Spots news

ကွင်းလယ်အဖျက် ဖရက်ဒ်ရဲ့နေရာမှာ ဖီးလ်ဂျုံးစ်ကို အသုံးပြုဖွယ်ရှိတဲ့ မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ဒီနေ့ညမှာ ဝက်စ်ဟမ်းအသင်းနဲ့ ကာရာဘောင်းဖလားမှာ ထပ်မံယှဥ်ပြိုင်ရဖို့ ရှိနေပါတယ်။ နည်းပြဆိုးလ်ရှားဟာ ဒီပွဲမှာ အဓိက ကစားသမားအချို့ကို အနားပေးပြီး ဒုတိယဦးစားပေး ကစားသမားတွေဖြစ်တဲ့ လင်ဂတ် ၊ အီလန်ဂါ ၊ တဲလက်စ် ၊ ဖီးလ်ဂျုံးစ် တို့ ပါဝင်လာမှာဖြစ်ကြောင်း အတည်ပြုထားပါတယ်။

ဖီးလ်ဂျုံးစ်ဟာ တချိန်က အင်္ဂလန် နဲ့ မန်ယူနိုက်တက်အတွက် အလားအလာ အရှိဆုံး လူငယ် နောက်ခံလူ အဖြစ် အများက သတ်မှတ်ခံခဲ့ရပေမယ့် နည်းပြ ဖာဂူဆန် အနားယူပြီးနောက် ပုံမှန်ခြေစွမ်းရဖို့ ရုန်းကန်ခဲ့ရသလို ဒဏ်ရာ ပြဿနာတွေလဲ မကြာခန ရရှိခဲ့ပြီး အသင်းရဲ့ ပွဲစဉ်တွေနဲ့ လွဲချော်နေတာ တစ်နှစ်ကျော်ရှိခဲ့ပါပြီ။

ယခုအချိန်မှာတော့ ဖီးလ်ဂျုံးစ်ဟာ ဒဏ်ရာမှ ပြန်လည်သက်သာ လာခဲ့ပြီ ဖြစ်သလို အသင်းရဲ့ လေ့ကျင့်ရေးတွေမှာလဲ ပူးပေါင်းနိုင်ပြီ ဖြစ်ပြီး အသင်းက နောက်ဆုံး ကစားခဲ့တဲ့ တံခါးပိတ် ခြေစမ်းပွဲမှာ ပါဝင် ကစားနိုင်ခဲ့သလို ယူ-၂၃အသင်းမှာလည်း ၂ပွဲဆက်တိုက် ပွဲထွက် ကစားသမား အဖြစ် ပါဝင် ကစားခဲ့ပါတယ်။

အဆိုပါ ပွဲစဥ်မှာ ယူနိုက်တက် ယူ-၂၃ အသင်းက (၄−၄−၂) ကစားကွက်ကို အသုံးပြုခဲ့ပြီး  ဖီးလ်ဂျုံးစ်က ကွင်းလယ် ကစားသမားအဖြစ် ပါဝင်ကစားခဲ့တာပါ။ ဒါ့ကြောင့် ဒီနေ့ ညပွဲမှာလည်း ဆိုးလ်ရှားဟာ ဖီးလ်ဂျုံးစ်ကို လင်ဒီလော့ဖ် နဲ့ ဘိုင်လီတို့ရဲ့ မှာထားပြီး ဖရက်ဒ်နေရာမှာ အစားထိုး အသုံးပြုလာနိုင်မလားဆိုတာကိုတော့ စောင့်ကြည့်ရဖို့ရှိနေပါတယ်။

ဖီးလ်ဂျုံးစ်ဟာ နည်းပြကြီး ဖာဂူဆန် လက်ထက်မှာလည်း ဗဟိုခံစစ်နေရာမှာတင်မက ကွင်းလယ်အဖျက်နေရမှာလည်း ကစားထားခဲ့ဖူးတဲ့ ကစားသမား တစ်ယောက်ဖြစ်ပါတယ်။ ယနေ့ညမှာ တစ်ချိန်က အလားအလာအကောင်းဆုံး နောက်ခံလူ ဖြစ်ခဲ့တဲ့ ဖီးလ်ဂျုံးစ်အနေနဲ့ ယူနိုက်တက်နဲ့ အတူ မြက်ခင်းစိမ်းပေါ်မှာ မြင်ရမလား စောင့်ကြည့်ရမှာပါ။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းဟာ ဒီေန႕ညမွာ ဝက္စ္ဟမ္းအသင္းနဲ႕ ကာရာေဘာင္းဖလားမွာ ထပ္မံယွဥ္ၿပိဳင္ရဖို႔ ရွိေနပါတယ္။ နည္းျပဆိုးလ္ရွားဟာ ဒီပြဲမွာ အဓိက ကစားသမားအခ်ိဳ႕ကို အနားေပးၿပီး ဒုတိယဦးစားေပး ကစားသမားေတြျဖစ္တဲ့ လင္ဂတ္ ၊ အီလန္ဂါ ၊ တဲလက္စ္ ၊ ဖီးလ္ဂ်ဳံးစ္ တို႔ ပါဝင္လာမွာျဖစ္ေၾကာင္း အတည္ျပဳထားပါတယ္။

ဖီးလ္ဂ်ဳံးစ္ဟာ တခ်ိန္က အဂၤလန္ နဲ႕ မန္ယူနိုက္တက္အတြက္ အလားအလာ အရွိဆုံး လူငယ္ ေနာက္ခံလူ အျဖစ္ အမ်ားက သတ္မွတ္ခံခဲ့ရေပမယ့္ နည္းျပ ဖာဂူဆန္ အနားယူၿပီးေနာက္ ပုံမွန္ေျခစြမ္းရဖို႔ ႐ုန္းကန္ခဲ့ရသလို ဒဏ္ရာ ျပႆနာေတြလဲ မၾကာခန ရရွိခဲ့ၿပီး အသင္းရဲ႕ ပြဲစဥ္ေတြနဲ႕ လြဲေခ်ာ္ေနတာ တစ္ႏွစ္ေက်ာ္ရွိခဲ့ပါၿပီ။

ယခုအခ်ိန္မွာေတာ့ ဖီးလ္ဂ်ဳံးစ္ဟာ ဒဏ္ရာမွ ျပန္လည္သက္သာ လာခဲ့ၿပီ ျဖစ္သလို အသင္းရဲ႕ ေလ့က်င့္ေရးေတြမွာလဲ ပူးေပါင္းနိုင္ၿပီ ျဖစ္ၿပီး အသင္းက ေနာက္ဆုံး ကစားခဲ့တဲ့ တံခါးပိတ္ ေျခစမ္းပြဲမွာ ပါဝင္ ကစားနိုင္ခဲ့သလို ယူ-၂၃အသင္းမွာလည္း ၂ပြဲဆက္တိုက္ ပြဲထြက္ ကစားသမား အျဖစ္ ပါဝင္ ကစားခဲ့ပါတယ္။

အဆိုပါ ပြဲစဥ္မွာ ယူနိုက္တက္ ယူ-၂၃ အသင္းက (၄−၄−၂) ကစားကြက္ကို အသုံးျပဳခဲ့ၿပီး  ဖီးလ္ဂ်ဳံးစ္က ကြင္းလယ္ ကစားသမားအျဖစ္ ပါဝင္ကစားခဲ့တာပါ။ ဒါ့ေၾကာင့္ ဒီေန႕ ညပြဲမွာလည္း ဆိုးလ္ရွားဟာ ဖီးလ္ဂ်ဳံးစ္ကို လင္ဒီေလာ့ဖ္ နဲ႕ ဘိုင္လီတို႔ရဲ႕ မွာထားၿပီး ဖရက္ဒ္ေနရာမွာ အစားထိုး အသုံးျပဳလာနိုင္မလားဆိုတာကိုေတာ့ ေစာင့္ၾကည့္ရဖို႔ရွိေနပါတယ္။

ဖီးလ္ဂ်ဳံးစ္ဟာ နည္းျပႀကီး ဖာဂူဆန္ လက္ထက္မွာလည္း ဗဟိုခံစစ္ေနရာမွာတင္မက ကြင္းလယ္အဖ်က္ေနရမွာလည္း ကစားထားခဲ့ဖူးတဲ့ ကစားသမား တစ္ေယာက္ျဖစ္ပါတယ္။ ယေန႕ညမွာ တစ္ခ်ိန္က အလားအလာအေကာင္းဆုံး ေနာက္ခံလူ ျဖစ္ခဲ့တဲ့ ဖီးလ္ဂ်ဳံးစ္အေနနဲ႕ ယူနိုက္တက္နဲ႕ အတူ ျမက္ခင္းစိမ္းေပၚမွာ ျမင္ရမလား ေစာင့္ၾကည့္ရမွာပါ။