Spots news

အထုတ်ခံရမယ်ဆိုတဲ့ ဝေဖန်မှုတွေအပေါ်ပျက်ရယ်ပြုလိုက်တဲ့ နည်းပြဆိုးရှား

Unicode Version

မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးရှားဟာ ဝက်စ်ဟမ်းနဲ့ပွဲအပြီး ” ယူနိုက်တက်ဟာချန်ပီယံဆုကိုစိန်ခေါ်နိုင်‌မှာလား ” ဆိုတဲ့သတင်းထောက်တွေရဲ့မေးခွန်းကို လျစ်လျူရှုခဲ့ပြီး ယန်းဘွိုင်းအသင်းကို ရှူံးနိမ့်ခဲ့တဲ့အကြောင်းကိုသာ ဟာသလုပ် ပျက်ရယ်ပြုခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံမှာ ၂-၁ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ဝေဖန်မှုတွေ အပြင်းအထန် ရင်ဆိုင်ခဲ့ရတဲ့ဆိုးရှားဟာ ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာတော့ ဒရာမာဆန်ဆန်အချိုးအကွေ့တွေနဲ့ ခက်ခက်ခဲခဲ အနိုင်ရလဒ် တခုကို ပုံဖော်နိုင်ခဲ့ပါတယ်။ ဂျက်ဆီလင်ဂတ်ရဲ့နောက်ကျဂိုးနဲ့ ဒီဂီယာရဲ့ ၅နှစ်အတွင်းပထမဆုံးအကြိမ် ပင်နယ်တီ ကာကွယ်မှုတို့က ဆိုးရှားကိုအသက်ရှူ ချောင်စေခဲ့တယ်လို့ ဆိုရမှာပါ။

သို့ပေမယ့် ချန်ပီယံဆုအကြောင်းနဲ့ပတ်သတ်ပြီး ဆိုးရှားက ” ခင်ဗျားတို့ အခုလိုမေးဖို့စောပါသေးတယ်။ အခုမှ လိဂ်ပွဲ ၅ ပွဲပဲ ကစားရသေးတာပါ။ပြီးခဲ့တဲ့ ရက်သတ္တပတ်ကဆို အတက်အကျတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ကျုပ်ဆို ရာထူးကနေတောင် ထုတ်ပယ် ခံခဲ့ရသေးတယ်လေ” လို့ ဝေဖန်မှုတွေနဲ့ပတ်သတ်ပြီး ပျက်ရယ်ပြုခဲ့ပါတယ်။

ဆက်လက်ပြီး ” ကျနော်တို့ အနိုင်ရဖို့ ထိုက်တန်ခဲ့ရပါတယ်။ဝက်စ်ဟမ်းအသင်းက ကစားရခက်တဲ့အသင်းပါ။ အနိုင် ၃ မှတ်ဟာ အခြေအနေတခုကိုပြောင်းလဲ ပေးနိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ နောက်နှစ် ဧပြီလနဲ့မေလမှာ ကျနော်တို့ဘယ်ထိ ရှေ့ဆက်နိုင်မလဲ ကြည့်ကြတာပေါ့ဗျာ ” လို့လည်းဆိုခဲ့ပြန်ပါ‌တယ်။

ပွဲချိန် ၈၉ မိနစ်မှာ ဂျက်ဆီလင်ဂတ်နဲ့လှပတဲ့နောက်ကျဂိုးပြီးနောက် ဒီဂီယာရဲ့ပင်နယ်တီကာကွယ်မှူကို ကြည့်ရှု့ပြီးချိန်မှာ ဆိုးရှားအနေနဲ့ အပြည့်အဝ ပျော်ရွှင်ပုံမရပါဘူး။ ” ကျနော်တို့ ဒီထက်ပိုပြီး ခံစစ်ကိုကောင်းကောင်း ကစားဖို့လိုပါတယ်။ ဒီထက်ပိုကြိုးစားဖို့လိုပြီး ဖျက်ဆီးရခက်တဲ့ အသင်းတသင်းဖြစ်နေဖို့လိုပါတယ်။ ကျနော်တို့ ပိုကြိုးစားသွားရပါမယ် ” လို့လည်း ဆိုသွားခဲ့ပါသေးတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္နည္းျပ ဆိုးရွားဟာ ဝက္စ္ဟမ္းနဲ႕ပြဲအၿပီး ” ယူနိုက္တက္ဟာခ်န္ပီယံဆုကိုစိန္ေခၚနိုင္‌မွာလား ” ဆိုတဲ့သတင္းေထာက္ေတြရဲ႕ေမးခြန္းကို လ်စ္လ်ဴရႈခဲ့ၿပီး ယန္းဘြိုင္းအသင္းကို ရႉံးနိမ့္ခဲ့တဲ့အေၾကာင္းကိုသာ ဟာသလုပ္ ပ်က္ရယ္ျပဳခဲ့ပါတယ္။

ဆြစ္ဇာလန္နိုင္ငံမွာ ၂-၁ နဲ႕ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အၿပီး ေဝဖန္မႈေတြ အျပင္းအထန္ ရင္ဆိုင္ခဲ့ရတဲ့ဆိုးရွားဟာ ဝက္စ္ဟမ္းနဲ႕ပြဲစဥ္မွာေတာ့ ဒရာမာဆန္ဆန္အခ်ိဳးအေကြ႕ေတြနဲ႕ ခက္ခက္ခဲခဲ အနိုင္ရလဒ္ တခုကို ပုံေဖာ္နိုင္ခဲ့ပါတယ္။ ဂ်က္ဆီလင္ဂတ္ရဲ႕ေနာက္က်ဂိဳးနဲ႕ ဒီဂီယာရဲ႕ ၅ႏွစ္အတြင္းပထမဆုံးအႀကိမ္ ပင္နယ္တီ ကာကြယ္မႈတို႔က ဆိုးရွားကိုအသက္ရႉ ေခ်ာင္ေစခဲ့တယ္လို႔ ဆိုရမွာပါ။

သို႔ေပမယ့္ ခ်န္ပီယံဆုအေၾကာင္းနဲ႕ပတ္သတ္ၿပီး ဆိုးရွားက ” ခင္ဗ်ားတို႔ အခုလိုေမးဖို႔ေစာပါေသးတယ္။ အခုမွ လိဂ္ပြဲ ၅ ပြဲပဲ ကစားရေသးတာပါ။ၿပီးခဲ့တဲ့ ရက္သတၱပတ္ကဆို အတက္အက်ေတြနဲ႕ရင္ဆိုင္ခဲ့ရၿပီး က်ဳပ္ဆို ရာထူးကေနေတာင္ ထုတ္ပယ္ ခံခဲ့ရေသးတယ္ေလ” လို႔ ေဝဖန္မႈေတြနဲ႕ပတ္သတ္ၿပီး ပ်က္ရယ္ျပဳခဲ့ပါတယ္။

ဆက္လက္ၿပီး ” က်ေနာ္တို႔ အနိုင္ရဖို႔ ထိုက္တန္ခဲ့ရပါတယ္။ဝက္စ္ဟမ္းအသင္းက ကစားရခက္တဲ့အသင္းပါ။ အနိုင္ ၃ မွတ္ဟာ အေျခအေနတခုကိုေျပာင္းလဲ ေပးနိုင္မယ္လို႔လည္း ေမွ်ာ္လင့္ပါတယ္။ ေနာက္ႏွစ္ ဧၿပီလနဲ႕ေမလမွာ က်ေနာ္တို႔ဘယ္ထိ ေရွ႕ဆက္နိုင္မလဲ ၾကည့္ၾကတာေပါ့ဗ်ာ ” လို႔လည္းဆိုခဲ့ျပန္ပါ‌တယ္။

ပြဲခ်ိန္ ၈၉ မိနစ္မွာ ဂ်က္ဆီလင္ဂတ္နဲ႕လွပတဲ့ေနာက္က်ဂိဳးၿပီးေနာက္ ဒီဂီယာရဲ႕ပင္နယ္တီကာကြယ္မႉကို ၾကည့္ရႈ႕ၿပီးခ်ိန္မွာ ဆိုးရွားအေနနဲ႕ အျပည့္အဝ ေပ်ာ္႐ႊင္ပုံမရပါဘူး။ ” က်ေနာ္တို႔ ဒီထက္ပိုၿပီး ခံစစ္ကိုေကာင္းေကာင္း ကစားဖို႔လိုပါတယ္။ ဒီထက္ပိုႀကိဳးစားဖို႔လိုၿပီး ဖ်က္ဆီးရခက္တဲ့ အသင္းတသင္းျဖစ္ေနဖို႔လိုပါတယ္။ က်ေနာ္တို႔ ပိုႀကိဳးစားသြားရပါမယ္ ” လို႔လည္း ဆိုသြားခဲ့ပါေသးတယ္။