Spots news

ဗန်ဒီဘိခ်ကို ဇန်နဝါရီမှာခေါ်ယူမယ့် စီးရီးအေထိပ်သီး နဲ့ မနက်ခင်းသတင်းတိုများ

Unicode Version

အဲဗာတန်အသင်းရဲ့ ကိုလံဘီယာ တိုက်စစ်ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ဟာ နည်းပြသစ် ရာဖေးလ် ဘင်နီတက်ဇ်လက်ထက် အသင်းမှာ ပုံမှန်နေရာရရှိဖို့ ရုန်းကန်နေရတဲ့အပေါ် စိတ်ပျက်လျက်ရှိနေပြီး

အသင်းကနေ ထွက်ခွာဖို့အတွက် စဉ်းစားလျက်ရှိနေသလို လက်ရှိမှာလည်း ကာတာကလပ် အသင်းတစ်သင်းနဲ့ပါ အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးနေပြီလို့ သတင်းထွက်ပေါ်နေပါတယ်

အဲဗာတန်အသင်းဟာ ဆန်းဒါးလန်းအသင်းက လူငယ်တိုက်စစ်မှူး ဖရန်ဆစ် အိုကိုရွန်ကိုကို ပေါင်၁သန်းဖြင့် ခေါ်ယူလိုက်ပါတယ်။ အသက်၁၇နှစ်သားဟာ ၂၀၂၄ခုနှစ် နွေရာသီကာလအထိ အဲဗာတန်နဲ့ ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုခဲ့ပြီး မာဆေးဆိုက်ဒ်ကလပ်ရဲ့ ယူ၁၈အသင်းမှာ ပါဝင်ကစားသွားမှာ ဖြစ်ပါတယ်။

လီဗာပူး အသင်းရဲ့ လက်ထောက် နည်းပြ ကတော့ ကွင်းလယ်လူ သီယာဂို အယ်ကန်ထရာ် နဲ့ နောက်ခံလူ အလက်ဇန်းဒါးအာနိုးလ် တို့ ဟာ ကြားရက်မှာ ကစားမယ့် ကာရာဘောင် ဖလားပွဲစဉ် ကို လွဲချော်မယ် လို့ ထုတ်ဖော် ပြောဆို သွားခဲ့ ပါတယ်။

ယူနိုက်တက် နည်းပြ အိုလေ ဂန်နာ ဆိုးရှား ကတော့ လင်ဂတ်ဟာ လာမယ့် ကြားရက်မှာ ယှဉ်ပြိုင် ကစားမယ့် ကာရာဘောင် ဖလားပွဲ မှာ ကျိန်းသေ ပါဝင်ကစားမှာ ဖြစ်တယ်လို့ အတည်ပြု ပြောဆိုသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လင်ဂတ်ကို စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေပြီ ဖြစ်ပါတယ်။

အင်တာမီလန် အသင်းဟာ မန်ချက်စတာယူနိုက်တက်မှာ နေရာပျောက်နေတဲ့ ဗန်ဒီဘိခ်ကို လာမယ့် ဇန်နဝါရီမှာ ခေါ်ယူသွားဖို့ စိတ်ဝင်စား နေတယ်လို့ သိရပါတယ်။ ယူနိုက်တက် ဟာ ဗန်ဒီဘိခ်၊ မာရှယ် ၊ ဘိုင်လီ ၊ ဂျုံးစ် ၊ ဒါးလော့ တို့ကို ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဈေးကွက်တင် ရောင်းထုတ် သွားဖို့ အစီအစဉ် ရေးဆွဲ နေတယ်လို့ သိရ ပါတယ်။

Zawgyi Version

အဲဗာတန္အသင္းရဲ႕ ကိုလံဘီယာ တိုက္စစ္ကစားသမား ဂ်ိမ္းစ္ရိုဒရီဂြက္ဇ္ဟာ နည္းျပသစ္ ရာေဖးလ္ ဘင္နီတက္ဇ္လက္ထက္ အသင္းမွာ ပုံမွန္ေနရာရရွိဖို႔ ႐ုန္းကန္ေနရတဲ့အေပၚ စိတ္ပ်က္လ်က္ရွိေနၿပီး

အသင္းကေန ထြက္ခြာဖို႔အတြက္ စဥ္းစားလ်က္ရွိေနသလို လက္ရွိမွာလည္း ကာတာကလပ္ အသင္းတစ္သင္းနဲ႕ပါ အေျပာင္းအေ႐ႊ႕ကိစၥေတြ ေဆြးေႏြးေနၿပီလို႔ သတင္းထြက္ေပၚေနပါတယ္

အဲဗာတန္အသင္းဟာ ဆန္းဒါးလန္းအသင္းက လူငယ္တိုက္စစ္မႉး ဖရန္ဆစ္ အိုကို႐ြန္ကိုကို ေပါင္၁သန္းျဖင့္ ေခၚယူလိုက္ပါတယ္။ အသက္၁၇ႏွစ္သားဟာ ၂၀၂၄ခုႏွစ္ ေႏြရာသီကာလအထိ အဲဗာတန္နဲ႕ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့ၿပီး မာေဆးဆိုက္ဒ္ကလပ္ရဲ႕ ယူ၁၈အသင္းမွာ ပါဝင္ကစားသြားမွာ ျဖစ္ပါတယ္။

လီဗာပူး အသင္းရဲ႕ လက္ေထာက္ နည္းျပ ကေတာ့ ကြင္းလယ္လူ သီယာဂို အယ္ကန္ထရာ္ နဲ႕ ေနာက္ခံလူ အလက္ဇန္းဒါးအာနိုးလ္ တို႔ ဟာ ၾကားရက္မွာ ကစားမယ့္ ကာရာေဘာင္ ဖလားပြဲစဥ္ ကို လြဲေခ်ာ္မယ္ လို႔ ထုတ္ေဖာ္ ေျပာဆို သြားခဲ့ ပါတယ္ ။

ယူနိုက္တက္ နည္းျပ အိုေလ ဂန္နာ ဆိုးရွား ကေတာ့ လင္ဂတ္ဟာ လာမယ့္ ၾကားရက္မွာ ယွဥ္ၿပိဳင္ ကစားမယ့္ ကာရာေဘာင္ ဖလားပြဲ မွာ က်ိန္းေသ ပါဝင္ကစားမွာ ျဖစ္တယ္လို႔ အတည္ျပဳ ေျပာဆိုသြားခဲ့ပါတယ္။ ယူနိုက္တက္ဟာ လင္ဂတ္ကို စာခ်ဳပ္သက္တမ္းတိုးဖို႔ ႀကိဳးစားေနၿပီ ျဖစ္ပါတယ္။

အင္တာမီလန္ အသင္းဟာ မန္ခ်က္စတာယူနိုက္တက္ မွာ ေနရာေပ်ာက္ ေနတဲ့ ဗန္ဒီဘိ ကို လာမယ့္ ဇန္နဝါရီမွာ ေခၚယူသြားဖို႔ စိတ္ဝင္စား ေနတယ္လို႔ သိရ ပါတယ္ ။ ယူနိုက္တက္ ဟာ ဗန္ဒီဘိခ္၊ မာရွယ္ ၊ ဘိုင္လီ ၊ ဂ်ဳံးစ္ ၊ ဒါးေလာ့ တို႔ကို ဇန္နဝါရီ အေျပာင္းအေ႐ႊ႕မွာ ေဈးကြက္တင္ ေရာင္းထုတ္ သြားဖို႔ အစီအစဥ္ ေရးဆြဲ ေနတယ္လို႔ သိရ ပါတယ္ ။