Spots news

အပြောင်းအရွေ့ကာလမှာ ခေါ်ယူမယ့် လီဗာပူးရဲ့ ပစ်မှတ် သုံးယောက်

Unicode Version

ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူး အသင်းရဲ့ အဓိက နောက်ခံလူတွေ ဖြစ်ကြတဲ့ ဗန်ဒိုက်နဲ့ ဂိုးမက်စ် တို့ဟာ ဒူးဒဏ်ရာတွေ ကြောင့် ကာလရှည် အနားယူ နေရတာ ဖြစ်ပြီး မာတစ်ကလဲ ဇန်နဝါရီ လကုန်မှ ပြန်ကစားနိုင်ဖွယ်ရာ ရှိနေပါတယ်။

အသင်းခေါင်းဆောင် ဟန်ဒါဆန်က နောက်တန်း သို့ ဆင်းကစားနေရပြီး အကျိုးဆက် ကတော့ ကွင်းလယ်မှာ ဝန်ပိပြီး အဓိက တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ ဆာလတ် ၊ မာနေး နဲ့ ဖာမီနို တို့ကို ဖန်တီးမှု ပြုလုပ်ပေးနိုင် ခြင်းမရှိတာပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ လီဗာပူးဟာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ဦးဆောင် နိုင်ခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ 3 ပွဲမှာတော့ နိုင်ပွဲ ပျောက်ဆုံးသွားတဲ့ အပြင် ၊ အမှတ်ပေးဇယားမှာ ဒုတိယနေရာက မန်ချက်စတာ ယူနိုက်တက်ရဲ့ တစ်ပွဲလျော့ အမှတ်တူ နဲ့ ထပ်ကြပ်မကွာ ဖိအားပေးခြင်းကို ခံနေရတာပါ။

လီဗာပူး ကစားသမား ဟောင်းများကလဲ ဇန်နဝါရီမှာ ခံစစ်အင်အား မဖြည့်တင်းပါက ပရီးမီးယားလိဂ် ချန်ပီယံဆုကို လွှဲပြောင်း ပေးရနိုင်ကြောင်း ပြောဆိုထားကြပါတယ်။ လီဗာပူး အနေနဲ့ ဗဟိုခံစစ်နေရာ အတွက် အဓိက ပြစ်မှတ်အဖြစ် သတင်းထွက်နေတဲ့ ကစားသမားများကို Sky Sport သတင်းဌာနက ထုတ်ပြန်ကြေငြာလိုက်ပါတယ်။

ဘန်ဝှိုက် ( ဘရိုက်တန် )
စာချုပ်လက်ကျန် -2024

ဘန်ဝှိုက်ရဲ့ အခြေအနေကို စောင့်ကြည့်နေကြတဲ့ ပရီးမီးယားလိဂ် အသင်းများထဲမှာ လီဗာပူး အသင်းက ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ဘန်ဝှိုက်ဟာ နည်းပြ ဘီယဲဆာရဲ့ လက်အောက် လိဒ်ယူနိုက်တက် ထံ အငှားလာရောက်ကစားခဲ့ပြီး ပရီးမီးယား သို့ တန်းတက်ရာမှာ အဓိက ပါဝင် အားဖြည့် ပေးခဲ့တဲ့ ကစားသမားလဲ ဖြစ်ပါတယ်။

သို့ပေမယ့် လီဗာပူးနဲ့ ဘန်ဝှိုက်ရဲ့ သတင်းမှာ အေးစက်နေပြီး စက်တင်ဘာလကမှ စာချုပ်သက်တမ်း တိုးထားသူ ဖြစ်တာမို့ လီဗာပူးအနေနဲ့ ခေါ်ယူလိုပါက ပြောင်းရွေ့ကြေး နည်းနည်းနဲ့တော့ မရနိုင်ပါဘူး။

အူပါမီကာနို ( လိုက်ဇစ် )

စာချုပ်လက်ကျန် – 2023

လက်ရှိ ဥရောပရဲ့ အကောင်းဆုံး နောက်ခံလူများထဲမှ လူအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ အူပါမီကာနိုဟာ လိုက်ဇစ်နဲ့ အတူ ချန်ပီယံလိဂ် ဆီမီးအထိ တက်ရောက်နိုင်ခဲ့ပြီး ခြေစွမ်းပြသခဲ့သူပါ

အူပါမီကာနိုဟာ လီဗာပူးရဲ့ အဓိက ပစ်မှတ်အဖြစ် ထိပ်ဆုံးမှာ ရပ်တည်နေပြီး နောက်ခံလူဟောင်း ကာရေဂါကတော့ နည်းပြ ကလော့ အနေနဲ့ ဇန်နဝါရီ အပြောင်းအရွေ့ကာလ မှာ ခေါ်ယူလိမ့်မည်ဟု ယုံကြည်နေကြောင်း ပြောဆိုထားပါတယ်။

“ လိုက်ဇစ် အကြောင်းပြောရင် မပါမဖြစ်တဲ့ အူပါမီကာနို ဆိုတဲ့ လူငယ်လေး တစ်ယောက်ရှိပါတယ်။ လီဗာပူး အနေနဲ့ လိုအပ်နေတဲ့ နေရာကို ဖြည့်စွပ် ကစားပေးနိုင်မယ့် ဒီလူငယ်ကို ဇန်နဝါရီရဲ့ ပထမဦးစားပေးအဖြစ် အပိုဆုကြေးများ ပေးပြီး ခေါ်ယူသင့်ပါတယ် ” ဟုပြောဆိုခဲ့ပါတယ်။

အိုဇန်ကားဘတ် ( ရှော်‌ကေး )

စာချုပ်လက်ကျန် – 2024

ကိုဗစ်ကပ် ရောဂါပျံ့နှံ့မှု မရှိခင်အသင်းရဲ့ ဘဏ္ဍာရေး အခြေအနေ ကို လှည့်ကြည့်စရာ မလိုချိန် ကတည်းက လီဗာပူး အနေနဲ့ ကားဘတ်ကို ခေါ်ယူ ဖို့ ပြင်ဆင်ထားခဲ့ပါတယ်။

ရှော်ကေးဟာ ယခင်က ပြောင်းရွေ့ကြေး ပေါင် သန်း လေးဆယ် ခန့် အလိုရှိခဲ့ပေမယ့် လက်ရှိအချိန်မှာ ကစားသမားကို ပေါင် သန်း နှစ်ဆယ် ခန့်ဖြင့် ခေါ်ယူ လို့ရရှိ‌နိုင်ကြောင်း သတင်းများက ဆိုပါတယ်။