Unicode Version
မန်ချက်စတာယူနိုက်တက် 0-2 မန်စီးတီး (ပွဲပြီးရလဒ်)
(စတုန်း ၅ဝမိနစ် ဖာနန်ဒင်ဟို ၈၃မိနစ်)
ဆီမီးဖိုင်နယ်ဆို ရှုံးပွဲကြုံတွေ့ ရလေ့ရှိတဲ့ ဆိုလ်းရှားရဲ့ မန်ခိက်စတာ ယူနိုက်တက်ဟာ အခုတစ်ခါမှာလည်း ၀-၂ ရလဒ်ဖြင့် ဆီမီးဖိုင်နယ်ကနေလှည့် ပြန်ခဲ့ရပြန် ပြီဖြစ်ပါတယ်။
လိဂ်ဖလားကို (၃)နှစ်ဆက်တိုက် ပိုင်ဆိုင်ထားတဲ့ လက်ရှိ ချန်ပီယံ မန်စီးတီးကတော့ ဒီတစ်ကြိမ်မှာလည်း မြို့ခံပြိုင်ဘက် ယူနိုက်တက်အသင်းကို ကျော်ဖြတ်ပြီး လိဂ်ဖလား ဖိုင်နယ်ကို ထပ်မံတတ်လှမ်းခဲ့ကာ စပါးအသင်းနဲ့ ထိပ်တိုက် ရင်ဆိုင်ရတော့ မှာပဲဖြစ်ပါတယ်
ဆိုးရှားရဲ့ လက်ထက်မှာ မန်ချက်စတာ ယူနိုက်တက် အနေနဲ့ ပြိုင်ပွဲစုံ ဆီမီးဖိုင်နယ် အဆင့်ထိ လေးကြိမ် တက်ရောက် နိုင်ခဲ့ ပြီး လေးကြိမ်လုံး ရှုံးပွဲ ကြုံတွေ့ထားပါတယ်။
Man Utd 0-2 Man City (League Cup)
Man Utd 1-2 Sevilla (Europa League)
Man Utd 1-3 Chelsea (FA Cup)
Man Utd 1-3 Man City (League Cup)
ဆွန်ယောင်မင်ကို သက်တမ်းတိုးရန် စပါးနဲ့ ဆွန်ယောင်ရဲ့ အေးဂျင့်ဖြစ်သူတို့ သဘောတူညီမှု ရရှိခဲ့ပြီး 2023 ခုနှစ်မှာ ကုန်ဆုံးမည့် စာချုပ်သပ်တမ်းကို တစ်ပတ်လုပ်ခ ပေါင် 200000 ဖြင့် ချုပ်ဆိုတော့မှာ ဖြစ်ပါတယ်။
အာဆင်နယ် အသင်းရဲ့ ကွင်းလယ်လူ အိုဇေး ဟာ တူရကီကလပ် ဖီနာဘာချီ အသင်းဆီကို သုံးနှစ်ခွဲစာချုပ် နဲ့ ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြလာခဲ့ပါတယ်။ သတင်းဌာန အတော်များများက ဖော်ပြနေ ကြတာဖြစ်လို့ မကြာခင်မှာ Official တက်လာဖို့ ရှိပါတယ်။
Zawgyi Version