Spots news

နည်းပြအာတီတာရဲ့ ကစားသမားအဝယ်ထူးချွန်မှုကို ပြသနေခဲ့တဲ့ ဘန်လေနဲ့ပွဲစဉ်

Unicode Version

မနေ့က ကစားခဲ့တဲ့ ဘန်လေနဲ့ပွဲမှာတော့ အာဆင်နယ်ဟာ မာတင်အိုဒီဂတ်ရဲ့ အလွတ်တည်ကန်ဘောသွင်းဂိုးနဲ့ အနိုင်ရရှိခဲ့ကာ ၂ပွဲဆက်တိုက်နိုင်ပွဲရရှိသွားခဲ့ပါတယ်။ ဒါဟာ ၃ ပွဲဆက်အရေးနိမ့်ခဲ့ပြီးနောက် အာဆင်နယ်ရဲ့ ပြန်လည်ရုန်းထလာခဲ့မှုဖြစ်ပြီး

၂ပွဲဆက်တိုက်ပေးဂိုးမရှိစံချိန်ကိုလည်း ရရှိခဲ့တာဖြစ်ပါတယ်။ ဂိုးသမားရမ့်ဒေးလ်နဲ့ နောက်ခံလူတိုမီယာဆုတို့ ရောက်ရှိလာပြီးနောက် အာဆင်နယ်ခံစစ်ပိုင်းက မာကျောလာခဲ့တာဖြစ်ပြီး ဂျပန်နောက်ခံလူက အထူးခြေစွမ်းပြသခဲ့ပါတယ်။

ဘန်လေနဲ့့ပွဲမှာ တိုမီယာဆုက အမြင့်ဘောလုယူမှု ရာနှုန်းပြည့်အောင်မြင်ခဲ့သလို တစ်ဦးချင်းကျော်ဖြတ်မှုတွေမှာလည်း ရာနှုန်းပြည့်စွမ်းဆောင်နိုင်ခဲ့ပါတယ်။ ဘောလုံးထိချက် ၇၉ ကြိမ်ရှိခဲ့ပြီး အသင်းမှာအများဆုံးဖြစ်ကာ ပြန်လည်ဆယ်ယူပေးနိုင်မှု ၅ ကြိမ်

ရှင်းထုတ်မှု ၅ ကြိမ်၊ ကြားဖြတ်လုယူမှု ၁ကြိမ် နဲ့ ဖျက်ထုတ်မှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့ကာ အထင်ကြီးဖွယ်ခြေစွမ်းမျိုုးကို ပြသခဲ့ပါတယ်။ ဒီကစားသမားရဲ့ စွမ်းဆောင်ရည်ကို ပွဲအပြီးမှာ နည်းပြအာတီတာနဲ့ အသင်းခေါင်းဆောင်အူဘာမီယန်တို့က သွားရောက်ချီးကျူးမှုတွေတောင် ပြုလုပ်ခဲ့ကြပါတယ်။

ဘိုလော့ဂ်နာနောက်ခံလူဟောင်းအတွက် အာဆင်နယ်ဟာ ပေါင်သန်း ၂၀ ပေးချေခဲ့ရပြီး ဒီအပေါ်မှာ လှောင်ပြောင်မှုအများအပြားရှိနေခဲ့ပါတယ်။ ဒါပေမယ့် တိုမီယာဆုကတော့ အကောင်းဆုံးပုံစံတွေကို ပြသခဲ့ကာ သူ့ကိုခေါ်ယူမှုက မှန်ကန်ကြောင်း သက်သေပြနိုင်ခဲ့ပါတယ်။

အာရွန်ရမ့်စ်ဒေးလ်ကလည်း လီနိုရဲ့ နံပါတ်တစ်ဂိုးသမားနေရာကိုပါ ခြိမ်းခြောက်မှုတွေပြုလုပ်နေပြီး အာတီတာရဲ့ ကစားသမားရွေးချယ်မှုနဲ့ အပြောင်းအရွှေ့ပေါ်လစီက အလုပ်ဖြစ်လာနေပြီလို့ 101 Great Goals က သုံးသပ်ဖော်ပြခဲ့ပါတယ်။

ဒီနွေရာသီစျေးကွက်အတွင်း အာဆင်နယ်က ပေါင်သန်း ၁၄၀ အထိ အသုံးပြုကာ ပရီးမီးယားလိဂ်မှာ အပြောင်းအရွှေ့စရိတ်အသုံးအများဆုံးအသင်းဖြစ်ခဲ့သလို ဝယ်ယူခဲ့တဲ့ကစားသမားတွေထဲမှာလည်း အသက် ၂၃နှစ်ထက် ကြီးတဲ့ ကစားသမားလုံးဝမပါဝင်ခဲ့ပါဘူး။

လက်ရှိမှာ ကစားသမားသစ်တွေဖြစ်တဲ့ ရမ့်စ်ဒေးလ်၊ တိုမီယာဆုနဲ့ အိုဒီဂတ်တို့လို ကစားသမားတွေက လက်စွမ်း/ခြေစွမ်းပြနေပြီး အာတီတာကို အသက်ရှူချောင်စေခဲ့သလို အသင်းရဲ့ လုပ်ငန်းစဉ်အပေါ် ပရိသတ်တွေ ပြန်လည်ယုံကြည်လာစေဖို့ပါ တွန်းအားပေးနိုင်ခဲ့ပါတယ်။

Zawgyi Version

မေန႕က ကစားခဲ့တဲ့ ဘန္ေလနဲ႕ပြဲမွာေတာ့ အာဆင္နယ္ဟာ မာတင္အိုဒီဂတ္ရဲ႕ အလြတ္တည္ကန္ေဘာသြင္းဂိုးနဲ႕ အနိုင္ရရွိခဲ့ကာ ၂ပြဲဆက္တိုက္နိုင္ပြဲရရွိသြားခဲ့ပါတယ္။ ဒါဟာ ၃ ပြဲဆက္အေရးနိမ့္ခဲ့ၿပီးေနာက္ အာဆင္နယ္ရဲ႕ ျပန္လည္႐ုန္းထလာခဲ့မႈျဖစ္ၿပီး

၂ပြဲဆက္တိုက္ေပးဂိုးမရွိစံခ်ိန္ကိုလည္း ရရွိခဲ့တာျဖစ္ပါတယ္။ ဂိုးသမားရမ့္ေဒးလ္နဲ႕ ေနာက္ခံလူတိုမီယာဆုတို႔ ေရာက္ရွိလာၿပီးေနာက္ အာဆင္နယ္ခံစစ္ပိုင္းက မာေက်ာလာခဲ့တာျဖစ္ၿပီး ဂ်ပန္ေနာက္ခံလူက အထူးေျခစြမ္းျပသခဲ့ပါတယ္။

ဘန္ေလနဲ႕့ပြဲမွာ တိုမီယာဆုက အျမင့္ေဘာလုယူမႈ ရာႏႈန္းျပည့္ေအာင္ျမင္ခဲ့သလို တစ္ဦးခ်င္းေက်ာ္ျဖတ္မႈေတြမွာလည္း ရာႏႈန္းျပည့္စြမ္းေဆာင္နိုင္ခဲ့ပါတယ္။ ေဘာလုံးထိခ်က္ ၇၉ ႀကိမ္ရွိခဲ့ၿပီး အသင္းမွာအမ်ားဆုံးျဖစ္ကာ ျပန္လည္ဆယ္ယူေပးနိုင္မႈ ၅ ႀကိမ္

ရွင္းထုတ္မႈ ၅ ႀကိမ္၊ ၾကားျဖတ္လုယူမႈ ၁ႀကိမ္ နဲ႕ ဖ်က္ထုတ္မႈ ၁ ႀကိမ္ျပဳလုပ္နိုင္ခဲ့ကာ အထင္ႀကီးဖြယ္ေျခစြမ္းမ်ိဳုးကို ျပသခဲ့ပါတယ္။ ဒီကစားသမားရဲ႕ စြမ္းေဆာင္ရည္ကို ပြဲအၿပီးမွာ နည္းျပအာတီတာနဲ႕ အသင္းေခါင္းေဆာင္အူဘာမီယန္တို႔က သြားေရာက္ခ်ီးက်ဴးမႈေတြေတာင္ ျပဳလုပ္ခဲ့ၾကပါတယ္။

ဘိုေလာ့ဂ္နာေနာက္ခံလူေဟာင္းအတြက္ အာဆင္နယ္ဟာ ေပါင္သန္း ၂၀ ေပးေခ်ခဲ့ရၿပီး ဒီအေပၚမွာ ေလွာင္ေျပာင္မႈအမ်ားအျပားရွိေနခဲ့ပါတယ္။ ဒါေပမယ့္ တိုမီယာဆုကေတာ့ အေကာင္းဆုံးပုံစံေတြကို ျပသခဲ့ကာ သူ႕ကိုေခၚယူမႈက မွန္ကန္ေၾကာင္း သက္ေသျပနိုင္ခဲ့ပါတယ္။

အာ႐ြန္ရမ့္စ္ေဒးလ္ကလည္း လီနိုရဲ႕ နံပါတ္တစ္ဂိုးသမားေနရာကိုပါ ၿခိမ္းေျခာက္မႈေတြျပဳလုပ္ေနၿပီး အာတီတာရဲ႕ ကစားသမားေ႐ြးခ်ယ္မႈနဲ႕ အေျပာင္းအေ႐ႊ႕ေပၚလစီက အလုပ္ျဖစ္လာေနၿပီလို႔ 101 Great Goals က သုံးသပ္ေဖာ္ျပခဲ့ပါတယ္။

ဒီေႏြရာသီေစ်းကြက္အတြင္း အာဆင္နယ္က ေပါင္သန္း ၁၄၀ အထိ အသုံးျပဳကာ ပရီးမီးယားလိဂ္မွာ အေျပာင္းအေ႐ႊ႕စရိတ္အသုံးအမ်ားဆုံးအသင္းျဖစ္ခဲ့သလို ဝယ္ယူခဲ့တဲ့ကစားသမားေတြထဲမွာလည္း အသက္ ၂၃ႏွစ္ထက္ ႀကီးတဲ့ ကစားသမားလုံးဝမပါဝင္ခဲ့ပါဘူး။

လက္ရွိမွာ ကစားသမားသစ္ေတြျဖစ္တဲ့ ရမ့္စ္ေဒးလ္၊ တိုမီယာဆုနဲ႕ အိုဒီဂတ္တို႔လို ကစားသမားေတြက လက္စြမ္း/ေျခစြမ္းျပေနၿပီး အာတီတာကို အသက္ရႉေခ်ာင္ေစခဲ့သလို အသင္းရဲ႕ လုပ္ငန္းစဥ္အေပၚ ပရိသတ္ေတြ ျပန္လည္ယုံၾကည္လာေစဖို႔ပါ တြန္းအားေပးနိုင္ခဲ့ပါတယ္။