Spots news

ဝက်စ်ဟမ်းနဲ့ ပွဲမှာ မြက်ခင်းစိမ်းပေါ် ဖီးလ်ဂျုံးစ်ပြန်လာမည်ဟု ဆိုးလ်းရှား အတည်ပြု

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ အိုလေဂန်နာ ဆိုးလ်ရှားဟာ ဝက်စ်ဟမ်းအသင်းနဲ့ ယနေ့ညမှာ ယှဉ်ပြိုင်ကစားမယ့် ကာရာဘောင်းဖလားပွဲမှာ ကာလရှည် ဒဏ်ရရရှိမှုကြောင့် မြက်ခင်းစိမ်းတွေကို တနှစ်ကျော်ကြာ ဝေးကွာနေတဲ့ နောက်ခံလူ ဖီးလ်ဂျုံးစ် ပြန်လည် ပါဝင်လာမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ဖီးလ်ဂျုံးစ်ဟာ တချိန်က အင်္ဂလန် နဲ့ မန်ယူနိုက်တက်အတွက် အလားအလာ အရှိဆုံး လူငယ် နောက်ခံလူ အဖြစ် အများက သတ်မှတ်ခံခဲ့ရပေမယ့် နည်းပြ ဖာဂူဆန် အနားယူပြီးနောက် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရသလို ဒဏ်ရာ ပြဿနာတွေလဲ မကြာခန ရရှိခဲ့ပြီး အသင်းရဲ့ ပွဲစဉ်တွေနဲ့ လွဲချော်နေတာ တစ်နှစ်ကျော်ရှိခဲ့ပါပြီ။

ယခုအချိန်မှာတော့ ဖီးလ်ဂျုံးစ်ဟာ ဒဏ်ရာမှ ပြန်လည်သက်သာ လာခဲ့ပြီ ဖြစ်သလို အသင်းရဲ့ လေ့ကျင့်ရေးတွေမှာလဲ ပူးပေါင်းနိုင်ပြီ ဖြစ်ပြီး အသင်းက နောက်ဆုံး ကစားခဲ့တဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ ပါဝင် ကစားနိုင်ခဲ့သလို ယူ-၂၃အသင်းမှာလည်း ၂ပွဲဆက်တိုက် ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခဲ့ပါတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူဟာ ဖီးလ်ဂျုံးစ်ရဲ့ ကြိုးစားမှုအပေါ် သဘောကျကြောင်းနဲ့ ဖီးလ်ဂျုံးစ်ဟာ ဝက်စ်ဟမ်းအသင်းနဲ့ ကစားရမယ့် ကာရာဘောင်းဖလားပွဲစဉ်ရဲ့ လူစာရင်းမှာ ပါဝင်လာမယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။

ဆိုးလ်ရှားက “သူ့အတွက် ကျနော်ဝမ်းသာပါတယ်။ ယူ ၂၃ နဲ့ပွဲချိန်ပြည့် နှစ်ပွဲတိတိ ကစားခဲ့ပြီးဖြစ်သလို တံခါးပိတ် ခြေစမ်းပွဲတွေမှာလည်း သူ ဝင်ကန်ခဲ့ပြီးပါပြီ။ သူ့ရဲ့ဒူးမှာဘာပြဿနာမှမရှိခဲ့ဘူး။ သူ တကယ်​ကြိုးစားခဲ့တာပါ။ ဘယ်လိုစိန်ခေါ်မှုတွေကိုကျော်ဖြတ်ခဲ့ရတယ်ဆိုတာ ကျနော်သိတယ်။ ”

“ ဂျုံးစ်က ဇွဲကြီးခဲ့တဲ့ကစားသမားပါ။ ပရော်ဖက်ရှင်နယ်ဆန်လွန်းတယ်၊ ပုံကြီးချဲ့တာတွေမလုပ်တတ်ဘူး။ ခေတ်ဟောင်း ကစားသမားပုံစံမျိုးပေါ့၊ ဆိုရှယ်မီဒီယာလည်း မသုံးဘူး။ အဲ့လိုကစားသမားတွေကို ကျနော်ကြိုက်တာ။ မနက်ဖြန်ကန်မယ့် ဝက်စ်ဟမ်းနဲ့ပွဲအတွက် ပဏာမလူစာရင်းမှာ သူ ပါလာမယ်။ ဂျုံးစ်နဲ့ ကျနော်တို့အတွက်တော့ နေ့ကောင်းရက်မြတ်လေးတစ်ခုပါ ” လို့ပြောကြားသွား ခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ နည္းျပ အိုေလဂန္နာ ဆိုးလ္ရွားဟာ ဝက္စ္ဟမ္းအသင္းနဲ႕ ယေန႕ညမွာ ယွဥ္ၿပိဳင္ကစားမယ့္ ကာရာေဘာင္းဖလားပြဲမွာ ကာလရွည္ ဒဏ္ရရရွိမႈေၾကာင့္ ျမက္ခင္းစိမ္းေတြကို တႏွစ္ေက်ာ္ၾကာ ေဝးကြာေနတဲ့ ေနာက္ခံလူ ဖီးလ္ဂ်ဳံးစ္ ျပန္လည္ ပါဝင္လာမယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ဖီးလ္ဂ်ဳံးစ္ဟာ တခ်ိန္က အဂၤလန္ နဲ႕ မန္ယူနိုက္တက္အတြက္ အလားအလာ အရွိဆုံး လူငယ္ ေနာက္ခံလူ အျဖစ္ အမ်ားက သတ္မွတ္ခံခဲ့ရေပမယ့္ နည္းျပ ဖာဂူဆန္ အနားယူၿပီးေနာက္ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရသလို ဒဏ္ရာ ျပႆနာေတြလဲ မၾကာခန ရရွိခဲ့ၿပီး အသင္းရဲ႕ ပြဲစဥ္ေတြနဲ႕ လြဲေခ်ာ္ေနတာ တစ္ႏွစ္ေက်ာ္ရွိခဲ့ပါၿပီ။

ယခုအခ်ိန္မွာေတာ့ ဖီးလ္ဂ်ဳံးစ္ဟာ ဒဏ္ရာမွ ျပန္လည္သက္သာ လာခဲ့ၿပီ ျဖစ္သလို အသင္းရဲ႕ ေလ့က်င့္ေရးေတြမွာလဲ ပူးေပါင္းနိုင္ၿပီ ျဖစ္ၿပီး အသင္းက ေနာက္ဆုံး ကစားခဲ့တဲ့ တံခါးပိတ္ ေျခစမ္းပြဲမွာ ပါဝင္ ကစားနိုင္ခဲ့သလို ယူ-၂၃အသင္းမွာလည္း ၂ပြဲဆက္တိုက္ ပြဲထြက္ ကစားသမား အျဖစ္ ပါဝင္ ကစားခဲ့ပါတယ္။

လက္ရွိမွာေတာ့ မန္ခ်က္စတာ ယူနိုက္တက္နည္းျပ ဆိုးလ္ရွားက သူဟာ ဖီးလ္ဂ်ဳံးစ္ရဲ႕ ႀကိဳးစားမႈအေပၚ သေဘာက်ေၾကာင္းနဲ႕ ဖီးလ္ဂ်ဳံးစ္ဟာ ဝက္စ္ဟမ္းအသင္းနဲ႕ ကစားရမယ့္ ကာရာေဘာင္းဖလားပြဲစဥ္ရဲ႕ လူစာရင္းမွာ ပါဝင္လာမယ္လို႔ အတည္ျပဳ ေျပာၾကားခဲ့ပါတယ္။

ဆိုးလ္ရွားက “သူ႕အတြက္ က်ေနာ္ဝမ္းသာပါတယ္။ ယူ ၂၃ နဲ႕ပြဲခ်ိန္ျပည့္ ႏွစ္ပြဲတိတိ ကစားခဲ့ၿပီးျဖစ္သလို တံခါးပိတ္ ေျခစမ္းပြဲေတြမွာလည္း သူ ဝင္ကန္ခဲ့ၿပီးပါၿပီ။ သူ႕ရဲ႕ဒူးမွာဘာျပႆနာမွမရွိခဲ့ဘူး။ သူ တကယ္​ႀကိဳးစားခဲ့တာပါ။ ဘယ္လိုစိန္ေခၚမႈေတြကိုေက်ာ္ျဖတ္ခဲ့ရတယ္ဆိုတာ က်ေနာ္သိတယ္။ ”

“ ဂ်ဳံးစ္က ဇြဲႀကီးခဲ့တဲ့ကစားသမားပါ။ ပေရာ္ဖက္ရွင္နယ္ဆန္လြန္းတယ္၊ ပုံႀကီးခ်ဲ့တာေတြမလုပ္တတ္ဘူး။ ေခတ္ေဟာင္း ကစားသမားပုံစံမ်ိဳးေပါ့၊ ဆိုရွယ္မီဒီယာလည္း မသုံးဘူး။ အဲ့လိုကစားသမားေတြကို က်ေနာ္ႀကိဳက္တာ။ မနက္ျဖန္ကန္မယ့္ ဝက္စ္ဟမ္းနဲ႕ပြဲအတြက္ ပဏာမလူစာရင္းမွာ သူ ပါလာမယ္။ ဂ်ဳံးစ္နဲ႕ က်ေနာ္တို႔အတြက္ေတာ့ ေန႕ေကာင္းရက္ျမတ္ေလးတစ္ခုပါ ” လို႔ေျပာၾကားသြား ခဲ့ပါတယ္။