Spots news

ဘာစီလိုနာကို နည်းပြဖို့ ကမ်းလှမ်းမှုကိုစောင့်မျှော်နေတဲ့ အာဆင်ဝင်းဂါး

Unicode Version

ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း ဖြစ်သူ အာစင်ဝင်းဂါးဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာအသင်းရဲ့ ကမ်းလှမ်းမှုကို စောင့်မျှော်နေကြောင်း ပြင်သစ် အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ဘာစီလိုနာအသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ ထင်ထားသလောက် ရလဒ်ကောင်းတွေ ရရှိခြင်း မရှိသလို အသင်းလိုက် ကစားပုံပါ ဆိုးရွားနေတာကြောင့် အသင်းရဲ့နည်းပြ ကိုးမန်းကို ရာထူးကနေ ထုတ်ပယ်ပြီး နည်းပြသစ် ခန့်အပ်ဖို့ ဆုံးဖြတ်ထားတဲ့ အသင်းပါ။

လက်ရှိမှာတော့ ဘာစီလိုနာအသင်းဟာ ဘယ်လ်ဂျီယံ လက်ရွေးစင်နည်းပြ မာတီနက်ဇ် ၊ အသင်းရဲ့ ကစားသမားဟောင်း ဇာဗီ ၊ အေဂျက်နည်းပြ တန်ဟက်ဂ်နဲ့ ဂျာမဏီ လက်ရွေးစင်အသင်းရဲ့ နည်းပြဟောင်း ဂျိုအာချင်လိုတို့ကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ ပြုလုပ်နေပြီး ဂျိုအာချင်လိုကတော့ ဘာစီလိုနာအသင်းကို ကိုင်တွယ်ဖို့ ငြင်းဆန်ခဲ့ကြောင်း သိထားရပါတယ်။

အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်း အာစင်ဝင်းဂါးကတော့ ဘာစီလိုနာအသင်းက နည်းပြသစ် ရှာပုံတော် ဖွင့်နေချိန်မှာ သူဟာ နည်းပြတဦး အဖြစ် ပြန်လည် လုပ်ကိုင်ဖို့ အတွက် ယခုချိန်အထိ ဆန္ဒပြင်းပျနေဆဲ ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားခဲ့ပြီး နီးစပ်တဲ့လူတွေကိုလည်း ဘာစီလိုနာအသင်းရဲ့ နည်းပြအဖြစ် လုပ်ကိုင် ဆောင်ရွက်ချင်ကြောင်း အသိပေးထားတာတွေ ရှိနေပါတယ်။

အာစင်ဝင်းဂါးက “ကျွန်တော်တို့ ခေတ်ဟောင်း နည်းပြတွေရဲ့ အချိန်တွေက ကုန်လွန်ခဲ့ပြီလို့ ခံစားရပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ နည်းပြတဦး အဖြစ် ထပ်ပြီး လုပ်ကိုင်ချင်နေဆဲပါ။ လူတွေက ခင်ဗျား အိုနေပြီလို့ ပြောတိုင်း သူတို့ပြောတာ မှန်တယ်လို့ တွေးမိပါတယ်။ ဒါပေမယ့် ကျွန်တော်က အကောင်းဆုံး အနေအထား တရပ်မှာ ရှိနေပါသေးတယ်။ အနားယူဖို့ မဆုံးဖြတ်သေးပါဘူး” လို့ ပြောကြားခဲ့တာပါ။

Zawgyi Version

ပရီးမီးယားလိဂ္ နာမည္ႀကီးအသင္း တသင္း ျဖစ္တဲ့ အာဆင္နယ္အသင္းရဲ႕ နည္းျပေဟာင္း ျဖစ္သူ အာစင္ဝင္းဂါးဟာ စပိန္လာလီဂါ အင္အားႀကီးကလပ္ ဘာစီလိုနာအသင္းရဲ႕ ကမ္းလွမ္းမႈကို ေစာင့္ေမွ်ာ္ေနေၾကာင္း ျပင္သစ္ အေျခစိုက္ သတင္းဌာနေတြက ေဖာ္ျပသြားၾကပါတယ္။

ဘာစီလိုနာအသင္းဟာ ယခုႏွစ္ ေဘာလုံးရာသီမွာ ထင္ထားသေလာက္ ရလဒ္ေကာင္းေတြ ရရွိျခင္း မရွိသလို အသင္းလိုက္ ကစားပုံပါ ဆိုး႐ြားေနတာေၾကာင့္ အသင္းရဲ႕နည္းျပ ကိုးမန္းကို ရာထူးကေန ထုတ္ပယ္ၿပီး နည္းျပသစ္ ခန႔္အပ္ဖို႔ ဆုံးျဖတ္ထားတဲ့ အသင္းပါ။

လက္ရွိမွာေတာ့ ဘာစီလိုနာအသင္းဟာ ဘယ္လ္ဂ်ီယံ လက္ေ႐ြးစင္နည္းျပ မာတီနက္ဇ္ ၊ အသင္းရဲ႕ ကစားသမားေဟာင္း ဇာဗီ ၊ ေအဂ်က္နည္းျပ တန္ဟက္ဂ္နဲ႕ ဂ်ာမဏီ လက္ေ႐ြးစင္အသင္းရဲ႕ နည္းျပေဟာင္း ဂ်ိဳအာခ်င္လိုတို႔ကို နည္းျပသစ္ အျဖစ္ ခန႔္အပ္ဖို႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ေနၿပီး ဂ်ိဳအာခ်င္လိုကေတာ့ ဘာစီလိုနာအသင္းကို ကိုင္တြယ္ဖို႔ ျငင္းဆန္ခဲ့ေၾကာင္း သိထားရပါတယ္။

အာဆင္နယ္အသင္းရဲ႕ နည္းျပေဟာင္း အာစင္ဝင္းဂါးကေတာ့ ဘာစီလိုနာအသင္းက နည္းျပသစ္ ရွာပုံေတာ္ ဖြင့္ေနခ်ိန္မွာ သူဟာ နည္းျပတဦး အျဖစ္ ျပန္လည္ လုပ္ကိုင္ဖို႔ အတြက္ ယခုခ်ိန္အထိ ဆႏၵျပင္းပ်ေနဆဲ ျဖစ္ေၾကာင္း ဖြင့္ဟ ေျပာၾကားခဲ့ၿပီး နီးစပ္တဲ့လူေတြကိုလည္း ဘာစီလိုနာအသင္းရဲ႕ နည္းျပအျဖစ္ လုပ္ကိုင္ ေဆာင္႐ြက္ခ်င္ေၾကာင္း အသိေပးထားတာေတြ ရွိေနပါတယ္။

အာစင္ဝင္းဂါးက “ကြၽန္ေတာ္တို႔ ေခတ္ေဟာင္း နည္းျပေတြရဲ႕ အခ်ိန္ေတြက ကုန္လြန္ခဲ့ၿပီလို႔ ခံစားရပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ကေတာ့ နည္းျပတဦး အျဖစ္ ထပ္ၿပီး လုပ္ကိုင္ခ်င္ေနဆဲပါ။ လူေတြက ခင္ဗ်ား အိုေနၿပီလို႔ ေျပာတိုင္း သူတို႔ေျပာတာ မွန္တယ္လို႔ ေတြးမိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္က အေကာင္းဆုံး အေနအထား တရပ္မွာ ရွိေနပါေသးတယ္။ အနားယူဖို႔ မဆုံးျဖတ္ေသးပါဘူး” လို႔ ေျပာၾကားခဲ့တာပါ။