Unicode Version
ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကတော့ ယမန်နေ့ကကစားခဲ့တဲ့ ယူနီယံဘာလင်နဲ့ပွဲမှာလည်း အသင်းအတွက် ၂ဂိုးအထိ သွင်းယူကာ ခြေစွမ်းပြသွားခဲ့ပြီး သူ့ရဲ့ဂိုးသွင်းစွမ်းရည် မြင့်မားနေတာကို
ထိန်းသိမ်းခဲ့သလို သြဂုတ်လအတွက် ဘွန်ဒက်လီဂါ အကောင်းဆုံကစားသမားဆုကို သူ ထိုက်ထိုက်တန်တန် ရရှိခဲ့တယ်ဆိုတာ ကိုပါ သက်သေထူခဲ့ပါတယ်။
ဒေါ့မွန်အနေနဲ့ ချေပဂိုးတွေ ပြန်ပေးခဲ့ရလို့ စိုးရိမ်စရာ အနေအထား ရောက်ခဲ့ပေမယ့် ဟာလန်းက စိတ်အေးလက်အေး ဖြစ်သွားအောင် အသင်းကို ကယ်တင်ပေးခဲ့ပါတယ်။ ချန်ပီယံလိဂ်မှာ ၁၇ ပွဲကစားပြီး
သွင်းဂိုး ၂၁ ဂိုးအထိ ရရှိခဲ့ကာ မက်ဆီနဲ့ ရော်နယ်ဒိုတို့ ထက်သာလွန်တဲ့ စွမ်းဆောင်ရည်မျိုးကို ပြသခဲ့တဲ့ ဟာလန်းက ဒေါ့မွန်အတွက် ပြိုင်ပွဲစုံ ၆၇ ပွဲမှာ ၆၈ ဂိုးအထိ ရရှိသွားခဲ့ပြီဖြစ်ပါတယ်။
ဒီရာသီ ဘွန်ဒက်လီဂါမှာ ၅ ပွဲကစားအပြီး ၇ ဂိုးအထိ ရရှိထားသလို ပြိုင်ပွဲစုံ ၈ ပွဲမှာ ၁၁ ဂိုးအထိ ဟာလန်းက သွင်းယူထားပြီး ဖြစ်ပါတယ်။ အသက် ၂၁ နှစ်အရွယ် နော်ဝေကြယ်ပွင့်ဟာ
လက်ရွေးစင်အသင်းကြီးမှာလည်း ခြေစွမ်းပြနေခဲ့ပြီး သူ့ရဲ့ခြေစွမ်းက မက်ဆီနဲ့ ရော်နယ်ဒိုတို့ခေတ် ကုန်ဆုံးပြီးနောက် ဘောလုံးလောကကို လွှမ်းမိုးမယ့်အနေအထားမှာ ရှိလာခဲ့ပြီဖြစ်ပါတယ်။
ဂိုးဧရိယာအတွင်းမှာ ကြုံသလိုသွင်းယူနိုင်တဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားသလို ဘောလုံးနဲ့အတူ ဆွဲပြေးကာ အားပြင်းတဲ့ကန်ချက်တွေနဲ့လည်း ဟာလန်းက သွင်းယူနိုင်စွမ်းရှိပါတယ်။
သူ့အသက်အရွယ် တန်းမှာတော့ ဟာလန်းက ခြေစွမ်းအကောင်းဆုံးကစားသမားအဖြစ်ရှိနေပြီး ရော်နယ်ဒို၊ မက်ဆီတို့ရဲ့ သွင်းဂိုးစံချိန်တွေကို လိုက်မီမယ့် ကစားသမားလို့လည်း ထင်ကြေးပေးခံနေရပြီဖြစ်ပါတယ်။
Zawgyi Version
ေဒါ့မြန္တိုက္စစ္မႉး ဟာလန္းကေတာ့ ယမန္ေန႕ကကစားခဲ့တဲ့ ယူနီယံဘာလင္နဲ႕ပြဲမွာလည္း အသင္းအတြက္ ၂ဂိုးအထိ သြင္းယူကာ ေျခစြမ္းျပသြားခဲ့ၿပီး သူ႕ရဲ႕ဂိုးသြင္းစြမ္းရည္ ျမင့္မားေနတာကို
ထိန္းသိမ္းခဲ့သလို ၾသဂုတ္လအတြက္ ဘြန္ဒက္လီဂါ အေကာင္းဆုံကစားသမားဆုကို သူ ထိုက္ထိုက္တန္တန္ ရရွိခဲ့တယ္ဆိုတာ ကိုပါ သက္ေသထူခဲ့ပါတယ္။
ေဒါ့မြန္အေနနဲ႕ ေခ်ပဂိုးေတြ ျပန္ေပးခဲ့ရလို႔ စိုးရိမ္စရာ အေနအထား ေရာက္ခဲ့ေပမယ့္ ဟာလန္းက စိတ္ေအးလက္ေအး ျဖစ္သြားေအာင္ အသင္းကို ကယ္တင္ေပးခဲ့ပါတယ္။ ခ်န္ပီယံလိဂ္မွာ ၁၇ ပြဲကစားၿပီး
သြင္းဂိုး ၂၁ ဂိုးအထိ ရရွိခဲ့ကာ မက္ဆီနဲ႕ ေရာ္နယ္ဒိုတို႔ ထက္သာလြန္တဲ့ စြမ္းေဆာင္ရည္မ်ိဳးကို ျပသခဲ့တဲ့ ဟာလန္းက ေဒါ့မြန္အတြက္ ၿပိဳင္ပြဲစုံ ၆၇ ပြဲမွာ ၆၈ ဂိုးအထိ ရရွိသြားခဲ့ၿပီျဖစ္ပါတယ္။
ဒီရာသီ ဘြန္ဒက္လီဂါမွာ ၅ ပြဲကစားအၿပီး ၇ ဂိုးအထိ ရရွိထားသလို ၿပိဳင္ပြဲစုံ ၈ ပြဲမွာ ၁၁ ဂိုးအထိ ဟာလန္းက သြင္းယူထားၿပီး ျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ ေနာ္ေဝၾကယ္ပြင့္ဟာ
လက္ေ႐ြးစင္အသင္းႀကီးမွာလည္း ေျခစြမ္းျပေနခဲ့ၿပီး သူ႕ရဲ႕ေျခစြမ္းက မက္ဆီနဲ႕ ေရာ္နယ္ဒိုတို႔ေခတ္ ကုန္ဆုံးၿပီးေနာက္ ေဘာလုံးေလာကကို လႊမ္းမိုးမယ့္အေနအထားမွာ ရွိလာခဲ့ၿပီျဖစ္ပါတယ္။
ဂိုးဧရိယာအတြင္းမွာ ႀကဳံသလိုသြင္းယူနိုင္တဲ့ စြမ္းရည္ကိုပိုင္ဆိုင္ထားသလို ေဘာလုံးနဲ႕အတူ ဆြဲေျပးကာ အားျပင္းတဲ့ကန္ခ်က္ေတြနဲ႕လည္း ဟာလန္းက သြင္းယူနိုင္စြမ္းရွိပါတယ္။
သူ႕အသက္အ႐ြယ္ တန္းမွာေတာ့ ဟာလန္းက ေျခစြမ္းအေကာင္းဆုံးကစားသမားအျဖစ္ရွိေနၿပီး ေရာ္နယ္ဒို၊ မက္ဆီတို႔ရဲ႕ သြင္းဂိုးစံခ်ိန္ေတြကို လိုက္မီမယ့္ ကစားသမားလို႔လည္း ထင္ေၾကးေပးခံေနရၿပီျဖစ္ပါတယ္။