Spots news

ပရီးမီးယားလိဂ်မှာ ၃ မှတ်ရဖို့ အသည်းအသန် ကန်နေရကြောင်း ရော်နယ်ဒိုဝန်ခံ

Unicode Version

ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကတော့ သူ့အနေနဲ့ ဘအသင်းဟောင်း ယူနိုက်တက်နဲ့အတူ ပရီးမီးယားလိဂ်ကို ပြန်လည်ပြောင်းရွေ့လာပြီး ပွဲစဉ်တိုင်းကို နိုင်ပွဲတစ်ပွဲရရှိဖို့ အသည်းအသန် ကြိုးစား၍ ခက်ခက်ခဲခဲ တိုက်ပွဲဝင်နေရကြောင်း ဝန်ခံပြောကြား ခဲ့ပါတယ်။

ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ရော်နယ်ဒိုက အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြန်လာရခြင်းအပေါ် အလွန် ဝမ်းမြောက် မိကြောင်းနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တစ်သင်းနဲ့တစ်သင်း အပြိုင်အဆိုင် အကြိတ်အနယ် ရှိမှုအတွက် ကျေနပ်မိကြောင်းလည်း ပြောကြားခဲ့ပါတယ်။

”ပရီးမီးယားလိဂ် ပွဲစဉ်တိုင်းက ၃ မှတ်ရဖို့အတွက် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရပါတယ်။ ဝက်စ်ဟမ်း အသင်းနဲ့ ပွဲမှာဆိုရင် ကျွန်တော်တို့အသင်းဟာ ကျွန်တော်တို့ လိုချင်တဲ့ ပုံစံကို ရဖို့အတွက် ခက်ခက်ခဲခဲ ကြိုးပမ်းခဲ့ ရပါတယ်။”

” ဒါပေမဲ့ သွင်းဂိုးတွေအတွက် ကျွန်တော်တို့ရဲ့ ယုံကြည်မှုကိုတော့ နောက်ဆုံးအချိန်အထိ ထိန်းထားနိုင်ခဲ့ပါတယ်။ လက်တွဲကြမယ်၊ ကြံ့ခိုင်ကြမယ်၊ ပစ်မှတ်ထားကြမယ်”ဟု သူ့ရဲ့ Twitter  စာမျက်နှာ ပေါ်မှာ ရေးသားခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ရော်နယ်ဒိုဟာ အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ အသင်းဟောင်း ယူနိုက်တက်သို့ ပြန်လည်ပြောင်းရွှေ့လာခဲ့သူဖြစ်ပြီး ယူနိုက်တက်အတွက် ပရီးမီးယားလိဂ်နှင့် ချန်ပီယံလိဂ်တို့တွင် ဂိုးများဆက်တိုက်သွင်းယူပေးနိုင်ခဲ့ပါတယ်။

သူဟာ ဝက်စ်ဟမ်းအသင်းနှင့် ပွဲမှာလဲ အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး ယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှားက ရော်နယ်ဒိုရဲ့ အသင်းအပေါ် အကျိုးပြုနိုင်စွမ်းနှင့် ကြီးမားသည့် သက်ရောက်မှုအပေါ် ချီးကျူးပြောဆိုမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရပါတယ်။

Zawgyi Version

ယူနိုက္တက္အသင္းရဲ႕ တိုက္စစ္မႉး ခရစၥတီယာနို ေရာ္နယ္ဒိုကေတာ့ သူ႕အေနနဲ႕ ဘအသင္းေဟာင္း ယူနိုက္တက္နဲ႕အတူ ပရီးမီးယားလိဂ္ကို ျပန္လည္ေျပာင္းေ႐ြ႕လာၿပီး ပြဲစဥ္တိုင္းကို နိုင္ပြဲတစ္ပြဲရရွိဖို႔ အသည္းအသန္ ႀကိဳးစား၍ ခက္ခက္ခဲခဲ တိုက္ပြဲဝင္ေနရေၾကာင္း ဝန္ခံေျပာၾကား ခဲ့ပါတယ္။

ေပၚတူဂီ လက္ေ႐ြးစင္ တိုက္စစ္မႉး ေရာ္နယ္ဒိုက အဂၤလန္ ပရီးမီးယားလိဂ္သို႔ ျပန္လာရျခင္းအေပၚ အလြန္ ဝမ္းေျမာက္ မိေၾကာင္းႏွင့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲရဲ႕ တစ္သင္းနဲ႕တစ္သင္း အၿပိဳင္အဆိုင္ အႀကိတ္အနယ္ ရွိမႈအတြက္ ေက်နပ္မိေၾကာင္းလည္း ေျပာၾကားခဲ့ပါတယ္။

”ပရီးမီးယားလိဂ္ ပြဲစဥ္တိုင္းက ၃ မွတ္ရဖို႔အတြက္ ျပင္းျပင္းထန္ထန္ တိုက္ခိုက္ရပါတယ္။ ဝက္စ္ဟမ္း အသင္းနဲ႕ ပြဲမွာဆိုရင္ ကြၽန္ေတာ္တို႔အသင္းဟာ ကြၽန္ေတာ္တို႔ လိုခ်င္တဲ့ ပုံစံကို ရဖို႔အတြက္ ခက္ခက္ခဲခဲ ႀကိဳးပမ္းခဲ့ ရပါတယ္။”

” ဒါေပမဲ့ သြင္းဂိုးေတြအတြက္ ကြၽန္ေတာ္တို႔ရဲ႕ ယုံၾကည္မႈကိုေတာ့ ေနာက္ဆုံးအခ်ိန္အထိ ထိန္းထားနိုင္ခဲ့ပါတယ္။ လက္တြဲၾကမယ္၊ ႀကံ့ခိုင္ၾကမယ္၊ ပစ္မွတ္ထားၾကမယ္”ဟု သူ႕ရဲ႕ Twitter  စာမ်က္ႏွာ ေပၚမွာ ေရးသားခဲ့ပါတယ္။

အသက္ ၃၆ ႏွစ္အ႐ြယ္ ရွိၿပီျဖစ္တဲ့ ေရာ္နယ္ဒိုဟာ အေျပာင္းအေ႐ႊ႕ ေနာက္ဆုံးရက္မွာ အသင္းေဟာင္း ယူနိုက္တက္သို႔ ျပန္လည္ေျပာင္းေ႐ႊ႕လာခဲ့သူျဖစ္ၿပီး ယူနိုက္တက္အတြက္ ပရီးမီးယားလိဂ္ႏွင့္ ခ်န္ပီယံလိဂ္တို႔တြင္ ဂိုးမ်ားဆက္တိုက္သြင္းယူေပးနိုင္ခဲ့ပါတယ္။

သူဟာ ဝက္စ္ဟမ္းအသင္းႏွင့္ ပြဲမွာလဲ အသင္းအတြက္ ေခ်ပဂိုးကို သြင္းယူေပးခဲ့ၿပီး ယူနိုက္တက္ အသင္းနည္းျပ ဆိုးလ္ရွားက ေရာ္နယ္ဒိုရဲ႕ အသင္းအေပၚ အက်ိဳးျပဳနိုင္စြမ္းႏွင့္ ႀကီးမားသည့္ သက္ေရာက္မႈအေပၚ ခ်ီးက်ဴးေျပာဆိုမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း သိရွိရပါတယ္။