Spots news

ပီအက်စ်ဂျီမှာ ရုန်းကန်နေရလို့ ရွှေဘောလုံးရေပန်းစားမှု လျော့နည်းလာတဲ့ မက်ဆီ

Unicode Version

ပီအက်စ်ဂျီနဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းတို့ရဲ့  တိုက်စစ်မှူး လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ မစတင်မီမှာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ အတွက် ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားခဲ့ပေမယ့် ပီအက်စ်ဂျီအသင်းမှာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတာကြောင့် ရေပန်းစားမှု အနည်းငယ် လျော့ကျခဲ့ကြောင်း သိရပါတယ်

မက်ဆီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘာစီလိုနာအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၇ပွဲ ပါဝင်ကစားခဲ့ရာ သွင်းဂိုး ၃၈ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဖန်တီးမှု ၁၄ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သလို အာဂျင်တီးနားအသင်းနဲ့လည်း ကိုပါအမေရိကဖလားကို အရယူနိုင်ခဲ့တာကြောင့် ရွှေဘောလုံးဆု ရယူနိုင်ဖို့ ရေပန်းအစားဆုံး ကစားသမား ဖြစ်နေပါတယ်။

မက်ဆီဟာ ဘာစီလိုနာအသင်းနဲ့ အတူ သက်သေပြထားသလို ရွှေဘောလုံးဆုကို ၆ကြိမ်တိုင် ရရှိထားပြီး ယခုတကြိမ်သာ ထပ်မံ ရရှိခဲ့ပါက ရွှေဘောလုံးဆု ၇ကြိမ်နဲ့အတူ သမိုင်းတလျှောက် ရွှေဘောလုံးဆု အများဆုံး ရထားတဲ့ ကစားသမား အဖြစ် ပြတ်ပြတ်သားသား ရပ်တည်နိုင်မှာပါ။

ဒါပေမယ့် မက်ဆီဟာ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပြီးနောက် ပီအက်စ်ဂျီအသင်းမှာ အထိုင်ကျဖို့ အနည်းငယ် ရုန်းကန်နေရပြီး ပီအက်စ်ဂျီအသင်း အတွက် ၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့ခြင်း မရှိသလို ဂိုးဖန်တီးမှုတွေလည်း မပြုလုပ်နိုင်သေးပါဘူး။

ထို့ကြောင့် မက်ဆီရဲ့ ရွှေဘောလုံးဆု အတွက် ရေပန်းစားနေမှုဟာ အနည်းငယ် လျော့ကျလာခဲ့ပြီး ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝမ်ဒေါစကီးနဲ့ ချယ်လ်ဆီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုတို့ရဲ့ ရွှေဘောလုံးဆုကို ရရှိဖို့ ရေပန်းစားနေမှုဟာ မြင့်တက်လာခဲ့ကြောင်း နာမည်ကျော် Goal သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

လီဝမ်ဒေါစကီးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဘိုင်ယန် အတွက် ပြိုင်ပွဲစုံမှာ ပွဲ၄၀ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄၈ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်နိုင်ခဲ့သလို ယခုနှစ် ဘောလုံးရာသီမှာလည်း ပြိုင်ပွဲစုံမှာ ၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းထားနိုင်ပါတယ်။

ဒါကြောင့်လည်း လီဝမ်ဒေါစကီးဟာ မက်ဆီပြီးနောက် ရွှေဘောလုံးဆုကို ရရှိဖို့ အတွက် ဒုတိယမြောက် ရေပန်းအစားဆုံး ကစားသမား ဖြစ်နေတာပါ။ ချယ်လ်ဆီးနဲ့ အီတလီ ကွင်းလယ်လူ ဂျော်ဂျင်ဟိုကလဲ ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်ခဲ့သလို ယူရို၂၀၂၀ပြိုင်ပွဲမှာလည်း ဗိုလ်စွဲခဲ့တာကြောင့် တတိယမြောက် ရေပန်းအစားဆုံး ကစားသမား ဖြစ်နေပါတယ်။

Zawgyi Version

ပီအက္စ္ဂ်ီနဲ႕ အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းတို႔ရဲ႕  တိုက္စစ္မႉး လီယြန္နယ္ မက္ဆီဟာ ယခုႏွစ္ ေဘာလုံးရာသီ မစတင္မီမွာ ၂၀၂၀-၂၀၂၁ ေဘာလုံးရာသီ အတြက္ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ ေရပန္းစားခဲ့ေပမယ့္ ပီအက္စ္ဂ်ီအသင္းမွာ ေျခစြမ္းျပဖို႔ ႐ုန္းကန္ေနရတာေၾကာင့္ ေရပန္းစားမႈ အနည္းငယ္ ေလ်ာ့က်ခဲ့ေၾကာင္း သိရပါတယ္

မက္ဆီဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဘာစီလိုနာအသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၄၇ပြဲ ပါဝင္ကစားခဲ့ရာ သြင္းဂိုး ၃၈ဂိုး အထိ သြင္းယူနိုင္ခဲ့ကာ ဖန္တီးမႈ ၁၄ႀကိမ္အထိ ျပဳလုပ္နိုင္ခဲ့သလို အာဂ်င္တီးနားအသင္းနဲ႕လည္း ကိုပါအေမရိကဖလားကို အရယူနိုင္ခဲ့တာေၾကာင့္ ေ႐ႊေဘာလုံးဆု ရယူနိုင္ဖို႔ ေရပန္းအစားဆုံး ကစားသမား ျဖစ္ေနပါတယ္။

မက္ဆီဟာ ဘာစီလိုနာအသင္းနဲ႕ အတူ သက္ေသျပထားသလို ေ႐ႊေဘာလုံးဆုကို ၆ႀကိမ္တိုင္ ရရွိထားၿပီး ယခုတႀကိမ္သာ ထပ္မံ ရရွိခဲ့ပါက ေ႐ႊေဘာလုံးဆု ၇ႀကိမ္နဲ႕အတူ သမိုင္းတေလွ်ာက္ ေ႐ႊေဘာလုံးဆု အမ်ားဆုံး ရထားတဲ့ ကစားသမား အျဖစ္ ျပတ္ျပတ္သားသား ရပ္တည္နိုင္မွာပါ။

ဒါေပမယ့္ မက္ဆီဟာ ဘာစီလိုနာအသင္း ကေန ပီအက္စ္ဂ်ီအသင္းထံ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေျပာင္းေ႐ႊ႕ခဲ့ၿပီးေနာက္ ပီအက္စ္ဂ်ီအသင္းမွာ အထိုင္က်ဖိဳ႕ အနည္းငယ္ ႐ုန္းကန္ေနရၿပီး ပီအက္စ္ဂ်ီအသင္း အတြက္ ၃ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုးေတြ သြင္းယူနိုင္ခဲ့ျခင္း မရွိသလို ဂိုးဖန္တီးမႈေတြလည္း မျပဳလုပ္နိုင္ေသးပါဘူး။

ထို႔ေၾကာင့္ မက္ဆီရဲ႕ ေ႐ႊေဘာလုံးဆု အတြက္ ေရပန္းစားေနမႈဟာ အနည္းငယ္ ေလ်ာ့က်လာခဲ့ၿပီး ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဝမ္ေဒါစကီးနဲ႕ ခ်ယ္လ္ဆီး ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုတို႔ရဲ႕ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ ေရပန္းစားေနမႈဟာ ျမင့္တက္လာခဲ့ေၾကာင္း နာမည္ေက်ာ္ Goal သတင္းဌာနက ေဖာ္ျပခဲ့ပါတယ္။

လီဝမ္ေဒါစကီးဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဘိုင္ယန္ အတြက္ ၿပိဳင္ပြဲစုံမွာ ပြဲ၄၀ ပါဝင္ ကစားေပးခဲ့ရာ သြင္းဂိုး ၄၈ဂိုး အထိ သြင္းယူနိုင္ခဲ့ၿပီး ဂိုးဖန္တီးမႈ ၉ႀကိမ္ ျပဳလုပ္နိုင္ခဲ့သလို ယခုႏွစ္ ေဘာလုံးရာသီမွာလည္း ၿပိဳင္ပြဲစုံမွာ ၇ပြဲ ပါဝင္ ကစားေပးထားရာ သြင္းဂိုး ၁၁ဂိုး သြင္းထားနိုင္ပါတယ္။

ဒါေၾကာင့္လည္း လီဝမ္ေဒါစကီးဟာ မက္ဆီၿပီးေနာက္ ေ႐ႊေဘာလုံးဆုကို ရရွိဖို႔ အတြက္ ဒုတိယေျမာက္ ေရပန္းအစားဆုံး ကစားသမား ျဖစ္ေနတာပါ။ ခ်ယ္လ္ဆီးနဲ႕ အီတလီ ကြင္းလယ္လူ ေဂ်ာ္ဂ်င္ဟိုကလဲ ခ်န္ပီယံလိဂ္ ဆုဖလားကို အရယူနိုင္ခဲ့သလို ယူရို၂၀၂၀ၿပိဳင္ပြဲမွာလည္း ဗိုလ္စြဲခဲ့တာေၾကာင့္ တတိယေျမာက္ ေရပန္းအစားဆုံး ကစားသမား ျဖစ္ေနပါတယ္။