Spots news

လူစားလဲခံရပြီးနောက် နည်းပြ ပိုချက်တီနိုကို နှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့တဲ့ မက်ဆီ

Unicode Version

လီယွန်နယ် မက်ဆီဟာ ယမန်နေ့ည လိုင်ယွန်နဲ့ပွဲမှာ လူစားလဲခံခဲ့ရပြီးနောက် နည်းပြ ပိုချက်တီနိုအား လက်ဆွဲနှုတ်ဆက်ဖို့ ငြင်းဆန်ခဲ့ပါတယ်။ ပွဲပြီးဖို့ ၁၅မိနစ်အလို မက်ဆီတစ်ယောက် လူစားလဲခံခဲ့ရပြီးနောက် ပိုချက်တီနိုက လက်ကမ်းပေးခဲ့တဲ့အပေါ် လျစ်လျူရှုခဲ့တာကို ဗီဒီယိုထဲ မြင်တွေ့နိုင်ပါတယ်။

အာဂျင်တိုင်းသားဟာ ပီအက်စ်ဂျီအတွက် ပထဆုံး ဂိုးသွင်းနိုင်မယ့် အခွင့်အရေးတွေ ရခဲ့ပေမဲ့ အသုံးမချနိုင်ခဲ့ပဲ ပထမပိုင်းအတွင်း ဖရီးကစ်ကလည်း တိုင်ထိ ထွက်သွားခဲ့ပါတယ်။ လိုင်ယွန်က ပါကွီတာရဲ့ ဂိုးနဲ့ ဦးဆာင်သွားခဲ့လို့ ပီအက်စ်ဂျီတို့ ရုန်းကန်ခဲ့ရပေမဲ့ နေမာရဲ့ ပင်နယ်တီ၊ အီကာဒီရဲ့ ပွဲပြီးခါနီး သွင်းဂိုးတွေကြောင့် နိုင်ပွဲတစ်ခု ရရှိခဲ့ပါတယ်။

ဒါပေမဲ့ အဆိုပါပွဲစဉ်အတွက် ပြောစရာ ဖြစ်ခဲ့တာကတော့ မက်ဆီတစ်ယောက် ပိုချက်တီနိုရဲ့ လူစားလဲခဲ့တဲ့ ဆုံးဖြတ်ချက်ကို မကျေမနပ် ဖြစ်ခဲ့ပုံရတယ်လို့ ပရိသတ်တွေ ထင်မြင်နေပါတယ်။

ပရိသတ်တစ်ဦးက “မက်ဆီ ထွက်သွားတော့ တီဗီ ပိတ်ပီကွာ”လို့ ရေးခဲ့ပါတယ်။ နောက်တစ်ဦးက “နည်းပြကလည်း စိတ်ရှုပ်စရာကွာ။ ကွန်တီကို ခေါ်စမ်းပါ”လို့ ဆိုပါတယ်။ နောက်တစ်ယောက်ကလည်း “ပိုချက်က သူ့ကစားသမားဘ၀ကို

ဖျက်ဆီးနေတာပဲ။ ငါ့ဘ၀တစ်လျောက်လုံး ဒဏ်ရာရသွားလို့က လွဲရင် မက်ဆီ လူစားလဲခံရတာ တစ်ခါမှ မမြင်ဖူးဘူး။ သူ ထွက်သွားရတဲ့အချိန် ဘယ်လောက် ပေါက်ကွဲနေမယ်ဆိုတာ မြင်နိုင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။

ဒါပေမဲ့ ပိုချက်တီနို လူစားလဲခဲ့တာကတော့ မှန်ကန်ခဲ့ပြီး မက်ပီရဲ့ ဖြတ်တင်ဘောကနေ အီကာဒီက ပိတ်သွင်းနိုင်ခဲ့ကာ ပီအက်စ်ဂျီတို့ အိမ်ကွင်းမှတ်တမ်းကောင်းကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။

Zawgyi Version

လီယြန္နယ္ မက္ဆီဟာ ယမန္ေန႕ည လိုင္ယြန္နဲ႕ပြဲမွာ လူစားလဲခံခဲ့ရၿပီးေနာက္ နည္းျပ ပိုခ်က္တီနိုအား လက္ဆြဲႏႈတ္ဆက္ဖို႔ ျငင္းဆန္ခဲ့ပါတယ္။ ပြဲၿပီးဖို႔ ၁၅မိနစ္အလို မက္ဆီတစ္ေယာက္ လူစားလဲခံခဲ့ရၿပီးေနာက္ ပိုခ်က္တီနိုက လက္ကမ္းေပးခဲ့တဲ့အေပၚ လ်စ္လ်ဴရႈခဲ့တာကို ဗီဒီယိုထဲ ျမင္ေတြ႕နိုင္ပါတယ္။

အာဂ်င္တိုင္းသားဟာ ပီအက္စ္ဂ်ီအတြက္ ပထဆုံး ဂိုးသြင္းနိုင္မယ့္ အခြင့္အေရးေတြ ရခဲ့ေပမဲ့ အသုံးမခ်နိဳင္ခဲ့ပဲ ပထမပိုင္းအတြင္း ဖရီးကစ္ကလည္း တိုင္ထိ ထြက္သြားခဲ့ပါတယ္။ လိုင္ယြန္က ပါကြီတာရဲ႕ ဂိုးနဲ႕ ဦးဆာင္သြားခဲ့လို႔ ပီအက္စ္ဂ်ီတို႔ ႐ုန္းကန္ခဲ့ရေပမဲ့ ေနမာရဲ႕ ပင္နယ္တီ၊ အီကာဒီရဲ႕ ပြဲၿပီးခါနီး သြင္းဂိုးေတြေၾကာင့္ နိုင္ပြဲတစ္ခု ရရွိခဲ့ပါတယ္။

ဒါေပမဲ့ အဆိုပါပြဲစဥ္အတြက္ ေျပာစရာ ျဖစ္ခဲ့တာကေတာ့ မက္ဆီတစ္ေယာက္ ပိုခ်က္တီနိုရဲ႕ လူစားလဲခဲ့တဲ့ ဆုံးျဖတ္ခ်က္ကို မေက်မနပ္ ျဖစ္ခဲ့ပုံရတယ္လို႔ ပရိသတ္ေတြ ထင္ျမင္ေနပါတယ္။

ပရိသတ္တစ္ဦးက “မက္ဆီ ထြက္သြားေတာ့ တီဗီ ပိတ္ပီကြာ”လို႔ ေရးခဲ့ပါတယ္။ ေနာက္တစ္ဦးက “နည္းျပကလည္း စိတ္ရႈပ္စရာကြာ။ ကြန္တီကို ေခၚစမ္းပါ”လို႔ ဆိုပါတယ္။ ေနာက္တစ္ေယာက္ကလည္း “ပိုခ်က္က သူ႕ကစားသမားဘ၀ကို

ဖ်က္ဆီးေနတာပဲ။ ငါ့ဘ၀တစ္ေလ်ာက္လုံး ဒဏ္ရာရသြားလို႔က လြဲရင္ မက္ဆီ လူစားလဲခံရတာ တစ္ခါမွ မျမင္ဖူးဘူး။ သူ ထြက္သြားရတဲ့အခ်ိန္ ဘယ္ေလာက္ ေပါက္ကြဲေနမယ္ဆိုတာ ျမင္နိုင္ပါတယ္”လို႔ ဆိုခဲ့ပါတယ္။

ဒါေပမဲ့ ပိုခ်က္တီနို လူစားလဲခဲ့တာကေတာ့ မွန္ကန္ခဲ့ၿပီး မက္ပီရဲ႕ ျဖတ္တင္ေဘာကေန အီကာဒီက ပိတ္သြင္းနိုင္ခဲ့ကာ ပီအက္စ္ဂ်ီတို႔ အိမ္ကြင္းမွတ္တမ္းေကာင္းကို ဆက္ထိန္းနိုင္ခဲ့ပါတယ္။