Spots news

အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာဆို ဆွဲစားမယ့် စပိန် နဲ့ အီတလီ ထိပ်သီးနှစ်သင်း

Unicode Version

အီတလီ ထိပ်သီးကလပ် ဂျူဗင်တပ်နှင့် စပိန်အင်အားကြီး အက်သလက်တီကို မက်ဒရစ်အသင်းတို့ဟာ အာဆင်နယ်အသင်းမှ အင်္ဂလန်ကြယ်ပွင့်

လူငယ်တောင်ပံကစားသမား ဆာကာကို ခေါ်ယူရန် စောင့်ကြည့်လျက် ရှိနေပြီး ယခုနှစ်ဘောလုံးရာသီမှာပဲ ဆာကာအတွက် ကမ်းလှမ်းမှု ပြုလုပ်လာနိုင်ကြောင်း သိရပါတယ်။

ဆာကာဟာ ယခုနှစ်ဘောလုံးရာသီမှာ အာဆင်နယ်ရဲ့ အဓိက ကစားသမားအဖြစ် နေရာယူထားပြီး ယခုနှစ်ဘောလုံးရာသီ ပွဲထွက်ကစားသမားအဖြစ် လေးကြိမ် အပါအဝင် အာဆင်နယ်အတွက်

ပရီးမီးယားလိဂ် ၅ ပွဲ ပါဝင်ကစားထားပါတယ်။အသက် ၂၀ နှစ်အရွယ်သာရှိသေးပေမယ့် ဆာကာဟာ ယူရို ၂၀၂၁ မှာလဲ အင်္ဂလန်အသင်းနဲ့အတူ ဗိုလ်လုပွဲအထိ ခြေစွမ်းပြကစားပေး နိုင်ခဲ့သူပါ။

ထို့ကြောင့် ဥရောပထိပ်သီး ကလပ်အသင်းကြီးများက ဆာကာကို စိတ်ဝင်စားလာခြင်း ဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာ အသင်းရဲ့ လူငယ် တောင်ပံကစားသမားကို

အသင်းမှ လက်မလွှတ် ရစေရေးအတွက် မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ကို ဆာကာအတွက် သတ်မှတ်ထားနိုင်ကြောင်း သတင်းများက ဖော်ပြထားပါတယ်။

နည်းပြ ပြောင်းလဲမှုနဲ့ အတူ အသင်းကို ပြန်လည်အင်အား ဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ ဂျူဗင်တပ်အသင်းဟာ ဆာကာရဲ့ အခြေအနေကို အနီးကပ် စောင့်ဆိုင်း ကြည့်ရှုလျက်ရှိကြောင်း

စပိန်လာလီဂါ ချန်ပီယံ အက်သလက်တီကို မက်ဒရစ်ကလည်း ဆာကာကို စိတ်ဝင်စားနေကြောင်း ဥရောပ မီဒီယာတစ်ခုဖြစ်တဲ့ မာကာက ဖော်ပြခဲ့ပါတယ်။

အာဆင်နယ်ဟာ ဆာကာကို စိတ်ဝင်စားနေသော အသင်းများ ရှိခြင်းကို သိရှိနေပြီး ပြောင်းရွှေ့ကြေး ပေါင် ၄၃ သန်း ထက်နည်းသော ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားမည် မဟုတ်ကြောင်း

သတင်းများက ဖော်ပြထားပါတယ်။ ဆာကာဟာ နည်းပြ အာတီတာ အာဆင်နယ်ကို တာဝန်ယူပြီးနောက်ပိုင်း လူငယ်ကစားသမားဘဝမှ လူကြီးအသင်းတွင် ဝင်ဆန့်ပြီး ခြေစွမ်းပြ လာခြင်းဖြစ်ပါတယ်။

Zawgyi Version









