Spots news

ယူနိုက်တက်မှာ လမ်းပျောက်နေတဲ့ ဗန်ဒီဘိခ်ကို ဇန်နဝါရီမှာ ခေါ်ယူမယ့် အင်တာ

Unicode Version

စီးရီးအေလက်ရှိချန်ပီယံ အင်တာမီလန်အသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အခုအချိန်အထိပုံမှန်ကစားခွင့်ရဖို့ရုန်းကန်နေရဆဲဖြစ်တဲ့ ကွင်းလယ်လူ ဗန်ဒီဘိခ်ကို ခေါ်ယူနိုင်ဖို့ ချိတ်ဆက်မှုတွေပြုလုပ်နေပါပြီ။

ပြီးခဲ့တဲ့နှစ်၊ နွေရာသီတုန်းက အေဂျက်စ်အသင်းကနေ ပေါင် ၃၅ သန်းနဲ့ပြောင်းရွှေ့ခဲ့သူ ဗန်ဒီဘိခ်ဟာ ပထမရာသီမှာ ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲကစားခဲ့ရပေမယ့် ပွဲချိန်ပြည့်ကစားခွင့်ရတဲ့ပွဲကနည်းပါးတဲ့အပြင် အများစုကလည်း ပွဲပြီးခါနီးမှ လူစားဝင်ကစားခဲ့ရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နွေရာသီကာလအတွင်း ယူနိုက်တက်နဲ့ ဗန်ဒီဘိခ်တို့လမ်းခွဲဖို့နီးစပ်ခဲ့ပေမယ့် နည်းပြဆိုးလ်ရှားက ဗန်ဒီဘိခ်ကို ပုံမှန်ကစားခွင့် ပေးမယ်ဆိုတဲ့ အာမခံချက်နဲ့အသင်းမှာဆက်လက်ထိန်းသိမ်းခဲ့တာဖြစ်ပြီး အခုလောလောဆယ်အထိတော့ နယူးကာဆယ်နဲ့ပွဲမှာ ၆ မိနစ်၊ ယန်းဘွိုင်းစ်နဲ့ပွဲမှာ ၄၅ မိနစ်၊ စုစုပေါင်း ၅၁ မိနစ်သာကစားခွင့်ရခဲ့တာပါ။

အဲဒါကြောင့် လာမယ့်ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်ဖွင့်ရင် ဗန်ဒီဘိခ်ဟာ ယူနိုက်တက်နဲ့လမ်းခွဲဖို့ရှိနေသလို ယူနိုက်တက်အသင်းကလည်း ဗန်ဒီဘိခ်အပါအဝင် ကစားသမား ၇ ဦးအထိရောင်းချဖို့ စီစဉ်နေတယ်လို့လည်း သတင်းထွက်နေပါတယ်။

အခုလောလောဆယ် ယူနိုက်တက်နဲ့ ဗန်ဒီဘိခ်တို့ရဲ့အခြေအနေကို အင်တာမီလန်အသင်းက စောင့်ကြည့်နေပြီး ဇန်နဝါရီ အပြောင်းအရွှေ့ဈေးကွက်အတွင်း ကမ်းလှမ်းသွားဖို့ရှိတယ်လို့ L’Interista သတင်းဌာနကဖော်ပြခဲ့ပါတယ်။

Zawgyi Version

စီးရီးေအလက္ရွိခ်န္ပီယံ အင္တာမီလန္အသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းမွာ အခုအခ်ိန္အထိပုံမွန္ကစားခြင့္ရဖို႔႐ုန္းကန္ေနရဆဲျဖစ္တဲ့ ကြင္းလယ္လူ ဗန္ဒီဘိခ္ကို ေခၚယူနိုင္ဖို႔ ခ်ိတ္ဆက္မႈေတြျပဳလုပ္ေနပါၿပီ။

ၿပီးခဲ့တဲ့ႏွစ္၊ ေႏြရာသီတုန္းက ေအဂ်က္စ္အသင္းကေန ေပါင္ ၃၅ သန္းနဲ႕ေျပာင္းေ႐ႊ႕ခဲ့သူ ဗန္ဒီဘိခ္ဟာ ပထမရာသီမွာ ယူနိုက္တက္အသင္းအတြက္ ၿပိဳင္ပြဲစုံ ၃၆ ပြဲကစားခဲ့ရေပမယ့္ ပြဲခ်ိန္ျပည့္ကစားခြင့္ရတဲ့ပြဲကနည္းပါးတဲ့အျပင္ အမ်ားစုကလည္း ပြဲၿပီးခါနီးမွ လူစားဝင္ကစားခဲ့ရတာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ေႏြရာသီကာလအတြင္း ယူနိုက္တက္နဲ႕ ဗန္ဒီဘိခ္တို႔လမ္းခြဲဖို႔နီးစပ္ခဲ့ေပမယ့္ နည္းျပဆိုးလ္ရွားက ဗန္ဒီဘိခ္ကို ပုံမွန္ကစားခြင့္ ေပးမယ္ဆိုတဲ့ အာမခံခ်က္နဲ႕အသင္းမွာဆက္လက္ထိန္းသိမ္းခဲ့တာျဖစ္ၿပီး အခုေလာေလာဆယ္အထိေတာ့ နယူးကာဆယ္နဲ႕ပြဲမွာ ၆ မိနစ္၊ ယန္းဘြိုင္းစ္နဲ႕ပြဲမွာ ၄၅ မိနစ္၊ စုစုေပါင္း ၅၁ မိနစ္သာကစားခြင့္ရခဲ့တာပါ။

အဲဒါေၾကာင့္ လာမယ့္ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ေဈးကြက္ဖြင့္ရင္ ဗန္ဒီဘိခ္ဟာ ယူနိုက္တက္နဲ႕လမ္းခြဲဖို႔ရွိေနသလို ယူနိုက္တက္အသင္းကလည္း ဗန္ဒီဘိခ္အပါအဝင္ ကစားသမား ၇ ဦးအထိေရာင္းခ်ဖိဳ႕ စီစဥ္ေနတယ္လို႔လည္း သတင္းထြက္ေနပါတယ္။

အခုေလာေလာဆယ္ ယူနိုက္တက္နဲ႕ ဗန္ဒီဘိခ္တို႔ရဲ႕အေျခအေနကို အင္တာမီလန္အသင္းက ေစာင့္ၾကည့္ေနၿပီး ဇန္နဝါရီ အေျပာင္းအေ႐ႊ႕ေဈးကြက္အတြင္း ကမ္းလွမ္းသြားဖို႔ရွိတယ္လို႔ L’Interista သတင္းဌာနကေဖာ္ျပခဲ့ပါတယ္။