Unicode Version
မန်ယူနိုက်တက်အသင်းဟာ အဓိက ကွင်းလယ်ကစားသမား ပေါ့ဘာကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမယ့်လည်း အဆင်မပြေ ဖြစ်ခဲ့ရလို့ လက်လွတ်လိုက်ရမယ်ဆိုရင် ပြန်လည်အစားထိုးဖို့အတွက် အေစီမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆီးကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ စပိန်သတင်း မီဒီယာများက ဖော်ပြလာခဲ့ပါတယ်။
အိုင်ဗရီကို့စ်လက်ရွေးစင် ကွင်းလယ်ကစားသမား ကတ်ဆီးဟာ ဒီနှစ်ရာသီအကုန်မှာပဲ မီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး ကစားသမားဘက်က အသင်းနဲ့ သက်တမ်းတိုးဖို့အတွက် မတုံ့ပြန်ထားသေးတာကြောင့် သူ့ကို ယူနိုက်တက် အပါအဝင် အသင်းများစွာကနေ ပစ်မှတ်ထားနေရတာ ဖြစ်ပါတယ်။
အသက် ၂၄ နှစ်အရွယ်ရှိ ကတ်ဆီးကို ပီအက်စ်ဂျီ ဘာစီလိုနာ လီဗာပူး စပါးတို့လို ဥရောပ ထိပ်တန်းကလပ်အသင်းတွေကနေ ခေါ်ယူချင်နေပြီး ဒီနောက်ပိုင်းမှာတော့ ပေါ့ဘာကို အသင်းမှာ ဆက်ထိန်းထားဖို့ မရေမရာ ဖြစ်နေရတဲ့ ယူနိုက်တက်အသင်းကပါ ကတ်ဆီးကို အလိုရှိနေတဲ့ အသင်းတွေထဲမှာ ထပ်မံပါဝင်လာခဲ့ရပါတယ်။
ပီအက်စ်ဂျီ ဘာစီလိုနာအသင်းတွေက ယူနိုက်တက်ရဲ့ ကွင်းလယ်လူ ပေါ့ဘာကိုပါ ချိန်ရွှယ်နေတာဖြစ်လို့ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူနိုင်မယ့် ပေါ့ဘာကိုသာ ရွေးချယ်ဖွယ် ရှိနေတာကြောင့် ယူနိုက်တက်ဘက်ကလည်း ကတ်ဆီးကို ခေါ်ယူနိုင်ဖို့ ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့သာ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။
ယူနိုက်တက်အသင်းဟာ ကွင်းလယ်ပိုင်းအတွက် ကတ်ဆီးအပြင် ဝက်စ်ဟမ်းအသင်းရဲ့ ကွင်းလယ် ကစားသမား ဒက်ကလန်ရိုက်စ်ကိုပါ ချိန်ရွှယ်နေတာဖြစ်ပေမယ့်လည်း ကစားသမားအတွက် တန်ကြေးက ပေါင်သန်းတစ်ရာအထိ ရှိနေတာကြောင့် ကတ်ဆီးကိုသာ ပိုမိုပစ်မှတ်ထားနိုင်ဖွယ် ရှိနေပါတယ်။
Zawgyi Version
မန္ယူနိုက္တက္အသင္းဟာ အဓိက ကြင္းလယ္ကစားသမား ေပါ့ဘာကို သက္တမ္းတိုးဖို႔ ႀကိဳးပမ္းေနေပမယ့္လည္း အဆင္မေျပ ျဖစ္ခဲ့ရလို႔ လက္လြတ္လိုက္ရမယ္ဆိုရင္ ျပန္လည္အစားထိုးဖို႔အတြက္ ေအစီမီလန္အသင္းရဲ႕ ကြင္းလယ္ကစားသမား ဖရန႔္ကတ္ဆီးကို ပစ္မွတ္ထားလ်က္ ရွိေနတယ္လို႔ စပိန္သတင္း မီဒီယာမ်ားက ေဖာ္ျပလာခဲ့ပါတယ္။
အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ ကြင္းလယ္ကစားသမား ကတ္ဆီးဟာ ဒီႏွစ္ရာသီအကုန္မွာပဲ မီလန္အသင္းနဲ႕ စာခ်ဳပ္သက္တမ္း ကုန္ဆုံးေတာ့မွာျဖစ္ၿပီး ကစားသမားဘက္က အသင္းနဲ႕ သက္တမ္းတိုးဖို႔အတြက္ မတုံ႕ျပန္ထားေသးတာေၾကာင့္ သူ႕ကို ယူနိုက္တက္ အပါအဝင္ အသင္းမ်ားစြာကေန ပစ္မွတ္ထားေနရတာ ျဖစ္ပါတယ္။
အသက္ ၂၄ ႏွစ္အ႐ြယ္ရွိ ကတ္ဆီးကို ပီအက္စ္ဂ်ီ ဘာစီလိုနာ လီဗာပူး စပါးတို႔လို ဥေရာပ ထိပ္တန္းကလပ္အသင္းေတြကေန ေခၚယူခ်င္ေနၿပီး ဒီေနာက္ပိုင္းမွာေတာ့ ေပါ့ဘာကို အသင္းမွာ ဆက္ထိန္းထားဖို႔ မေရမရာ ျဖစ္ေနရတဲ့ ယူနိုက္တက္အသင္းကပါ ကတ္ဆီးကို အလိုရွိေနတဲ့ အသင္းေတြထဲမွာ ထပ္မံပါဝင္လာခဲ့ရပါတယ္။
ပီအက္စ္ဂ်ီ ဘာစီလိုနာအသင္းေတြက ယူနိုက္တက္ရဲ႕ ကြင္းလယ္လူ ေပါ့ဘာကိုပါ ခ်ိန္႐ႊယ္ေနတာျဖစ္လို႔ အလြတ္ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေခၚယူနိုင္မယ့္ ေပါ့ဘာကိုသာ ေ႐ြးခ်ယ္ဖြယ္ ရွိေနတာေၾကာင့္ ယူနိုက္တက္ဘက္ကလည္း ကတ္ဆီးကို ေခၚယူနိုင္ဖို႔ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြနဲ႕သာ ယွဥ္ၿပိဳင္ရဖြယ္ ရွိေနပါတယ္။
ယူနိုက္တက္အသင္းဟာ ကြင္းလယ္ပိုင္းအတြက္ ကတ္ဆီးအျပင္ ဝက္စ္ဟမ္းအသင္းရဲ႕ ကြင္းလယ္ ကစားသမား ဒက္ကလန္ရိုက္စ္ကိုပါ ခ်ိန္႐ႊယ္ေနတာျဖစ္ေပမယ့္လည္း ကစားသမားအတြက္ တန္ေၾကးက ေပါင္သန္းတစ္ရာအထိ ရွိေနတာေၾကာင့္ ကတ္ဆီးကိုသာ ပိုမိုပစ္မွတ္ထားနိုင္ဖြယ္ ရွိေနပါတယ္။