Spots news

လေးပွဲကန် ရမှတ် နှစ်မှတ်နဲ့ တန်း‌ဆင်းဇုန်ကို ရောက်နေတဲ့ ဂျူဗင်တပ်

Unicode Version

ဂျုဗင်တပ်အသင်းဟာ အသင်းရဲ့ Key Player တစ်ဦးဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကို မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ရောင်းချလိုက်ပြီးနောက် အသင်းရဲ့ ရလဒ်တွေ စွမ်းဆောင်ရည်ပိုင်းတွေမှာ အကျိုးသက်ရောက်စေခဲ့ရပြီး အသင်းကလည်း ခုချိန်ထိ စီးရီးအေနိုင်ပွဲ ပျောက်ဆုံးနေတာ ဖြစ်ပါတယ်။

ဂျုဗင်တပ်အသင်းဟာ လက်ရှိမှာ စီးရီးအေပွဲစဉ် ၄ ပွဲသာ ကစားထားရသေးပြီး နိုင်ပွဲလုံးဝ မရှိသေးပဲနဲ့ သရေပွဲ ၂ ပွဲ ရှုံးပွဲ ၂ ပွဲ ရှိထားသေးသလို စုစုပေါင်း ရမှတ် ၂ မှတ်တည်းနဲ့ အီတလီ စီးရီးအေ အမှတ်ပေးဇယားရဲ့ အဆင့် ၁၈ တန်းဆင်းဇုန်နေရာထိ ရောက်ရှိနေရပါတယ်။

ဂျုဗင်တပ် အသင်းအနေနဲ့ အခုလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတာဟာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ရော်နယ်ဒို မရှိတော့တာကြောင့်လို့ ယတိပြတ် သတ်မှတ်လို့ မရပေမယ့်လည်း ရော်နယ်ဒိုလို ထိပ်တန်း ကစားသမားမျိုးက

သူပါဝင်ကစားတဲ့ ကလပ်အသင်းပေါ် လွှမ်းမိုးမှု အရမ်းများတဲ့ ကစားသမားဖြစ်သလို နိုင်ပွဲတွေ အောင်မြင်မှုတွေကိုလည်း ဆာလောင်တဲ့သူဖြစ်လို့ သူ့ကို ပိုင်ဆိုင်ထားတဲ့ အသင်းအနေနဲ့ အကျိုးရှိဖို့က ရာခိုင်နှုန်း များနေရတာ ဖြစ်ပါတယ်။

ယူနိုက်တက်နဲ့ ပြန်ပေါင်းထုတ်သွားခဲ့တဲ့ ရော်နယ်လ်ဒိုက အသက် ၃၆ နှစ် အရွှယ်တောင် ရောက်ရှိနေပေမယ့် ယူနိုက်တက်မှာ သွင်းဂိုးတွေ ဆက်တိုက် သွင်းယူပေးနေသလို အသင်းအတွက် အစစအရာရာမှာ ပိုမိုတိုးတတ် ကောင်းမွန်လာအောင် စွမ်းဆောင်ပေးထားနိုင်ခဲ့ပါတယ်။

နောက်တစ်ခုကတော့ ဂျုဗင်တပ် အသင်းနဲ့ ပြန်လည် လက်တွဲခဲ့တဲ့ နည်းပြအယ်လီဂရီက ကစားသမား အပြောင်းအလဲတွေနဲ့ အသင်းကို အကောင်းဆုံး အနေအထား ပြန်ရောက်အောင် ပြန်လည် တည်ဆောက်နေဆဲ ကာလဖြစ်နေတာကြောင့်

ရလဒ်တွေ ခြေစွမ်းပိုင်းတွေက မတည်ငြိမ် နိုင်သေးတာလည်း ဖြစ်နိုင်ပါတယ်။ ဂျုဗီအနေနဲ့ ရှေ့လာမယ့် ပွဲစဉ်တွေမှာ စပီဇီယာ ဆမ်ဒိုးရီးယားတို့ကို အနိုင်ယူဖို့ လိုအပ်နေပြီး ချယ်လ်ဆီးနဲ့ဆုံရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာပါ ရလဒ်မဆိုးဖို့ ကြိုးစားရဖွယ် ရှိနေပါတယ်။

Zawgyi Version

ဂ်ဳဗင္တပ္အသင္းဟာ အသင္းရဲ႕ Key Player တစ္ဦးျဖစ္တဲ့ ခရစၥတီယာနို ေရာ္နယ္ဒိုကို မန္ခ်က္စတာ ယူနိုက္တက္အသင္းဆီ ေရာင္းခ်လိဳက္ၿပီးေနာက္ အသင္းရဲ႕ ရလဒ္ေတြ စြမ္းေဆာင္ရည္ပိုင္းေတြမွာ အက်ိဳးသက္ေရာက္ေစခဲ့ရၿပီး အသင္းကလည္း ခုခ်ိန္ထိ စီးရီးေအနိုင္ပြဲ ေပ်ာက္ဆုံးေနတာ ျဖစ္ပါတယ္။

ဂ်ဳဗင္တပ္အသင္းဟာ လက္ရွိမွာ စီးရီးေအပြဲစဥ္ ၄ ပြဲသာ ကစားထားရေသးၿပီး နိုင္ပြဲလုံးဝ မရွိေသးပဲနဲ႕ သေရပြဲ ၂ ပြဲ ရႈံးပြဲ ၂ ပြဲ ရွိထားေသးသလို စုစုေပါင္း ရမွတ္ ၂ မွတ္တည္းနဲ႕ အီတလီ စီးရီးေအ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၈ တန္းဆင္းဇုန္ေနရာထိ ေရာက္ရွိေနရပါတယ္။

ဂ်ဳဗင္တပ္ အသင္းအေနနဲ႕ အခုလို အေျခအေနဆိုးေတြနဲ႕ ရင္ဆိုင္ေနရတာဟာ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ေရာ္နယ္ဒို မရွိေတာ့တာေၾကာင့္လို႔ ယတိျပတ္ သတ္မွတ္လို႔ မရေပမယ့္လည္း ေရာ္နယ္ဒိုလို ထိပ္တန္း ကစားသမားမ်ိဳးက

သူပါဝင္ကစားတဲ့ ကလပ္အသင္းေပၚ လႊမ္းမိုးမႈ အရမ္းမ်ားတဲ့ ကစားသမားျဖစ္သလို နိုင္ပြဲေတြ ေအာင္ျမင္မႈေတြကိုလည္း ဆာေလာင္တဲ့သူျဖစ္လို႔ သူ႕ကို ပိုင္ဆိုင္ထားတဲ့ အသင္းအေနနဲ႕ အက်ိဳးရွိဖို႔က ရာခိုင္ႏႈန္း မ်ားေနရတာ ျဖစ္ပါတယ္။

ယူနိုက္တက္နဲ႕ ျပန္ေပါင္းထုတ္သြားခဲ့တဲ့ ေရာ္နယ္လ္ဒိုက အသက္ ၃၆ ႏွစ္ အ႐ႊယ္ေတာင္ ေရာက္ရွိေနေပမယ့္ ယူနိုက္တက္မွာ သြင္းဂိုးေတြ ဆက္တိုက္ သြင္းယူေပးေနသလို အသင္းအတြက္ အစစအရာရာမွာ ပိုမိုတိုးတတ္ ေကာင္းမြန္လာေအာင္ စြမ္းေဆာင္ေပးထားနိုင္ခဲ့ပါတယ္။

ေနာက္တစ္ခုကေတာ့ ဂ်ဳဗင္တပ္ အသင္းနဲ႕ ျပန္လည္ လက္တြဲခဲ့တဲ့ နည္းျပအယ္လီဂရီက ကစားသမား အေျပာင္းအလဲေတြနဲ႕ အသင္းကို အေကာင္းဆုံး အေနအထား ျပန္ေရာက္ေအာင္ ျပန္လည္ တည္ေဆာက္ေနဆဲ ကာလျဖစ္ေနတာေၾကာင့္

ရလဒ္ေတြ ေျခစြမ္းပိုင္းေတြက မတည္ၿငိမ္ နိုင္ေသးတာလည္း ျဖစ္နိုင္ပါတယ္။ ဂ်ဳဗီအေနနဲ႕ ေရွ႕လာမယ့္ ပြဲစဥ္ေတြမွာ စပီဇီယာ ဆမ္ဒိုးရီးယားတို႔ကို အနိုင္ယူဖို႔ လိုအပ္ေနၿပီး ခ်ယ္လ္ဆီးနဲ႕ဆုံရမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာပါ ရလဒ္မဆိုးဖို႔ ႀကိဳးစားရဖြယ္ ရွိေနပါတယ္။