Spots news

အနိုင်ရရှိပေမယ့် ပထမပိုင်းမှာ အသင်းရဲ့ကစားပုံကို စိတ်ပျက်နေခဲ့တဲ့ တူချယ်

Unicode Version

ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ ချဲလ်ဆီးအသင်းဟာ စပါးကို ၃ ဂိုးပြတ်အနိုင် ရခဲ့ပေမယ့် နည်းပြတူချယ်က အသင်းရဲ့ ပထမပိုင်း ကစားပုံကို ကျေနပ်ခဲ့ခြင်း မရှိကြောင်း ပြောဆိုခဲ့ပါတယ်။ ချဲလ်ဆီးဟာ ပထမပိုင်းမှာ ဂိုးဖန်တီးနိုင်မှုမရှိသလို စပါးရဲ့ အကောင်းဆုံး တုံ့ပြန်ကစားသွားတာကိုလည်း ရင်ဆိုင်ခဲ့ရတယ်။

ဒုတိယပိုင်းမှာ တူချယ်ဟာ မေဆင်မောင့်ကိုထုတ်ပြီး ကန်တေကို လူစားလဲခဲ့ကာ ကန်တေက ကွင်းလယ်ကိုထိန်းပြီး အသင်းအတွက် ဒုတိယအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးရဲ့ အခြားသွင်းဂိုး နှစ်ဂိုးကိုတော့ သီယာဂိုဆေးဗားနဲ့ ရူဒီဂါတို့က သွင်းခဲ့တာပါ။ ဒါပေမယ့် လူကာကူ၊ ဝါနာနဲ့ အလွန်ဆိုတို့က ဂိုးတွေမရခဲ့ပါဘူး။

တူချယ်က “ပထမ ၄၅ မိနစ်မှာ ကျွန်တော် လုံးဝမကျေနပ်ဘူး။ တက်တက်ကြွကြွနဲ့ ဘောလုံးယှဉ်လုရာမှာ အနိုင်ရပြီး အသင်းလိုက်ကစားကွက် ပိုကောင်းဖို့ လိုပါတယ်။ ဒီထက်ပိုပြီး အားထည့်ဖို့လိုကြောင်း ပထမပိုင်းအပြီးမှာ ကျွန်တော် အသင်းသားတွေကို ပြောခဲ့တယ်။ ဒုတိယပိုင်းမှာတော့ ကစားပုံသိပ်ကောင်းသွားပြီး ထိုက်တန်တဲ့အနိုင်ပွဲ ဖြစ်ခဲ့ပါတယ်။

အသင်းသားတွေရဲ့ တုံ့ပြန်မှုက ကောင်းပါတယ်။ ဒုတိယပိုင်းခြေစွမ်းကိုတော့ ကျေနပ်တယ်။ မေဆင်မောင့်ကို လူစားလဲရတာက ခက်ခဲတဲ့ ဆုံးဖြတ်ချက်ပါ။ ကွင်းလယ်မှာ အားမာန်အပြည့်နဲ့ ခံစစ်ကစားကွက်လည်း အသုံးပြုချင်တာကြောင့် ကန်တေကို လူစားလဲခဲ့ရတာ ဖြစ်ပါတယ်”လို့ တူချယ်က ပြောခဲ့ပါတယ်။

Zawgyi Version

ညကယွဥ္ၿပိဳင္ခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ခ်ဲလ္ဆီးအသင္းဟာ စပါးကို ၃ ဂိုးျပတ္အနိုင္ ရခဲ့ေပမယ့္ နည္းျပတူခ်ယ္က အသင္းရဲ႕ ပထမပိုင္း ကစားပုံကို ေက်နပ္ခဲ့ျခင္း မရွိေၾကာင္း ေျပာဆိုခဲ့ပါတယ္။ ခ်ဲလ္ဆီးဟာ ပထမပိုင္းမွာ ဂိုးဖန္တီးနိုင္မႈမရွိသလို စပါးရဲ႕ အေကာင္းဆုံး တုံ႕ျပန္ကစားသြားတာကိုလည္း ရင္ဆိုင္ခဲ့ရတယ္။

ဒုတိယပိုင္းမွာ တူခ်ယ္ဟာ ေမဆင္ေမာင့္ကိုထုတ္ၿပီး ကန္ေတကို လူစားလဲခဲ့ကာ ကန္ေတက ကြင္းလယ္ကိုထိန္းၿပီး အသင္းအတြက္ ဒုတိယအနိုင္ဂိုးကို သြင္းယူနိုင္ခဲ့ပါတယ္။ ခ်ဲလ္ဆီးရဲ႕ အျခားသြင္းဂိုး ႏွစ္ဂိုးကိုေတာ့ သီယာဂိုေဆးဗားနဲ႕ ႐ူဒီဂါတို႔က သြင္းခဲ့တာပါ။ ဒါေပမယ့္ လူကာကူ၊ ဝါနာနဲ႕ အလြန္ဆိုတို႔က ဂိုးေတြမရခဲ့ပါဘူး။

တူခ်ယ္က “ပထမ ၄၅ မိနစ္မွာ ကြၽန္ေတာ္ လုံးဝမေက်နပ္ဘူး။ တက္တက္ႂကြႂကြနဲ႕ ေဘာလုံးယွဥ္လုရာမွာ အနိုင္ရၿပီး အသင္းလိုက္ကစားကြက္ ပိုေကာင္းဖို႔ လိုပါတယ္။ ဒီထက္ပိုၿပီး အားထည့္ဖို႔လိုေၾကာင္း ပထမပိုင္းအၿပီးမွာ ကြၽန္ေတာ္ အသင္းသားေတြကို ေျပာခဲ့တယ္။ ဒုတိယပိုင္းမွာေတာ့ ကစားပုံသိပ္ေကာင္းသြားၿပီး ထိုက္တန္တဲ့အနိုင္ပြဲ ျဖစ္ခဲ့ပါတယ္။

အသင္းသားေတြရဲ႕ တုံ႕ျပန္မႈက ေကာင္းပါတယ္။ ဒုတိယပိုင္းေျခစြမ္းကိုေတာ့ ေက်နပ္တယ္။ ေမဆင္ေမာင့္ကို လူစားလဲရတာက ခက္ခဲတဲ့ ဆုံးျဖတ္ခ်က္ပါ။ ကြင္းလယ္မွာ အားမာန္အျပည့္နဲ႕ ခံစစ္ကစားကြက္လည္း အသုံးျပဳခ်င္တာေၾကာင့္ ကန္ေတကို လူစားလဲခဲ့ရတာ ျဖစ္ပါတယ္”လို႔ တူခ်ယ္က ေျပာခဲ့ပါတယ္။