Spots news

၃ မိနစ် မန်ယူဆန်လွန်းတဲ့ နိုင်ပွဲမှ သူရဲကောင်းဖြစ်ခဲ့သူတို့ရဲ့ ထူးခြားမှတ်တမ်းများ

Unicode Version

ယူနိုက်တက်ဂိုးသမား ဒီဂီယာဟာ ၂၀၁၆ ဧပြီလ ၂၃ ရက်နေ့နောက်ပိုင်း ပရီးမီးယားလိဂ်မှာ ပထမဆုံးအကြိမ် ပင်နယ်တီ ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။ သူဟာ ကလပ်နဲ့ နိုင်ငံအသင်းအတွက် ပင်နယ်တီက တဆင့် ၄၀ ကြိမ်ဆက်တိုက် ဂိုးပေးနေရမှုကို အဆုံးသတ်နိုင်ခဲ့ပြီး အသင်းအတွက် အဖိုးတန်ရမှတ် ၃ မှတ်ကို ယူဆောင်ပေးခဲ့ပါတယ်။

ဝက်စ်ဟမ်းအသင်းရဲ့ လန်ဒန်စတေဒီယံကွင်းကြီးဟာ ရော်နယ်ဒိုအတွက် ယူနိုက်တက်အတွက် စတင်ပွဲထွက်ပေးချိန်ကစကာ ဥရောပထိပ်တန်းလိဂ်ငါးခုမှာ မတူညီတဲ့ကွင်းပေါင်း ၆၆ ကွင်းမှာ ဂိုးသွင်းယူနိုင်ခဲ့တဲ့ ကွင်းဖြစ်လာခဲ့ပါတယ်။ ဒါဟာ ဒုတိယနေရာက ဇလာတန်ထက် ၂ ကွင်းသာလွန်နေတာလည်းဖြစ်ပါတယ်

မန်ချက်စတာ ယူနိုက်တက် အသင်းအတွက်အနိုင်ဂိုးဖြစ်စေမယ့် ဧရိယာထဲကလှလှပပဝေ့ဝိုက်ကန်သွင်းခဲ့တဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ရဲ့ ဂျက်ဆီလင်ဂတ်ရဲ့ ကန်ချက်ဟာ တစ်နာရီကို ၈၉ ကီလိုမီတာနှုန်းအထိ အမြင့်ဆုံးရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ လင်ဂတ်ဟာ သူအငှားကစားခဲ့ဘူးတဲ့ ဝက်စ်ဟမ်းအသင်းဖြစ်လို့ လေးစားစွာဖြင့် အောင်ပွဲခံခြင်း မရှိခဲ့ပါဘူး။

မန်ချက်စတာ ယူနိုက်တက်ဟာ အသင်းရှံးနိမ့်မှုကနေ အနိုင်ရရှိသော အခြေအနေသို့ ပြန်လည်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့ပြီး ယင်းရှံးနိမ့်မှုအခြေအနေများမှ အနိုင်ရလဒ်သို့ come backသောပွဲစဉ်များ၌ ၂၀၂၀ ရာသီမှစတင်၍ ၃၅ မှတ်ထိ ပြန်လည်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ယခုကဲ့သို့ စွမ်းဆောင်ရည်မှာလည်း ပရီးမီးယားလိဂ် အခြားကလပ်များအားလုံးထက် သာလွန်နေပါတယ်။

Zawgyi Version



