Spots news

လူစုံဖွယ်မရှိတဲ့ စပါးကို အဝေးကွင်း ည ၁၀ နာရီမှာ ဂိုးမိုးရွာဖွယ်ရှိတဲ့ ချယ်လ်ဆီး

Unicode Version

ချယ်လ်ဆီးအသင်းဟာ အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ခဲ့ရတဲ့ နောက်ဆုံး ဒါဘီပွဲစဉ် ငါးပွဲစလုံးကို အနိုင်ရရှိထားပါတယ်။ ဒါပေမယ့် အဝေးကွင်း ဒါဘီပွဲ ခြောက်ပွဲဆက်တိုက် နိုင်ထားဖူးခြင်း မရှိသေးတာကြောင့် ဒီည စပါး အိမ်ကွင်းမှာ အနိုင်ယူပြီး စံချိန်သစ်ရေးထိုးဖို့ အခွင့်အရေး ရှိနေတာဖြစ်ပါတယ်။

စပါးတိုက်စစ်မှူး ဟယ်ရီကိန်းဟာ ချယ်လ်ဆီးကို ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ သုံးပွဲမှာ သွင်းဂိုးလေးဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးကို နောက်ဆုံး ရင်ဆိုင်ခဲ့ရတဲ့ ရှစ်ပွဲမှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဟယ်ရီကိန်းဟာအိမ်ကွင်းမှာ ကစားခဲ့တဲ့ လန်ဒန်ဒါဘီပွဲစဉ် ကိုးပွဲမှာ ၁၂ဂိုးထိ တိုက်ရိုက်ပါဝင်ပတ်သက်ထားပါတယ်။

ယနေ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် အနားယူနေရတဲ့ ကွင်းလယ်ကစားသမား ကန်တေ ပါဝင်လာမှာဖြစ်ပြီး တောင်ပံကစားသမား ပူလီဆစ်ကတော့ လွဲချော်ဦးမယ်လို့ ချယ်လ်ဆီးနည်းပြ တူချယ်က အတည်ပြုထားခဲ့ပါတယ်။ လီပါပူးနဲ့ပွဲက အနီထိထားတဲ့ ရီစီဂျိမ်းစ်တစ်ယောက်လည်း ယနေ့ညပွဲစဉ်မှာ ပြန်လည်ပါဝင်ခွင့်ရပြီ ဖြစ်ပါတယ်။

အိမ်ရှင် စပါးအသင်းကတော့ အမေရိကကစားသမားတွေဖြစ်ကြတဲ့ ဆန်းချက်ဇ်၊ လိုဆယ်လ်ဆိုနဲ့ ရိုမီရိုတို့ ကွာရန်တင်း ပြည့်သွားပြီမို့ ပြန်လည်ပါဝင်ခွင့်ရပြီဆိုပေမယ့် အဲရစ်ဒိုင်ယာ၊ ဆွန်ဟောင်မင် တို့ လွဲချော်မှာဖြစ်တဲ့အပြင် တောင်ပံကစားသမားတွေဖြစ်ကြတဲ့ ဘာ့ဂျ်ဝင်းနဲ့ လူးကပ်စ်မော်ရာတို့ကလည်း

ရန်းနက်စ်နဲ့ပွဲမှာ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ယနေ့ညပွဲစဉ်ကို လွဲချော်သွားဖို့ရှိပါတယ်။ခြေစွမ်းပြနေတဲ့ တန်ဂန်ဂါဟာလည်း ပြီးခဲ့တဲ့အပတ်က ပဲလေ့စ်နဲ့ပွဲမှာ အနီကတ်ပြစ်ဒဏ်ထိထားတာကြောင့် ယနေ့ပွဲစဉ်ကို လွဲချော်မှာ ဖြစ်တဲ့အတွက် နည်းပြ နူနိုဆန်းတို့စ်အတွက် ခေါင်းခဲစရာ ပွဲစဉ်တစ်ပွဲကို ကြုံတွေ့သွားရနိုင်ပါတယ်။

Zawgyi Version

ခ်ယ္လ္ဆီးအသင္းဟာ အေဝးကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ခဲ့ရတဲ့ ေနာက္ဆုံး ဒါဘီပြဲစဥ္ ငါးပြဲစလုံးကို အနိုင္ရရွိထားပါတယ္။ ဒါေပမယ့္ အေဝးကြင္း ဒါဘီပြဲ ေျခာက္ပြဲဆက္တိုက္ နိုင္ထားဖူးျခင္း မရွိေသးတာေၾကာင့္ ဒီည စပါး အိမ္ကြင္းမွာ အနိုင္ယူၿပီး စံခ်ိန္သစ္ေရးထိုးဖို႔ အခြင့္အေရး ရွိေနတာျဖစ္ပါတယ္။

စပါးတိုက္စစ္မႉး ဟယ္ရီကိန္းဟာ ခ်ယ္လ္ဆီးကို ပထမဆုံး ရင္ဆိုင္ခဲ့ရတဲ့ သုံးပြဲမွာ သြင္းဂိုးေလးဂိုးအထိ သြင္းယူနိုင္ခဲ့ေပမယ့္ ခ်ယ္လ္ဆီးကို ေနာက္ဆုံး ရင္ဆိုင္ခဲ့ရတဲ့ ရွစ္ပြဲမွာ တစ္ဂိုးသာ သြင္းယူနိုင္ခဲ့ပါတယ္။ ဒါေပမယ့္ ဟယ္ရီကိန္းဟာအိမ္ကြင္းမွာ ကစားခဲ့တဲ့ လန္ဒန္ဒါဘီပြဲစဥ္ ကိုးပြဲမွာ ၁၂ဂိုးထိ တိုက္ရိုက္ပါဝင္ပတ္သက္ထားပါတယ္။

ယေန႕ပြဲစဥ္မွာ ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ကြင္းလယ္ကစားသမား ကန္ေတ ပါဝင္လာမွာျဖစ္ၿပီး ေတာင္ပံကစားသမား ပူလီဆစ္ကေတာ့ လြဲေခ်ာ္ဦးမယ္လို႔ ခ်ယ္လ္ဆီးနည္းျပ တူခ်ယ္က အတည္ျပဳထားခဲ့ပါတယ္။ ပါပူးနဲ႕ပြဲက အနီထိထားတဲ့ ရီစီဂ်ိမ္းစ္တစ္ေယာက္လည္း ယေန႕ညပြဲစဥ္မွာ ျပန္လည္ပါဝင္ခြင့္ရၿပီ ျဖစ္ပါတယ္။

အိမ္ရွင္ စပါးအသင္းကေတာ့ အေမရိကကစားသမားေတြျဖစ္ၾကတဲ့ ဆန္းခ်က္ဇ္၊ လိုဆယ္လ္ဆိုနဲ႕ ရိုမီရိုတို႔ ကြာရန္တင္း ျပည့္သြားၿပီမို႔ ျပန္လည္ပါဝင္ခြင့္ရၿပီဆိုေပမယ့္ အဲရစ္ဒိုင္ယာ၊ ဆြန္ေဟာင္မင္ တို႔ လြဲေခ်ာ္မွာျဖစ္တဲ့အျပင္ ေတာင္ပံကစားသမားေတြျဖစ္ၾကတဲ့ ဘာ့ဂ်္ဝင္းနဲ႕ လူးကပ္စ္ေမာ္ရာတို႔ကလည္း

ရန္းနက္စ္နဲ႕ပြဲမွာ ဒဏ္ရာျပႆနာေတြနဲ႕ ႀကဳံေတြ႕ခဲ့ရတာေၾကာင့္ ယေန႕ညပြဲစဥ္ကို လြဲေခ်ာ္သြားဖို႔ရွိပါတယ္။ေျခစြမ္းျပေနတဲ့ တန္ဂန္ဂါဟာလည္း ၿပီးခဲ့တဲ့အပတ္က ပဲေလ့စ္နဲ႕ပြဲမွာ အနီကတ္ျပစ္ဒဏ္ထိထားတာေၾကာင့္ ယေန႕ပြဲစဥ္ကို လြဲေခ်ာ္မွာ ျဖစ္တဲ့အတြက္ နည္းျပ ႏူနိုဆန္းတို႔စ္အတြက္ ေခါင္းခဲစရာ ပြဲစဥ္တစ္ပြဲကို ႀကဳံေတြ႕သြားရနိုင္ပါတယ္။