Spots news

ဇန်နဝါရီမှာ ရိုက်စ်ကို ခေါ်ယူဖို့ ကစားသမား ၇ ဦးထိ ရောင်းချဖွယ်ရှိတဲ့ မန်ယူ

Unicode Version

မန်ယူနိုက်တက်ဟာ ဝက်စ်ဟမ်း ကွင်းလယ်ကစားသမား ဒီကလန်ရိုက်စ်ကိုခေါ်ယူရန် ဇန်နဝါရီမှာ ပစ်မှတ်ထားလျက်ရှိပြီး ဆိုးရှားက ရိုက်စ်အတွက် ပြောင်းရွှေ့ကြေး ရရှိရန် အသင်းမှ ကစားသမားအချို့ကို ရောင်းထုတ်ဖို့ အုပ်ချုပ်ရေးပိုင်းနှင့် သဘောတူညီမှု ရယူထားကြောင်း သတင်းများ ထွက်ပေါ် နေပါတယ်။

မာရှယ်၊ လင်ဂတ်၊ ဗန်ဒီဘိခ်၊ ဖီးလ်ဂျုံးစ်၊ ဘိုင်လီ ၊ ဒါးလော့နှင့် တဲလက်စ်တို့ အားလုံးဟာ အသင်းမှထွက်ခွာဖွယ် ရှိ‌‌နေပြီး ယူနိုက်တက် တာဝန်ရှိသူများသည် ဆောင်းရာသီ အပြောင်းအရွှေ့ကာလ မရောက်မီ ကစားသမားများနဲ့ တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရပါတယ်။

မာရှယ်ဟာ ခြေစွမ်းမတည်ငြိမ်တဲ့ အတွက် အနာဂတ်မှာ ပို၍ မရေမရာဖြစ်နေပြီး ပြီးခဲ့တဲ့ ရာသီကလဲ လိဂ်ဂိုး ၄ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ လင်ဂတ်ဟာလဲ ပုံမှန်ပွဲထွက်ခွင့် ရရှိလိုတဲ့အတွက် အသင်းမှ ထွက်ခွာလိုနေပြီး ယန်းဘွိုင်းစ်နှင့်ပွဲမှာ သူ့ရဲ့ အမှားမှတဆင့် ဂိုးပေးရကာ ရှုံးနိမ့်ခဲ့ရပါတယ်။

နယ်သာလန် ကစားသမား ဗန်ဒီဘိခ်ဟာလည်း ယခုနှစ် ပရီးမီးယားလိဂ်မှာ ပွဲချိန် ၅ မိနစ်သာ ကစားခွင့် ရရှိထားပြီး ဆိုးရှားက မည်သို့ပင် အခွင့်အရေးရမည်ဟု ပြောဆိုထားပေမယ့် ဗန်ဒီဘိခ်ဟာ သူ့ရဲ့ကစားသမားဘဝ အနာဂတ်အတွက် အိုးထရက်ဖို့ဒ်မှ ထွက်ခွာဖွယ်ရှိပါတယ်။

ယခု‌အပြောင်းအရွေ့ကာလမှာ ယူနိုက်တက်ဟာ နောက်ခံလူ ဗာရန်းကို ခေါ်ယူလိုက်ပြီး ဖီးလ်ဂျုံးစ်နှင့် ဘိုင်လေတို့၏ ပွဲကစားရန် အခွင့်အလန်းမှာလည်း များစွာနည်းပါးသွားခဲ့ရပြီး လင်ဒီလော့ပ်က အရန်အဖြစ် ဆက်ကစားရဖွယ်ရှိပါတယ်။ ထို့အပြင် ဒါးလော့နှင့် တဲလက်စ်တို့ကိုလည်း ဆိုးရှားက ရောင်းချဖွယ်ရှိပါတယ်။

Zawgyi Version

မန္ယူနိုက္တက္ဟာ ဝက္စ္ဟမ္း ကြင္းလယ္ကစားသမား ဒီကလန္ရိုက္စ္ကိုေခၚယူရန္ ဇန္နဝါရီမွာ ပစ္မွတ္ထားလ်က္ရွိၿပီး ဆိုးရွားက ရိုက္စ္အတြက္ ေျပာင္းေ႐ႊ႕ေၾကး ရရွိရန္ အသင္းမွ ကစားသမားအခ်ိဳ႕ကို ေရာင္းထုတ္ဖို႔ အုပ္ခ်ဳပ္ေရးပိုင္းႏွင့္ သေဘာတူညီမႈ ရယူထားေၾကာင္း သတင္းမ်ား ထြက္ေပၚ ေနပါတယ္။

မာရွယ္၊ လင္ဂတ္၊ ဗန္ဒီဘိခ္၊ ဖီးလ္ဂ်ဳံးစ္၊ ဘိုင္လီ ၊ ဒါးေလာ့ႏွင့္ တဲလက္စ္တို႔ အားလုံးဟာ အသင္းမွထြက္ခြာဖြယ္ ရွိ‌‌ေနၿပီး ယူနိုက္တက္ တာဝန္ရွိသူမ်ားသည္ ေဆာင္းရာသီ အေျပာင္းအေ႐ႊ႕ကာလ မေရာက္မီ ကစားသမားမ်ားနဲ႕ ေတြ႕ဆုံေဆြးေႏြးရန္ စီစဥ္ထားေၾကာင္း သိရပါတယ္။

မာရွယ္ဟာ ေျခစြမ္းမတည္ၿငိမ္တဲ့ အတြက္ အနာဂတ္မွာ ပို၍ မေရမရာျဖစ္ေနၿပီး ၿပီးခဲ့တဲ့ ရာသီကလဲ လိဂ္ဂိုး ၄ ဂိုးသာ သြင္းယူနိုင္ခဲ့ပါတယ္။ လင္ဂတ္ဟာလဲ ပုံမွန္ပြဲထြက္ခြင့္ ရရွိလိုတဲ့အတြက္ အသင္းမွ ထြက္ခြာလိုေနၿပီး ယန္းဘြိုင္းစ္ႏွင့္ပြဲမွာ သူ႕ရဲ႕ အမွားမွတဆင့္ ဂိုးေပးရကာ ရႈံးနိမ့္ခဲ့ရပါတယ္။

နယ္သာလန္ ကစားသမား ဗန္ဒီဘိခ္ဟာလည္း ယခုႏွစ္ ပရီးမီးယားလိဂ္မွာ ပြဲခ်ိန္ ၅ မိနစ္သာ ကစားခြင့္ ရရွိထားၿပီး ဆိုးရွားက မည္သို႔ပင္ အခြင့္အေရးရမည္ဟု ေျပာဆိုထားေပမယ့္ ဗန္ဒီဘိခ္ဟာ သူ႕ရဲ႕ကစားသမားဘဝ အနာဂတ္အတြက္ အိုးထရက္ဖို႔ဒ္မွ ထြက္ခြာဖြယ္ရွိပါတယ္။

ယခု‌အေျပာင္းအေ႐ြ႕ကာလမွာ ယူနိုက္တက္ဟာ ေနာက္ခံလူ ဗာရန္းကို ေခၚယူလိုက္ၿပီး ဖီးလ္ဂ်ဳံးစ္ႏွင့္ ဘိုင္ေလတို႔၏ ပြဲကစားရန္ အခြင့္အလန္းမွာလည္း မ်ားစြာနည္းပါးသြားခဲ့ရၿပီး လင္ဒီေလာ့ပ္က အရန္အျဖစ္ ဆက္ကစားရဖြယ္ရွိပါတယ္။ ထို႔အျပင္ ဒါးေလာ့ႏွင့္ တဲလက္စ္တို႔ကိုလည္း ဆိုးရွားက ေရာင္းခ်ဖြယ္ရွိပါတယ္။