Spots news

ဂိုးရဖို့ ပီကေးကို တိုက်စစ်မှာထားကစားရတဲ့အထိ တိုင်ပတ်နေပြီဖြစ်တဲ့ ဘာစီလိုနာ

Unicode Version

မက်ဆီမရှိတော့တဲ့ ဘာစီလိုနာက တဖြည်းဖြည်းနဲ့ အခြေအနေ ဆိုးစပြုလာနေပါပြီ။ ချန်ပီယံလိဂ်မှာ ဘိုင်ယန်ကို ဘယ်လိုမှမယှဉ်နိုင်ဘဲ အိမ်ကွင်းမှာ ၃ ဂိုးပြတ်အရေးနိမ့်ခဲ့ပြီး

ဒီနေ့မနက်ပိုင်းက ကစားခဲ့တဲ့ ဂရန်နာဒါနဲ့ လာလီဂါပွဲမှာလည်း ကံကောင်းလို့သာ သရေရခဲ့ပြီး ခံစစ်မှူးပီကေးကို တိုက်စစ်တက်ကစားခိုင်းရတဲ့အထိ အခြေအနေတွေဆိုးနေခဲ့တာပါ။

ဂရန်နာဒါက ပထမပိုင်းမှာကတည်းက ဦးဆောင်ဂိုးသွင်းနေခဲ့ပြီး ဘာစီလိုနာတိုက်စစ်ကို ကြံ့ကြံ့ခံခဲ့ပါတယ်။ ဘာစီလိုနာအတွက် အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် ဂရန်နာဒါဂိုးသမားလက်စွမ်းပြခဲ့သလို

ခံစစ်ပိုင်းကလည်း အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ဘာကာတသင်းလုံးတက်ပြီး ဖိအားပေးကစားနေခဲ့ပေမယ့် မိနစ် ၉ဝမှသာ ချေပဂိုးရသွားခဲ့လို့ ကိုးမန်းတစ်ယောက် သက်ပြင်းချနိုင်ခဲ့တာပါ။

ဒါပေမယ့် အနိုင်မရခဲ့ဘဲ သရေဆိုတဲ့ရလဒ်က ကိုးမန်းအတွက်တော့ ဖိအားတွေရှိလာခဲ့ပါတယ်။ သူ ထုတ်ပယ်ခံရတော့မယ်ဆိုတဲ့ သတင်းတွေကလည်း လှိုင်လှိုင်ထွက်လာခဲ့ပြီး နယ်သာလန်သားနည်းပြကတော့ ဒါတွေကို ငြင်းဆိုခဲ့ပါတယ်။

ပွဲအပြီးမှာ သူ့အနာဂတ်နဲ့ပတ်သက်ပြိး မပြောချင်ဘူးလို့ ကိုးမန်းက အပြတ်ပြောရတဲ့အထိဖြစ်ခဲ့ပြီး ဒါဟာ ဘယ်လောက်ထိ ဖိအားတွေရှိနေလဲဆိုတာကို သိသာစေခဲ့ပါတယ်။

ကလပ်အသင်းရှေ့ဆက်သွားမယ့်အခါ သူ့ရဲ့အခန်းကဏ္ဍနဲ့ပတ်သက်ပြီး မေးမြန်းခဲ့မှုကို ကိုးမန်းက “ကျွန်တော့်အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှပြောစရာမရှိပါဘူး” လို့သာ ပြန်တုံ့ပြန်ခဲ့ပါတယ်။

ဒါ့အပြင် “ဘာကာက လွန်ခဲ့တဲ့ ၈ နှစ်က ဘာကာမဟုတ်တော့ပါဘူး၊ ကျွန်တော်တို့ ဘာကာနည်းလမ်းအတိုင်းပဲ ကစားခဲ့တာပါ” လို့ ထပ်မံပြောဆိုခဲ့ပါသေးတယ်။

Zawgyi Version

မက္ဆီမရွိေတာ့တဲ့ ဘာစီလိုနာက တျဖည္းျဖည္းနဲ႕ အေျခအေနေတြဆိုးစျပဳလာေနပါၿပီ။ ခ်န္ပီယံလိဂ္မွာ ဘိုင္ယန္ကို ဘယ္လိုမွမယွဥ္နိုင္ဘဲ အိမ္ကြင္းမွာ ၃ ဂိုးျပတ္အေရးနိမ့္ခဲ့ၿပီး

ဒီေန႕မနက္ပိုင္းက ကစားခဲ့တဲ့ ဂရန္နာဒါနဲ႕ လာလီဂါပြဲမွာလည္း ကံေကာင္းလို႔သာ သေရရခဲ့ၿပီး ခံစစ္မႉးပီေကးကို တိုက္စစ္တက္ကစားခိုင္းရတဲ့အထိ အေျခအေနေတြဆိုးေနခဲ့တာပါ။

ဂရန္နာဒါက ပထမပိုင္းမွာကတည္းက ဦးေဆာင္ဂိုးသြင္းေနခဲ့ၿပီး ဘာစီလိုနာတိုက္စစ္ကို ႀကံ့ႀကံ့ခံခဲ့ပါတယ္။ ဘာစီလိုနာအတြက္ အပိုင္အခြင့္အေရးေတြရခဲ့ေပမယ့္ ဂရန္နာဒါဂိုးသမားလက္စြမ္းျပခဲ့သလို

ခံစစ္ပိုင္းကလည္း အေကာင္းဆုံးကာကြယ္နိုင္ခဲ့ပါတယ္။ ဘာကာတသင္းလုံးတက္ၿပီး ဖိအားေပးကစားေနခဲ့ေပမယ့္ မိနစ္ ၉ဝမွသာ ေခ်ပဂိုးရသြားခဲ့လို႔ ကိုးမန္းတစ္ေယာက္ သက္ျပင္းခ်နိဳင္ခဲ့တာပါ။

ဒါေပမယ့္ အနိုင္မရခဲ့ဘဲ သေရဆိုတဲ့ရလဒ္က ကိုးမန္းအတြက္ေတာ့ ဖိအားေတြရွိလာခဲ့ပါတယ္။ သူ ထုတ္ပယ္ခံရေတာ့မယ္ဆိုတဲ့ သတင္းေတြကလည္း လွိုင္လွိုင္ထြက္လာခဲ့ၿပီး နယ္သာလန္သားနည္းျပကေတာ့ ဒါေတြကို ျငင္းဆိုခဲ့ပါတယ္။

ပြဲအၿပီးမွာ သူ႕အနာဂတ္နဲ႕ပတ္သက္ၿပိး မေျပာခ်င္ဘူးလို႔ ကိုးမန္းက အျပတ္ေျပာရတဲ့အထိျဖစ္ခဲ့ၿပီး ဒါဟာ ဘယ္ေလာက္ထိ ဖိအားေတြရွိေနလဲဆိုတာကို သိသာေစခဲ့ပါတယ္။

ကလပ္အသင္းေရွ႕ဆက္သြားမယ့္အခါ သူ႕ရဲ႕အခန္းက႑နဲ႕ပတ္သက္ၿပီး ေမးျမန္းခဲ့မႈကို ကိုးမန္းက “ကြၽန္ေတာ့္အနာဂတ္နဲ႕ပတ္သက္ၿပီး ဘာမွေျပာစရာမရွိပါဘူး” လို႔သာ ျပန္တုံ႕ျပန္ခဲ့ပါတယ္။

ဒါ့အျပင္ “ဘာကာက လြန္ခဲ့တဲ့ ၈ ႏွစ္က ဘာကာမဟုတ္ေတာ့ပါဘူး၊ ကြၽန္ေတာ္တို႔ ဘာကာနည္းလမ္းအတိုင္းပဲ ကစားခဲ့တာပါ” လို႔ ထပ္မံေျပာဆိုခဲ့ပါေသးတယ္။