမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး တီမိုဝါနာကို ပစ်မှတ်ထားလာခြင်းဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိ ဂျာမန်လက်ရွေးစင်တိုက်စစ်မှူး ဝါနာဟာ ယခုရာသီ ဘောလုံးရာသီမှာ အင်တာမီလန်မှ လူကာကူ ပြန်လည် ရောက်ရှိလာခြင်းကြောင့် ချယ်လ်ဆီးအသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရပြီး လာမည့်ရာသီတွင် အသင်းမှ ထွက်ခွာဖွယ်ရှိသည်ဟု သတင်းထွက်နေသူဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဂျာမနီလက်ရွေးစင် တိုက်စစ်မှူးကို ခေါ်ယူရန် ဂျာမန်ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်အသင်းကပါ စိတ်ဝင်စားနေတာ ဖြစ်တဲ့အတွက် ဒေါ့မွန်အသင်းအနေနဲ့ ဘွန်ဒက်လီဂါပြိုင်ဘက် ဘိုင်ယန်မြူးနစ်နှင့်အပြိုင် ကြိုးပမ်းရဖွယ်ရှိနေကြောင်း သိရပါတယ်။

Zawgyi Version

ဂ်ာမန္ဘြန္ဒက္လီဂါကလပ္ ေဒါ့မြန္အသင္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ြ႕ကာလမွာ အသင္းမွ ထြက္ခြာဖြယ္ရွိေနတဲ့ လူငယ္ၾကယ္ပြင့္ တိုက္စစ္မႉး ဟာလန္းရဲ႕ ေနကာကို အစားထိုးရန္အတြက္ ခ်ယ္လ္ဆီး အသင္းတိုက္စစ္မႉး တီမိုဝါနာကို ပစ္မွတ္ထားေနေၾကာင္း သိရပါတယ္။

အသက္ ၂၁ ႏွစ္အ႐ြယ္ရွိ ေနာ္ေဝတိုက္စစ္မႉး ဟာလန္းနဲ႕ ေဒါ့မြန္အသင္းတို႔ရဲ႕ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္အရ လာမည့္ေႏြရာသီ အေျပာင္းအေ႐ြ႕မွာ ကစားသမားရဲ႕ စာခ်ဳပ္ေလ်ာ္ေၾကးဟာ ေပါင္ ၆၈ သန္းသာ ရွိေတာ့မွာ ျဖစ္ၿပီး ဟာလန္းကဲ့သို႔ အလားအလာရွိတဲ့ တိုက္စစ္မႉးကို ေခၚယူဖို႔ ဥေရာပထိပ္သီးမ်ားက အၿပိဳင္ႀကိဳးစားလာဖြယ္ ရွိေနပါတယ္။

လူငယ္ၾကယ္ပြင့္ တိုက္စစ္မႉး ဟာလန္းကိုယ္တိုင္ကလည္း သူ႕ရဲ႕ ကစားသမားဘဝ ထိပ္ဆုံးအဆင့္ကို တက္လွမ္းၿပီး ဆုဖလား ေအာင္ျမင္မႈမ်ား ရယူရန္အတြက္ လာမည့္ရာသီမွာ ထိပ္သီးအသင္း တစ္သင္းသို႔ ေျပာင္းေ႐ြ႕ကစားရန္ ဆႏၵရွိေန‌ေၾကာင္း ဥေရာပမီဒီယာမ်ားက သုံးသပ္ေနၾကပါတယ္။

ထို႔ေၾကာင့္ ေဒါ့မြန္အသင္း အေနနဲ႕ လာမည့္ရာသီအတြင္း အဓိက တိုက္စစ္မႉး ဟာလန္းကို လက္လႊတ္ရဖြယ္ ရွိေနတဲ့အတြက္ သူ႕ရဲ႕ေနရာတြင္ အစားထိုးရန္ ခ်ယ္လ္ဆီးမွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတဲ့ တိုက္စစ္မႉး တီမိုဝါနာကို ပစ္မွတ္ထားလာျခင္းျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ရွိ ဂ်ာမန္လက္ေ႐ြးစင္တိုက္စစ္မႉး ဝါနာဟာ ယခုရာသီ ေဘာလုံးရာသီမွာ အင္တာမီလန္မွ လူကာကူ ျပန္လညါ ေရာက္ရွိလာျခင္းေၾကာင့္ ခ်ယ္လ္ဆီးအသင္းမွာ ပုံမွန္ပြဲထြက္ခြင့္ရရန္ ႐ုန္းကန္ေနရၿပီး လာမည့္ရာသီတြင္ အသင္းမွ ထြက္ခြာဖြယ္ရွိသည္ဟု သတင္းထြက္ေနသူျဖစ္ပါတယ္။

လက္ရွိအခ်ိန္မွာ ဂ်ာမနီလက္ေ႐ြးစင္ တိုက္စစ္မႉးကို ေခၚယူရန္ ဂ်ာမန္ထိပ္သီးကလပ္ ဘိုင္ယန္ျမဴးနစ္အသင္းကပါ စိတ္ဝင္စားေနတာ ျဖစ္တဲ့အတြက္ ေဒါ့မြန္အသင္းအေနနဲ႕ ဘြန္ဒက္လီဂါၿပိဳင္ဘက္ ဘိုင္ယန္ျမဴးနစ္ႏွင့္အၿပိဳင္ ႀကိဳးပမ္းရဖြယ္ရွိေနေၾကာင္း သိရပါတယ္။