Spots news

ဒါလော့ကို ဇန်နဝါရီမှာ ရိုးမားအသင်းဆီခေါ်ယူဖို့ ပြင်ဆင်နေတဲ့ နည်းပြမော်ရင်ဟို

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဒါလော့ကို ရိုးမားအသင်းရဲ့ နည်းပြအဖြစ် ကိုင်တွယ်လျက် ရှိနေတဲ့ မော်ရင်ဟိုက အီတလီ စီးရီးအေကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လာမယ့်ဇန်နဝါရီ စျေးကွက်အတွင်းမှာ ယူနိုက်တက်ဆီသို့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း အီတလီသတင်း မီဒီယာများက ဖော်ပြလာခဲ့ပါတယ်။

ဒီယိုဂိုဒါလော့ဟာ ၂၀၁၈ခုနှစ်က ပေါ်တိုကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိလာခဲ့တာ ဖြစ်ပြီး ယူနိုက်တက်က နောက်ထပ် အပြောင်းအရွေ့မှာ ဝမ်ဘစ်ဆာကာကို ထပ်မံခေါ်ယူခဲ့တာဖြစ်လို့ ဒါလော့ဟာ ပုံမှန်ကစားခွင့် မရရှိခဲ့ပဲ မနှစ်က ဘောလုံးရာသီမှာ အေစီမီလန်အသင်းဆီ တစ်ရာသီအငှား သွားရောက် ကစားခဲ့ပါတယ်။

ဒီရာသီမှာလဲ ပြိုင်ပွဲစုံ ၂ ပွဲသာ လူစားဝင် ပါဝင်ကစားထားခဲ့ပြီး ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒါလော့ကို ဆရာသမားဟောင်း မော်ရင်ဟိုက သူရဲ့လက်ရှိကလပ် ရိုးမားအသင်းဆီ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး လာမယ့်ဆောင်းစျေးကွက်အတွင်းမှာပဲ ရာသီဝက် အငှားစာချုပ်နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အသင်းဘက်ကနေလည်း လာမယ့်စျေးကွက်အတွင်း အသင်းကနေ ရှင်းထုတ်မယ့် ကစားသမားစာရင်းထဲမှာပါ ဒါလော့ကို ထည့်သွင်းထားခြင်း ရှိနေတာကြောင့် ဒါလော့အနေနဲ့ ဇန်နဝါရီလမှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အသင်းမှာ လက်ရှိ နောက်ခံအစွန်လူ အဖြစ် ဘစ်ဆာကာ လုခ်ရှော တဲလက်စ်နဲ့ ဒါလော့တို့ ၄ ဦးတည်းသာ ရှိနေပြီး ဒါလော့ကို အသင်းကနေ အငှားချမယ်ဆိုရင် ညာနောက်ခံနေရာအတွက် ဘစ်ဆာကာတစ်ဦးတည်းသာ ကျန်ရစ်နေတော့မှာဖြစ်လို့ ကစားသမားသစ် သို့ အကယ်ဒမီ လူငယ်ကစားသမားလေးတွေကို ခေါ်ယူရဖွယ် ရှိနေပါတယ်။

Zawgyi Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နောက်ခံလူ ဒါလော့ကို ရိုးမားအသင်းရဲ့ နည်းပြအဖြစ် ကိုင်တွယ်လျက် ရှိနေတဲ့ မော်ရင်ဟိုက အီတလီ စီးရီးအေကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လာမယ့်ဇန်နဝါရီ ဈေးကွက်အတွင်းမှာ ယူနိုက်တက်ဆီသို့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း အီတလီသတင်း မီဒီယာများက ဖော်ပြလာခဲ့ပါတယ်။


ဒီရာသီမှာလဲ ပြိုင်ပွဲစုံ ၂ ပွဲသာ လူစားဝင် ပါဝင်ကစားထားခဲ့ပြီး ဒီလို အခြေအနေတွေနဲ့ ရင်ဆိုင်နေရတဲ့ ဒါလော့ကို ဆရာသမားဟောင်း မော်ရင်ဟိုက သူရဲ့လက်ရှိကလပ် ရိုးမားအသင်းဆီ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး လာမယ့်ဆောင်းဈေးကွက်အတွင်းမှာပဲ ရာသီဝက် အငှားစာချုပ်နဲ့ ကမ်းလှမ်းဖွယ် ရှိနေပါတယ်။

ယူနိုက်တက်အသင်းဘက်ကနေလည်း လာမယ့်ဈေးကွက်အတွင်း အသင်းကနေ ရှင်းထုတ်မယ့် ကစားသမားစာရင်းထဲမှာပါ ဒါလော့ကို ထည့်သွင်းထားခြင်း ရှိနေတာကြောင့် ဒါလော့အနေနဲ့ ဇန်နဝါရီလမှာပဲ အသင်းအပြောင်းအလဲ လုပ်ဆောင်ရဖွယ် ရှိနေပါတယ်။
