Unicode Version
မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယမန်နေ့ညက ပွဲစဉ်မှာ အသင်းအတွက် အနိုင်ဂိုးသွင်းယူ ပေးခဲ့တဲ့ ဂျက်ဆီလင်ဂတ်ကို စာချုပ်သက်တမ်း တိုးရန် လင်ဂတ်နဲ့ လင်ဂတ်ရဲ့ ဖခင်တို့ကို ဆက်သွယ် ဆွေးနွေးမှုများ ပြုလုပ်နေခဲ့သည်မှာ ရက်သတ္တပတ် အတော်အတန် ရှိနေခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်ရဲ့ ဂျက်ဆီလင်ဂတ်အတွက် ပထမအကြိမ် ကမ်းလှမ်းမှုမှာ အဆင်မပြေဖြစ်ခဲ့ ပေမယ့် ယူနိုက်တက်ဘက်က လင်ဂတ်ကို သက်တမ်းတိုးနိုင်ရင် မျှော်လင့်ထားဆဲ ဖြစ်ပါတယ်။ နည်းပြ ဆိုးလ်ရှားဟာ ကွင်းလယ်တိုက်စစ်ကစားသမား လင်ဂတ်ကို သက်တမ်းတိုးရန် ယူနိုက်တက် တာဝန်ရှိသူများကို တိုက်တွန်းပြောကြား ထားကြောင်း သိရပါတယ်။
ယူနိုက်တက်ဟာ ကွင်းလယ်လူ လင်ဂတ်အပြင် အသင်းရဲ့ အဓိကကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ် ၊ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် ပေါ့ဘာနှင့် ခြေစွမ်းကောင်းတွေ ပုံမှန်ပြသနေတဲ့ နောက်ခံလူ လုခ်ရှော တို့ကိုလဲ ကာလရှည် စာချုပ်သက်တမ်းတိုးနိုင်ဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။
လက်ရှိအချိန်မှာ လာလီဂါထိပ်သီး နှစ်သင်းဖြစ်တဲ့ ဘာစီလိုနာနဲ့ ရီးရဲလ်အသင်းတို့ဟာ ဘရူနိုဖာနန်ဒက်စ်ကို စိတ်ဝင်စားနေ ပေမယ့် ဘရူနိုဖာနန်ဒက်စ်ရဲ့ လက်ရှိစာချုပ် သက်တမ်းက ၂၀၂၅ ခုနှစ်မှ ကုန်ဆုံးမှာဖြစ်သလို ယူနိုက်တက် အသင်းကလည်း ဘရူနိုကို လစာငွေ ပေါင် ၂၅၀,၀၀၀ အထိ တိုးမြှင့်ပြီးတော့ စာချုပ်သစ်ချုပ်နိုင်ဖို့ နီးစပ်နေပါတယ်။
ဒါ့အပြင် အဓိက ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ပေါ့ဘာရဲ့ စာချုပ်ဟာ ၂၀၂၂ ဇူလိုင်လ ၁ ရက်နေ့မှာ ကုန်ဆုံးမှာ ဖြစ်ပြီး ယူနိုက်တက် အသင်းဘက်က အဓိက ကွင်းလယ်လူ ပေါ့ဘာကို အသင်းမှာသာ ဆက်လက်ရှိနေဖို့အတွက် ကြိုးပမ်းမှုတွေ လုပ်ဆောင်ခဲ့ပြီး တစ်ပတ်လုပ်ခကိုလည်း ပေါင် ၄ သိန်းဝန်းကျင်လောက်အထိ ပေးချေသွားဖို့ပါ ကမ်းလှမ်းထားပါတယ်။
Zawgyi Version
မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ယမန္ေန႕ညက ပြဲစဥ္မွာ အသင္းအတြက္ အနိုင္ဂိုးသြင္းယူ ေပးခဲ့တဲ့ ဂ်က္ဆီလင္ဂတ္ကို စာခ်ဳပ္သက္တမ္း တိုးရန္ လင္ဂတ္နဲ႕ လင္ဂတ္ရဲ႕ ဖခင္တို႔ကို ဆက္သြယ္ ေဆြးေႏြးမႈမ်ား ျပဳလုပ္ေနခဲ့သည္မွာ ရက္သတၱပတ္ အေတာ္အတန္ ရွိေနခဲ့ၿပီ ျဖစ္ပါတယ္။
ယူနိုက္တက္ရဲ႕ ဂ်က္ဆီလင္ဂတ္အတြက္ ပထမအႀကိမ္ ကမ္းလွမ္းမႈမွာ အဆင္မေျပျဖစ္ခဲ့ ေပမယ့္ ယူနိုက္တက္ဘက္က လင္ဂတ္ကို သက္တမ္းတိုးနိုင္ရင္ ေမွ်ာ္လင့္ထားဆဲ ျဖစ္ပါတယ္။ နည္းျပ ဆိုးလ္ရွားဟာ ကြင္းလယ္တိုက္စစ္ကစားသမား လင္ဂတ္ကို သက္တမ္းတိုးရန္ ယူနိုက္တက္ တာဝန္ရွိသူမ်ားကို တိုက္တြန္းေျပာၾကား ထားေၾကာင္း သိရပါတယ္။
ယူနိုက္တက္ဟာ ကြင္းလယ္လူ လင္ဂတ္အျပင္ အသင္းရဲ႕ အဓိကကြင္းလယ္ကစားသမား ဘ႐ူနို ဖာနန္ဒက္စ္ ၊ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ ေပါ့ဘာႏွင့္ ေျခစြမ္းေကာင္းေတြ ပုံမွန္ျပသေနတဲ့ ေနာက္ခံလူ လုခ္ေရွာ တို႔ကိုလဲ ကာလရွည္ စာခ်ဳပ္သက္တမ္းတိုးနိုင္ဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။
လက္ရွိအခ်ိန္မွာ လာလီဂါထိပ္သီး ႏွစ္သင္းျဖစ္တဲ့ ဘာစီလိုနာနဲ႕ ရီးရဲလ္အသင္းတို႔ဟာ ဘ႐ူနိုဖာနန္ဒက္စ္ကို စိတ္ဝင္စားေန ေပမယ့္ ဘ႐ူနိုဖာနန္ဒက္စ္ရဲ႕ လက္ရွိစာခ်ဳပ္ သက္တမ္းက ၂၀၂၅ ခုႏွစ္မွ ကုန္ဆုံးမွာျဖစ္သလို ယူနိုက္တက္ အသင္းကလည္း ဘ႐ူနိုကို လစာေငြ ေပါင္ ၂၅၀,၀၀၀ အထိ တိုးျမႇင့္ၿပီးေတာ့ စာခ်ဳပ္သစ္ခ်ဳပ္နိုင္ဖို႔ နီးစပ္ေနပါတယ္။
ဒါ့အျပင္ အဓိက ကြင္းလယ္လူ တစ္ဦးျဖစ္တဲ့ ေပါ့ဘာရဲ႕ စာခ်ဳပ္ဟာ ၂၀၂၂ ဇူလိုင္လ ၁ ရက္ေန႕မွာ ကုန္ဆုံးမွာ ျဖစ္ၿပီး ယူနိုက္တက္ အသင္းဘက္က အဓိက ကြင္းလယ္လူ ေပါ့ဘာကို အသင္းမွာသာ ဆက္လက္ရွိေနဖို႔အတြက္ ႀကိဳးပမ္းမႈေတြ လုပ္ေဆာင္ခဲ့ၿပီး တစ္ပတ္လုပ္ခကိုလည္း ေပါင္ ၄ သိန္းဝန္းက်င္ေလာက္အထိ ေပးေခ်သြားဖို႔ပါ ကမ္းလွမ္းထားပါတယ္။