Spots news
လင်ဂတ် နဲ့ ဒီဂီယာတို့ ကယ်တင်ခဲ့လို့ အဝေးကွင်းမှာ သုံးမှတ်အပြည့်ရခဲ့တဲ့ မန်ယူ
Unicode Version
ဝက်ဟမ်းစ်အသင်းဟာ ဒန်ကလန်ရိုက်၊သောမက်စ်စူးချက်၊ဖော့နာ့စ်တို့လိုအဓိက ကစားသမားတေနဲ့ မန်ယူနိက်တက် အသင်းကို ဧည့်ခံကစားဖို့ ပြင််ဆင်လာခဲ့ပါတယ်။ဝက်ဟမ်းစ်ရဲ့အဓိက တိုက်စစ်မူး အန်တိုနီယိုကတော့ ပွဲပယ် ပြစ်ဒဏ်ကြောင့်ပါဝင်နိင်ခြင်း မရှိခဲ့ပါဘူး။
ယူနိက်တက်အသင်းကလဲ ရော်နယ်ဒို၊ပေါ့ဘာ၊ဖာနန်ဒက်၊ဂရင်းဝုဒ်တို့လို အဓိကကစားသမားတေနဲ့ယှဥ်ပြိုင်ခဲ့ပါတယ်။ဝက်ဟမ်းအသင်းကို မန်ယူနိက်တက်အသင်းဟာ ဘောလုံးပိုင်ဆိုင်မူအသာနဲ့ တိုက်စစ်ဆင်ကစားနိင်ခဲ့ပေမဲ့ ဝက်ဟမ်းအသင်းရဲ့ကစားပုံကြောင့် ယူနိက်တက်တို့ ရုန်းကန်ခဲ့ရပါတယ်။
ဦးဆောင်ဂိုးကိုလဲ ဝက်ဟမ်းစ်အသင်းက ပွဲချိန်မိနစ်၃၀မှာ စတင်ရရှိခဲ့ပြီး ဂျရတ်ဘိုးဝင်ရဲ့ပေးပို့မူကနေ ဘင်ရာမားက အပြင်းကန်သွင်းခဲ့ရာ နောက်ခံလူ ဗာရန်းနဲ့ထိကာ လမ်းကြောင်းလွဲဂိုးဝင်သွားခဲ့ ပါတယ်။ဒီနောက်မှာတော့ ယူနိက်တက်အသင်းက ချေပဂိုးရဖို့ တိုက်စစ်မြင့် ကစားခဲ့ ပါတယ်။
ရော်နယ်ဒိုနဲ့ ယူနိက်တက် ကစားသမားတွေရဲ့ကန်သွင်းချက် တွေကို ဝက်ဟမ်းစ်ဂိုးသမား ဖာဘီရန်းစကီးကာကွယ် နိင်ခဲ့ပါတယ်။ပွဲချိန်၃၅မိနစ် အရောက်မှာတော့ ဖာနန်ဒက်ရဲ့ ဖြတ်တင်ဘောကို ရော်နယ်ဒို ပိတ်သွင်းခဲ့ရာ ဂိုးသမား ဖာဘီရန်းစကီး ကာကွယ်နိင်ခဲ့ပေမဲ့ ပြန်ထွက်လာတဲ့ ဘောလုံးကို ရော်နယ်ဒိုကပဲ ပိတ်သွင်းကာ မန်ချက်စတာ ယူနိက်တက်တို့ချေပဂိုးရခဲ့ပါတယ်။
ဒုတိယပိုင်းအရောက်မှာ မန်ယူအသင်းဟာအနိင်ဂိုးရဖို့ ကြိုးစားကစားခဲ့ပြီး ပွဲချိန်၈၉မိနစ်အရောက်မှာ လင်ဂတ်ကသွင်းယူခဲ့ပါတယ်။လင်ဂတ်ဟာ ချန်ပီယံလိဒ်မှာ သူရဲအမှားကနေ ဂိုးပေးထားရမူကို ဒီနေ့ပွဲမှာတော့ မန်ယူနိက်တက်အတွက် အဖိုးတန် အနိင်ဂိုးသွင်းပေးပြီး မန်ယူနိက်တက်ပရိတ်သတ်တေရဲ့
အချစ်တေကို ပြန်လည်သိမ်းကြုံး ယူနိင်ခဲ့ပါတယ်။ပွဲချိနိအပိုချိန်မှာ ဝက်ဟမ်းတို့ပင်နယ်တီရခဲ့ပေမဲ့ နိုဘယ်ရဲ့ကန်သွင်းမူကို ဒီဂီယာကအကောင်းဆုံး လက်စွမ်းနဲ့ ကာကွယ်နိင်ခဲ့ပါတယ်။မန်ယူနိက်တက်တို့အဝေးကွင်းနိင်ပွဲ ရခဲ့ပြီး အဝေးကွင်း ရူံးပွဲမရှိစံချိန်ကို ဆက်လက်ထိန်းသိမ်း နိင်ခဲ့ပါတယ်။
Zawgyi Version