Unicode Version
အာဆင်နယ် ကွင်းလယ်ကစားမား အိုဇေးရဲ့ အာဆင်နယ် အသင်းက ထွက်ခွာမည့် အပြောင်းအရွေ့ ကို ယခုလမကုန်ခင် အပြီးသတ် ပြုလုပ်မှာ ဖြစ်ပါတယ်။
နှစ်ဖက် အသင်းများမှ တရားဝင်ကြေငြာမှု မရှိသေးပေမယ့် မာဆက်အိုဇေးဟာ ဖီနာဖာချီ အသင်းသို့ ပြောင်းရွေ့မည့် သတင်းမှာ ရာနှုန်းပြည့် သေချာလျက်ရှိပြီး ဖြစ်နေပါပြီ။
အာဆင်နယ် အသင်းမှ ပြောင်းရွေ့ခွင့် ရရှိဖို့ အကြာကြီး စောင့်ခဲ့ရတဲ့ ဂျာမန် ကွင်းလယ်လူ အတွက်တော့ ကွင်းဘေးမှာ ထီးဆောင်းရင်း ဘောလုံးပွဲ ကြည့်ခဲ့ရတဲ့ အချိန်တွေ ဟာ ခက်ခဲကြမ်းတမ်း လွန်းနေခဲ့မှာပါ။
၂၀၂၀ မတ်လ ကတည်းက ဘောလုံး ကစားခွင့် မရရှိတော့တဲ့ အသက် ၃၂ အရွယ် ကစားသမား အဖို့ အသင်းသစ် ပြောင်းရွေ့ ရေးအတွက် လက်ရှိမှာ ဆွေးနွေးခွင့် ရရှိခဲ့ပြီ ဖြစ်ပြီး ရာသီကုန်မှ အာဆင်နယ်နဲ့ စာချုပ် သက်တမ်း ကုန်ဆုံးမှာ ဖြစ်ပေမယ့် လက်ရှိ အပြောင်း အရွေ့ ကာလမှာ ပြောင်းရွေ့တာက နှစ်ဖက်လုံး အတွက် အကျိုး ရှိမှာပဲ ဖြစ်ပါတယ်။
အိုဇေးဟာ အမေရိကန်ကို ပြောင်းရွေ့လာဖို့ ဒီစီ ယူနိုက်တက် ရဲ့ မြင့်မားလှတဲ့ လုပ်ခလစာ အပြင် ကော်ဖီဆိုင် တစ်ဆိုင်ကိုပါ ပေး၍ ကမ်းလှမ်းမှုကို ရရှိ ခဲ့ကြောင်း အိုဇေးရဲ့ အေးဂျင့်က ပြောဆို ခဲ့ပါတယ်။
သို့ပေမယ့် အစ်စတန်ဘူ အခြေစိုက် ဖီနာဖာချီ အသင်းက အိုဇေး ပြောင်းရွေ့ဖို့ ဆုံးဖြတ်ထားတဲ့ အသင်း ဖြစ်ခဲ့ပါတယ်။
တူရကီ နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Spor X ရဲ့ အဆိုအရ အိုဇေးဟာ အာဆင်နယ် အသင်းနဲ့ စာချုပ် ကုန်ဆုံးသွား လျှင် ဖီနာဖာချီ အသင်းသို့ ပြောင်းရွေ့ ကစားမည်ဟု မိခင်ဖြစ်သူ ကို ကတိပေးခဲ့ကြောင်း ဖော်ပြထားပါတယ်။
ဂျာမနီမှာ ကြီးပျင်းခဲ့ပြီး ဂျာမနီဘောလုံးလက်ရွေးစင် ကစားသမားတစ်ယောက် ဖြစ်တဲ့ အိုဇေးရဲ့ မွေးရပ်ဇာတိ ဟာ တူရကီနိုင်ငံဖြစ်ပြီး မိသားစု က ဖီနာဖာချီ ပရိတ်သတ် များ ဖြစ်ကြပါတယ်။ ထို့ကြောင့် အိုဇေး အနေနဲ့ မြင့်မားတဲ့ လုပ်ခ လစာတွေကို ပယ်ချပြီး မိခင်ကို ပေးခဲ့တဲ့ ကတိကို တည်ခဲ့တာ အံ့ဩစရာ မဟုတ်ကြောင်း ရေးသား ထားခဲ့ပါတယ်။
အလှူအတန်း ရက်ရောပြီး သဘောကောင်းတဲ့ အိုဇေး ဟာ ကိုဗစ်ကပ်ရောဂါ ရိုက်ခတ်မှုကြောင့် အာဆင်နယ် အသင်းရဲ့ ငွေကြေး စီမံမှုအရ ဝန်ထမ်းလျော့ချ တဲ့အထဲ ပါဝင်ခဲ့တဲ့ အာဆင်နယ် လာဘ်ကောင် ရုပ်လေး ဂန်းနားဆောရပ်စ် ကို သူကိုယ်တိုင် လစာပေး၍ အသင်းမှာ ဆက်လက် ရှိနေ စေပေမယ့် အိုဇေးပြောင်းရွေ့ သွားခဲ့ရင် လာဘ်ကောင်ရုပ်လေး အနေနဲ့ အာဆင်နယ် အသင်းမှာ မြင်တွေ့ခွင့် ရှိနိုင်ပါ ဦးမလား ၊ အာဆင်နယ် အသင်း အနေနဲ့ ပြန်လည် လျော့ချ ပစ်မလား ဆိုတာတော့ စောင့်ကြည့်ရမှာပါ။
လက်ရှိ အိုဇေး နဲ့ ဖီနာဖာချီ တို့ရဲ့ အပြောင်းအရွေ့ကို သတင်းဌာန အတော်များများက ဖော်ပြနေကြတာဖြစ်လို့ မကြာခင်မှာ Official တက်လာဖို့ရှိပါတယ်.
Zawgyi Version
အာဆင္နယ္ ကြင္းလယ္ကစားမား အိုေဇးရဲ႕ အာဆင္နယ္ အသင္းက ထြက္ခြာမည့္ အေျပာင္းအေ႐ြ႕ ကို ယခုလမကုန္ခင္ အၿပီးသတ္ ျပဳလုပ္မွာ ျဖစ္ပါတယ္။ ႏွစ္ဖက္အသင္းမ်ားမွ တရားဝင္ေၾကျငာမႈ မရွိေသးေပမယ့္ မာဆက္အိုေဇးဟာ ဖီနာဖာခ်ီ အသင္းသို႔ ေျပာင္းေ႐ြ႕မည့္ သတင္းမွာ ရာႏႈန္းျပည့္ ေသခ်ာလ်က္ရွိၿပီး ျဖစ္ေနပါၿပီ။
အာဆင္နယ္ အသင္းမွ ေျပာင္းေ႐ြ႕ခြင့္ ရရွိဖို႔ အၾကာႀကီး ေစာင့္ခဲ့ရတဲ့ ဂ်ာမန္ကြင္းလယ္လူ အတြက္ေတာ့ ကြင္းေဘးမွာ ထီးေဆာင္းရင္း ေဘာလုံးပြဲ ၾကည့္ခဲ့ရတဲ့ အခ်ိန္ေတြ ဟာ ခက္ခဲၾကမ္းတမ္း လြန္းေနခဲ့မွာပါ။
၂၀၂၀ မတ္လ ကတည္းက ေဘာလုံးကစားခြင့္ မရရွိေတာ့တဲ့ အသက္ ၃၂ အ႐ြယ္ ကစားသမား အဖို႔ အသင္းသစ္ ေျပာင္းေ႐ြ႕ ေရးအတြက္ လက္ရွိမွာ ေဆြးေႏြးခြင့္ ရရွိခဲ့ၿပီ ျဖစ္ၿပီး ရာသီကုန္မွ အာဆင္နယ္နဲ႕ စာခ်ဳပ္ သက္တမ္း ကုန္ဆုံးမွာ ျဖစ္ေပမယ့္ လက္ရွိ အေျပာင္းအေ႐ြ႕ ကာလမွာ ေျပာင္းေ႐ြ႕တာက ႏွစ္ဖက္လုံး အတြက္ အက်ိဳးရွိမွာပဲ ျဖစ္ပါတယ္။
အိုေဇးဟာ အေမရိကန္ကို ေျပာင္းေ႐ြ႕လာဖို႔ ဒီစီ ယူနိုက္တက္ရဲ႕ ျမင့္မားလွတဲ့ လုပ္ခလစာ အျပင္ ေကာ္ဖီဆိုင္ တစ္ဆိုင္ကိုပါ ေပး၍ ကမ္းလွမ္းမႈကို ရရွိ ခဲ့ေၾကာင္း အိုေဇးရဲ႕ ေအးဂ်င့္က ေျပာဆို ခဲ့ပါတယ္။ သို႔ေပမယ့္ အစ္စတန္ဘူ အေျခစိုက္ ဖီနာဖာခ်ီ အသင္းက အိုေဇး ေျပာင္းေ႐ြ႕ဖို႔ ဆုံးျဖတ္ထားတဲ့ အသင္း ျဖစ္ခဲ့ပါတယ္။
တူရကီ နာမည္ႀကီး သတင္းဌာန တစ္ခုျဖစ္တဲ့ Spor X ရဲ႕ အဆိုအရ အိုေဇးဟာ အာဆင္နယ္ အသင္းနဲ႕ စာခ်ဳပ္ ကုန္ဆုံးသြား လွ်င္ ဖီနာဖာခ်ီ အသင္းသို႔ ေျပာင္းေ႐ြ႕ ကစားမည္ဟု မိခင္ျဖစ္သူ ကို ကတိေပးခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။
ဂ်ာမနီမွာ ႀကီးပ်င္းခဲ့ၿပီး ဂ်ာမနီေဘာလုံးလက္ေ႐ြးစင္ ကစားသမားတစ္ေယာက္ ျဖစ္တဲ့ အိုေဇးရဲ႕ ေမြးရပ္ဇာတိ ဟာ တူရကီနိုင္ငံျဖစ္ၿပီး မိသားစု က ဖီနာဖာခ်ီ ပရိတ္သတ္မ်ား ျဖစ္ၾကပါတယ္။ ထို႔ေၾကာင့္ အိုေဇး အေနနဲ႕ ျမင့္မားတဲ့ လုပ္ခ လစာေတြကို ပယ္ခ်ၿပီး မိခင္ကို ေပးခဲ့တဲ့ ကတိကို တည္ခဲ့တာ အံ့ဩစရာမဟုတ္ေၾကာင္း ေရးသားထားခဲ့ပါတယ္။
အလႉအတန္းရက္ေရာၿပီး သေဘာေကာင္းတဲ့ အိုေဇး ဟာ ကိုဗစ္ကပ္ေရာဂါ ရိုက္ခတ္မႈေၾကာင့္ အာဆင္နယ္အသင္းရဲ႕ ေငြေၾကးစီမံမႈ ဝန္ထမ္းေလ်ာ့ခ် တဲ့အထဲပါဝင္ခဲ့တဲ့ အာဆင္နယ္လာဘ္ေကာင္ ႐ုပ္ေလး ဂန္းနားေဆာရပ္စ္ ကို သူကိုယ္တိုင္ လစာေပး၍ အသင္းမွာ ဆက္လက္ရွိေနေစေပမယ့္ အိုေဇးေျပာင္းေ႐ြ႕သြားခဲ့ရင္ လာဘ္ေကာင္႐ုပ္ေလး အေနနဲ႕ အာဆင္နယ္ အသင္းမွာ ျမင္ေတြ႕ခြင့္ ရွိနိုင္ပါဦးမလား ၊ အာဆင္နယ္ အသင္းအေနနဲ႕ ျပန္လည္ ေလ်ာ့ခ် ပစ္မလားဆိုတာေတာ့ ေစာင့္ၾကည့္ရမွာပါ။
လက္ရွိ အိုေဇး နဲ႕ ဖီနာဖာခ်ီ တို႔ရဲ႕ အေျပာင္းအေ႐ြ႕ကို သတင္းဌာန အေတာ္မ်ားမ်ားက ေဖာ္ျပေနၾကတာျဖစ္လို႔ မၾကာခင္မွာ Official တက္လာဖို႔ရွိပါတယ္.