Spots news

လီဗာပူးအသင်းရဲ့ နောက်ထပ်ပွဲစဉ်တွေကို လွဲချောိမယ့် သီယာဂို ၊ ဖာမီနိုနဲ့ အာနိုး

Unicode Version

ပြီးခဲ့တဲ့ အပတ်က ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးအသင်းနဲ့ ခရစ္စတယ်‌ပဲ့လေ့ အသင်းတို့ပွဲစဉ်မှာ လီဗာပူးအသင်းက ၃-၀ ဖြင့် အနိုင်ရခဲ့ပေမယ့် ကွင်းလယ်လူ သီယာဂိုအနေနဲ့ ခြေသလုံးဒဏ်ရာ ရရှိခဲ့ တာကြောင့် နော်ဝှစ်ခ်ျနဲ့ ဘရန့်ဖို့ဒ်အသင်းတို့ပွဲစဉ်ကို လွဲချော်သွားဖွယ် ရှိနေပါတယ်။

“သူ့ဒဏ်ရာက ဘယ်လောက်ထိ ကြာမယ်ဆိုတာ ကျနော် သေချာမပြောနိုင်ပါဘူး။ မနက်ဖြန်လား ဒါမှမဟုတ် နောက်အပတ်မှသိရမလား ကျနော်တပ်အပ် မပြောနိုင်သေးပါဘူး ” လို့ လီဗာပူးအသင်း လက်ထောက်နည်းပြ Lijnders ကပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ် ပဲလေစ့်နဲ့ ပွဲစဉ်မှာ အဖျားဝေဒနာကြောင့် လွဲချော်ခဲ့ရတဲ့ အာနိုး တစ်ယောက်လည်း ကာရာဘောင် ဖလားပွဲစဉ်မှာလည်း ပါဝင်နိုင်ဖွယ်မရှိသေးပါဘူး။အာနိုးဟာ ရိုးရိုးဖျားနာမှုသာ ဖြစ်ပြီး ကိုဗစ်ရောဂါ ကူးစက်နေခြင်း မဟုတ်ကြောင်းကိုလည်း အသင်းတာဝန်ရှိသူတွေက ထုတ်ပြန်ခဲ့ပါတယ်။

ထို့ပြင် ဒူးကောက်ကြော ဒဏ်ရာကြောင့် အသင်းရဲ့နောက်ဆုံးသုံးပွဲကို လွဲချော်ခဲ့တဲ့ ဘရာဇီးလက်ရွေးစင် တိုက်စစ်မှူးဖာမီနို အနေနဲ့ အသင်းနဲ့အတူ လေ့ကျင့်ခန်း ပြန်ဆင်း‌နိုင်ပြီဖြစ်ပေမယ့် ကွင်းထဲ ပြန်လည်ကစားဖို့တော့‌ စောလွန်းသေးကြောင်းကိုလည်း ပြောကြား သွားခဲ့ပါတယ်။

Zawgyi Version



