Spots news

အသင်းနိုင်ဖို့ပဲ အာရုံစိုက်ပါလို့ ဂွာဒီယိုလာကို မန်စီးတီး ပရိတ်သတ်များ တုံ့ပြန်

Unicode Version

မန်ချက်စတာ စီးတီးအသင်းနည်းပြ ဂွါဒီယိုလာအနေဖြင့် အသင်းပရိတ်သတ်တွေရဲ့ အခက်အခဲကို နားလည်ပေးနိုင်မှာ မဟုတ်တဲ့အတွကိ မိမိအလုပ်ဖြစ်တဲ့ အသင်းအနိုင်ရရှိရန်သာ ပြုလုပ်ဖို့ မန်စီးတီးအသင်း တရားဝင် အားပေးသူများအဖွဲ့ အထွေထွေ အတွင်းရေးမှူးဖြစ်သူက တုံ့ပြန်ပြောကြားခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့က လိုက်ပ်ဇစ်အသင်းနှင့် ယှဉ်ပြိုင်ကစားတဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့် ပွဲစဉ်မှာ ပရိသတ် ၅၅၀၀၀ ဝင်ဆံ့တဲ့ အီတီဟတ်ကွင်းအတွင်း ၃၈၀၀၀ ကျော်သာ လာရောက်ကြည့်ရှုခဲ့သဖြင့်  ဆောက်သမ်တန်နှင့်ပွဲတွင် ပရိသတ်များ ပိုမိုလာရောက်အားပေးဖို့ ဂွါဒီယိုလာက တိုက်တွန်းခဲ့ပါတယ်။

ဂွာဒီယိုလာက မန်စီးတီအသင်း ပရိတ်သတ်တွေရဲ့ တခဲနက် လာရောက် အားမပေးခဲ့တဲ့ အပေါ်မှာ ပြစ်တင်ခဲ့တဲ့ အတွက် မန်စီးတီးအသင်းရဲ့ တရားဝင် ပရိသတ်များအဖွဲ့ အထွေထွေ အတွင်းရေးမှူး ကယ်ဗင်ပါကားက ဆောက်သမ်တန်ကို သရေကျခဲ့တဲ့ ပွဲအပြီးမှာ နည်းပြဂွာဒီယိုလာကို အသင်းအနိုင်ရရှိဖို့သာ အာရုံစိုက်ဖို့ ပြောကြားခဲ့တာပါ။

“ဗုဒ္ဓဟူးနေ့ ည ၈ နာရီ အီတီဟတ်မှာကစားတဲ့ပွဲကို ကြည့်ခွင့်ရဖို့ တချို့လူတွေမှာ ဘယ်လိုအခက်အခဲတွေရှိလဲ ဆိုတာ သူနားမလည်ပါဘူး။ COVID နဲ့ပတ်သက်တဲ့ ကိစ္စတွေကလည်း ရှိနေပါသေးတယ်။ သူက ကမ္ဘာ့အကောင်းဆုံးနည်းပြဆိုတာ သေချာပါတယ်။ ဒါပေမဲ့ ကိုယ့်အလုပ်ကိုပဲ အာရုံစိုက်သင့်တယ်လို့ထင်တယ်”ဟု တုံ့ပြန်ခဲ့ပါတယ်။

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့သည့် မန်စီတီးအသင်းနဲ့ ဆောက်သမ်တန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ပရိသတ် ၅၀၀၀၀ ကျော်လာရောက်ကြည့်ရှုခဲ့သော်လည်း မန်စီးတီးအသင်းဟာ ဆောက်သမ်တန်အသင်းအား ဂိုးပေါက်ခြိမ်းခြောက်မှု မပြုလုပ်နိုင်ခဲ့ပဲ ဂိုးမရှိသရေဖြင့်သာ ကျေနပ်ခဲ့ရပါတယ်။

Zawgyi Version

မန္ခ်က္စတာ စီးတီးအသင္းနည္းျပ ဂြါဒီယိုလာအေနျဖင့္ အသင္းပရိတ္သတ္ေတြရဲ႕ အခက္အခဲကို နားလည္ေပးနိုင္မွာ မဟုတ္တဲ့အတြကိ မိမိအလုပ္ျဖစ္တဲ့ အသင္းအနိုင္ရရွိရန္သာ ျပဳလုပ္ဖို႔ မန္စီးတီးအသင္း တရားဝင္ အားေပးသူမ်ားအဖြဲ႕ အေထြေထြ အတြင္းေရးမႉးျဖစ္သူက တုံ႕ျပန္ေျပာၾကားခဲ့ပါတယ္။

ဗုဒၶဟူးေန႕က လိုက္ပ္ဇစ္အသင္းႏွင့္ ယွဥ္ၿပိဳင္ကစားတဲ့ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ ပြဲစဥ္မွာ ပရိသတ္ ၅၅၀၀၀ ဝင္ဆံ့တဲ့ အီတီဟတ္ကြင္းအတြင္း ၃၈၀၀၀ ေက်ာ္သာ လာေရာက္ၾကည့္ရႈခဲ့သျဖင့္  ေဆာက္သမ္တန္ႏွင့္ပြဲတြင္ ပရိသတ္မ်ား ပိုမိုလာေရာက္အားေပးဖို႔ ဂြါဒီယိုလာက တိုက္တြန္းခဲ့ပါတယ္။

ဂြာဒီယိုလာက မန္စီးတီအသင္း ပရိတ္သတ္ေတြရဲ႕ တခဲနက္ လာေရာက္ အားမေပးခဲ့တဲ့ အေပၚမွာ ျပစ္တင္ခဲ့တဲ့ အတြက္ မန္စီးတီးအသင္းရဲ႕ တရားဝင္ ပရိသတ္မ်ားအဖြဲ႕ အေထြေထြ အတြင္းေရးမႉး ကယ္ဗင္ပါကားက ေဆာက္သမ္တန္ကို သေရက်ခဲ့တဲ့ ပြဲအၿပီးမွာ နည္းျပဂြာဒီယိုလာကို အသင္းအနိုင္ရရွိဖို႔သာ အာ႐ုံစိုက္ဖို႔ ေျပာၾကားခဲ့တာပါ။

“ဗုဒၶဟူးေန႕ ည ၈ နာရီ အီတီဟတ္မွာကစားတဲ့ပြဲကို ၾကည့္ခြင့္ရဖို႔ တခ်ိဳ႕လူေတြမွာ ဘယ္လိုအခက္အခဲေတြရွိလဲ ဆိုတာ သူနားမလည္ပါဘူး။ COVID နဲ႕ပတ္သက္တဲ့ ကိစၥေတြကလည္း ရွိေနပါေသးတယ္။ သူက ကမာၻ႔အေကာင္းဆုံးနည္းျပဆိုတာ ေသခ်ာပါတယ္။ ဒါေပမဲ့ ကိုယ့္အလုပ္ကိုပဲ အာ႐ုံစိုက္သင့္တယ္လို႔ထင္တယ္”ဟု တုံ႕ျပန္ခဲ့ပါတယ္။

မေန႕ညက ယွဥ္ၿပိဳင္ကစားခဲ့သည့္ မန္စီတီးအသင္းနဲ႕ ေဆာက္သမ္တန္အသင္းတို႔ရဲ႕ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ပရိသတ္ ၅၀၀၀၀ ေက်ာ္လာေရာက္ၾကည့္ရႈခဲ့ေသာ္လည္း မန္စီးတီးအသင္းဟာ ေဆာက္သမ္တန္အသင္းအား ဂိုးေပါက္ၿခိမ္းေျခာက္မႈ မျပဳလုပ္နိုင္ခဲ့ပဲ ဂိုးမရွိသေရျဖင့္သာ ေက်နပ္ခဲ့ရပါတယ္။