Spots news
ပုံမှန်ပွဲထွက်ခွင့်မရနေတဲ့ မန်ယူတိုက်စစ်မှူး ဂတုံးကို ဘာစီလိုနာ တာဝန်ယူမည်
Unicode Version
ဘာစီလိုနာအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းမှာ ပုံမှန်ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရတဲ့ တိုက်စစ်မှူး အန်သိုနီ မာရှယ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း သိရပါတယ်။ မာရှယ်ဟာ ရော်နယ်ဒို ရောက်လာပြီးနောက် ပုံမှန်ပွဲထွက်ခွင့် လျော့နည်းသွားပြီး အသင်းပြောင်းရွေ့ဖို သတင်းထွက်နေသူပါ။
လက်ရှိအချိန်မှာ မာရှယ်ဟာ ရော်နယ်ဒို ၊ ဂရင်းဝုဒ်တို့ရဲ့နောက် တတိယမြောက် ဦးစားပေး တိုက်စစ်မှူးနေရာကို ရောက်ရှိနေပြီး မာရှယ်ဟာ ယခုပုံစံအတိုင်းသာ ပွဲထွက်ခွင့်တွေ ဆက်လက် ဆုံးရှုံးနေပါက လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့မှာ အသင်းကနေ ထွက်ခွာဖို့ စဉ်းစားနေတာ ဖြစ်ပါတယ်။
သတင်းတွေအရ အသက် ၂၅ နှစ်အရွယ် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးကို စပိန်ထိပ်သီးကလပ် ဘာစီလိုနာ ၊ စီးရီးအေ နာမည်ကြီးကလပ် အေစီမီလန်နဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။
ဘာစီလိုနာအသင်းဟာ ယူနိုက်တက် တိုက်စစ်မှူးကို ရာသီဝက်အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့်နဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတာ ဖြစ်ပြီး ယူနိုက်တက်အသင်း ကတော့ မာရှယ်အတွက် အငှားကြေး ယူရို ၂သန်း + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းနဲ့ မဖြစ်မနေ အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ ကတိသာ ရရင် မာရှယ်ကို လက်လွှတ်ဖို့ ဆုံးဖြတ်ထားပါတယ်။
Zawgyi Version