Spots news

ပရီးမီးယားလိဂ်က အဓိကပြိုင်ပွဲလို့ ထုတ်ဖော်ပြောကြားလာခဲ့တဲ့ ဆိုးလ်ရှား

Unicode Version

ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလေဂန်နာ ဆိုးလ်ရှား ကတော့ ယခုနှစ် ဘောလုံးရာသီမှာ သူတို့အသင်း အဓိက အာရုံစိုက် ယှဉ်ပြိုင်သွားမယ့် ပြိုင်ပွဲဟာ အမှတ်ပေးပြိုင်ပွဲသာ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရိုနယ်ဒို ၊ ဗာရန်း ၊ ဆန်ချိုတို့လို ကမ္ဘာ့အဆင့် ကစားသမား သုံးဦးကို ခေါ်ယူကာ အားဖြည့်နိုင်ခဲ့ပြီးနောက် ယခုနှစ် ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတဲ့ အသင်းတသင်း အဖြစ် သတ်မှတ်ခံထားရပါတယ်။

လက်ရှိမှာလည်း မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ချန်ပီယံလိဂ် အုပ်စုအဖွင့်ပွဲစဉ်မှာ ယန်းဘွိုင်းကို အမှတ်မထင် အရေးနိမ့်ခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာတော့ ရှုံးပွဲမရှိသေးပဲ ၄ပွဲကစားထားရာ ၃ပွဲနိုင် ၁ပွဲသရေ ရလဒ် ရရှိထားပြီး ရဂိုး ၁၁ဂိုး အထိ ရှိကာ ပေးဂိုး ၃ဂိုးသာ ရှိထားပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားက သူတို့ဟာ ယခုနှစ် ဘောလုံးရာသီမှာ နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ အမှတ်ပေးဖလားကို ပြန်လည် ရယူနိုင်အောင် ကြိုးစားသွားဖို့ ရှိနေကြောင်း ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက – “ကျွန်တော်တို့က ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူနိုင်ဖို့ ကြိုးစားနေတာပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ရှိနေရင် အမှတ်ပေးဖလားကို အမြဲတမ်း ရယူနိုင်ဖို့ ကြိုးစားရပါမယ်။ ဒါကြောင့်လည်း အိုးထရက်ဖို့ဒ်ကို

အိမ်မက်ကဇာတ်ရုံလို့ နာမည်ပေးထားတာပေါ့။ ကြီးမားတဲ့ အိမ်မက်တွေသာ မရှိရင် ဘာကြောင့် ဒီအသင်းကို အားပေးနေရမှာလဲ။ ဒါကြောင့် ကျွန်တော်တို့က ပရိသတ်တွေ အတွက် ပရီးမီးယားလိဂ် ချန်ပီယံဆုကို အရယူပေးချင်ပါတယ်” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။

Zawgyi Version

ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပ အိုေလဂန္နာ ဆိုးလ္ရွား ကေတာ့ ယခုႏွစ္ ေဘာလုံးရာသီမွာ သူတို႔အသင္း အဓိက အာ႐ုံစိုက္ ယွဥ္ၿပိဳင္သြားမယ့္ ၿပိဳင္ပြဲဟာ အမွတ္ေပးၿပိဳင္ပြဲသာ ျဖစ္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီ အေျပာင္းအေ႐ႊ႕မွာ ရိုနယ္ဒို ၊ ဗာရန္း ၊ ဆန္ခ်ိဳတို႔လို ကမာၻ႔အဆင့္ ကစားသမား သုံးဦးကို ေခၚယူကာ အားျဖည့္နိုင္ခဲ့ၿပီးေနာက္ ယခုႏွစ္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို စိန္ေခၚနိုင္စြမ္း ရွိတဲ့ အသင္းတသင္း အျဖစ္ သတ္မွတ္ခံထားရပါတယ္။

လက္ရွိမွာလည္း မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ခ်န္ပီယံလိဂ္ အုပ္စုအဖြင့္ပြဲစဥ္မွာ ယန္းဘြိုင္းကို အမွတ္မထင္ အေရးနိမ့္ခဲ့ေပမယ့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာေတာ့ ရႈံးပြဲမရွိေသးပဲ ၄ပြဲကစားထားရာ ၃ပြဲနိုင္ ၁ပြဲသေရ ရလဒ္ ရရွိထားၿပီး ရဂိုး ၁၁ဂိုး အထိ ရွိကာ ေပးဂိုး ၃ဂိုးသာ ရွိထားပါတယ္။

ဒါေၾကာင့္ပဲ မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပ ဆိုးလ္ရွားက သူတို႔ဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနတဲ့ အမွတ္ေပးဖလားကို ျပန္လည္ ရယူနိုင္ေအာင္ ႀကိဳးစားသြားဖို႔ ရွိေနေၾကာင္း ဝက္စ္ဟမ္းအသင္းနဲ႕ ပြဲစဥ္မတိုင္မီ ျပဳလုပ္ခဲ့တဲ့ သတင္းစာ ရွင္းလင္းပြဲမွာ ေျပာၾကားခဲ့ပါတယ္။

ဆိုးလ္ရွားက – “ကြၽန္ေတာ္တို႔က ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို အရယူနိုင္ဖို႔ ႀကိဳးစားေနတာပါ။ မန္ခ်က္စတာ ယူနိုက္တက္အသင္းမွာ ရွိေနရင္ အမွတ္ေပးဖလားကို အၿမဲတမ္း ရယူနိုင္ဖို႔ ႀကိဳးစားရပါမယ္။ ဒါေၾကာင့္လည္း အိုးထရက္ဖို႔ဒ္ကို

အိမ္မက္ကဇာတ္႐ုံလို႔ နာမည္ေပးထားတာေပါ့။ ႀကီးမားတဲ့ အိမ္မက္ေတြသာ မရွိရင္ ဘာေၾကာင့္ ဒီအသင္းကို အားေပးေနရမွာလဲ။ ဒါေၾကာင့္ ကြၽန္ေတာ္တို႔က ပရိသတ္ေတြ အတြက္ ပရီးမီးယားလိဂ္ ခ်န္ပီယံဆုကို အရယူေပးခ်င္ပါတယ္” လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာပါ။