Spots news

ပွဲကြပ်ကာလမှာ လူငယ်များဖြင့်သာ ရင်ဆိုင်ရမည်ဟု ဂွာဒီယိုလာ ဝန်ခံ

Unicode Version

ပြီးခဲ့တဲ့အပတ်က ယှဉ်ပြိုင်ခဲ့ မန်စီးတီးအသင်းနဲ့ ဆောက်သမ်တန်အသင်း ပွဲစဉ်မှာ မန်စီးတီးအသင်းမှာ လာပေါ့ပ်၊ စတုန်း, ရိုဒရီနဲ့ ဇင်ချန်ကိုတို့ ပါဝင်ကစားနိုင်ခြင်းမရှိတာကြောင့် မန်စီးတီးအသင်းဟာ ဂိုးပေါက်တည့်အောင်ပင် မကန်နိုင်ပဲ ရုန်းကန်ခဲ့ရပြီး သရေရလဒ်သာရရှိခဲ့ပါတယ်။

ဗုဒ္ဓဟူးမနက်မှာ ယှဉ်ပြိုင်ကစားမယ့် ဝီးကုမ်းမ်အသင်းနဲ့ပွဲစဉ်မှာလည်း အဆိုပါကစားသမားများအပြင် ကွင်းလယ်လူဂန်ဒိုဂမ်ဟာလည်း ပါဝင်ကစားနိုင်ဖို့ မသေချာသေးတာကြောင့် နည်းပြပက်ပ် ဂွာဒီယိုလာက အကယ်ဒမီ ကစားသမားတွေနဲ့ ပွဲထွက်လာဖွယ်ရှိတယ်လို့ ဆိုလိုက်ပါတယ်။

” ကျနော့်မှာ ရွေးချယ်စရာတွေမရှိပါဘူး။ကျနော်တို့ လူငယ်ကစားသမား အနည်းငယ်ကို ပွဲထွက်လူစာရင်းထဲ ထည့်သွင်းလာမှာပါ။ စတုန်း၊ လာပေါ့ပ်၊ ဇင်ချန်ကို ၊ ရိုဒရီနဲ့ ဂန်ဒိုဂမ်တို့ဟာ

ဒဏ်ရာပြဿနာတွေရှိနေပါတယ်။ဒါကြောင့် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖို့ မသေချာသေးပါဘူး။ ဒါဟာ အကယ်ဒမီ ကစားသမားတွေအတွက် အခွင့်အရေး ဖြစ်လာနိုင်ပါတယ်။” လို့ဆိုသွားခဲ့ပါတယ်။

မန်စီးတီးအသင်းဟာ ဝီးကုမ်းမ်အသင်းနဲ့ပွဲစဉ်အပြီး ချန်ပီယံပြိုင်ဘက်ဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်သွားရမှာဖြစ်ပြီး ချန်ပီယံလိဂ် ဒုတိယပွဲစဉ်အဖြစ်လည်း ပြင်သစ် ထိပ်သီးကလပ် PSG အသင်းကို အဝေးကွင်းမှာ ထပ်မံရင်ဆိုင် သွားရမှာလည်း ဖြစ်ပါတယ်။

အဆိုပါ ပွဲကြပ်တွေကိုရင်ဆိုင်ဖို့ ကစားသမားတွေကို အလှည့်ကျစနစ်နဲ့ ပွဲထွက်စေမယ်လို့ပြောကြားခဲ့ ပါသေးတယ်။ ” တချို့ကစားသမားတွေက နောက်လာမယ့် ပွဲစဉ်တွေအတွက် အနားယူခွင့်ရမှာပါ။

ရူဘင်ဒီယက်ဇ်နဲ့ ကန်ဆယ်လိုတို့ဆို မိနစ် တော်တော်များများ ကစားခဲ့ရ ပြီးပါပြီ။ဒါကြောင့်မို့လို့ ဝီးကုမ်းမ် အသင်းနဲ့ပွဲစဉ်မှာ ပါဝင်လာလိမ့်မှာ မဟုတ်ပါဘူး” လို့လည်း အရိတ်အမြွတ် ပြောကြား သွားခဲ့ပါတယ်။

Zawgyi Version

ၿပီးခဲ့တဲ့အပတ္က ယွဥ္ၿပိဳင္ခဲ့ မန္စီးတီးအသင္းနဲ႕ ေဆာက္သမ္တန္အသင္း ပြဲစဥ္မွာ မန္စီးတီးအသင္းမွာ လာေပါ့ပ္၊ စတုန္း, ရိုဒရီနဲ႕ ဇင္ခ်န္ကိုတို႔ ပါဝင္ကစားနိုင္ျခင္းမရွိတာေၾကာင့္ မန္စီးတီးအသင္းဟာ ဂိုးေပါက္တည့္ေအာင္ပင္ မကန္နိုင္ပဲ ႐ုန္းကန္ခဲ့ရၿပီး သေရရလဒ္သာရရွိခဲ့ပါတယ္။

ဗုဒၶဟူးမနက္မွာ ယွဥ္ၿပိဳင္ကစားမယ့္ ဝီးကုမ္းမ္အသင္းနဲ႕ပြဲစဥ္မွာလည္း အဆိုပါကစားသမားမ်ားအျပင္ ကြင္းလယ္လူဂန္ဒိုဂမ္ဟာလည္း ပါဝင္ကစားနိုင္ဖို႔ မေသခ်ာေသးတာေၾကာင့္ နည္းျပပက္ပ္ ဂြာဒီယိုလာက အကယ္ဒမီ ကစားသမားေတြနဲ႕ ပြဲထြက္လာဖြယ္ရွိတယ္လို႔ ဆိုလိုက္ပါတယ္။

” က်ေနာ့္မွာ ေ႐ြးခ်ယ္စရာေတြမရွိပါဘူး။က်ေနာ္တို႔ လူငယ္ကစားသမား အနည္းငယ္ကို ပြဲထြက္လူစာရင္းထဲ ထည့္သြင္းလာမွာပါ။ စတုန္း၊ လာေပါ့ပ္၊ ဇင္ခ်န္ကို ၊ ရိုဒရီနဲ႕ ဂန္ဒိုဂမ္တို႔ဟာ

ဒဏ္ရာျပႆနာေတြရွိေနပါတယ္။ဒါေၾကာင့္ ပြဲထြက္လူစာရင္းမွာ ပါဝင္လာဖို႔ မေသခ်ာေသးပါဘူး။ ဒါဟာ အကယ္ဒမီ ကစားသမားေတြအတြက္ အခြင့္အေရး ျဖစ္လာနိုင္ပါတယ္။” လို႔ဆိုသြားခဲ့ပါတယ္။

မန္စီးတီးအသင္းဟာ ဝီးကုမ္းမ္အသင္းနဲ႕ပြဲစဥ္အၿပီး ခ်န္ပီယံၿပိဳင္ဘက္ျဖစ္တဲ့ ခ်ယ္လ္ဆီးအသင္းနဲ႕ အေဝးကြင္းမွာ ရင္ဆိုင္သြားရမွာျဖစ္ၿပီး ခ်န္ပီယံလိဂ္ ဒုတိယပြဲစဥ္အျဖစ္လည္း ျပင္သစ္ ထိပ္သီးကလပ္ PSG အသင္းကို အေဝးကြင္းမွာ ထပ္မံရင္ဆိုင္ သြားရမွာလည္း ျဖစ္ပါတယ္။

အဆိုပါ ပြဲၾကပ္ေတြကိုရင္ဆိုင္ဖို႔ ကစားသမားေတြကို အလွည့္က်စနစ္နဲ႕ ပြဲထြက္ေစမယ္လို႔ေျပာၾကားခဲ့ ပါေသးတယ္။ ” တခ်ိဳ႕ကစားသမားေတြက ေနာက္လာမယ့္ ပြဲစဥ္ေတြအတြက္ အနားယူခြင့္ရမွာပါ။

႐ူဘင္ဒီယက္ဇ္နဲ႕ ကန္ဆယ္လိုတို႔ဆို မိနစ္ ေတာ္ေတာ္မ်ားမ်ား ကစားခဲ့ရ ၿပီးပါၿပီ။ဒါေၾကာင့္မို႔လို႔ ဝီးကုမ္းမ္ အသင္းနဲ႕ပြဲစဥ္မွာ ပါဝင္လာလိမ့္မွာ မဟုတ္ပါဘူး” လို႔လည္း အရိတ္အႁမြတ္ ေျပာၾကား သြားခဲ့ပါတယ္။