Spots news

ဂွာဒီယိုလာကို နည်းပြအဖြစ် ရအောင်ပြန်ခေါ်မယ့် ဘာစီလိုနာနဲ့ သတင်းတိုများ

Unicode Version

အဲဗာတန်အသင်းရဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ဂျိမ်းစ်ရိုဒရီဂွက်စ်ဟာ ကာတာ အခြေစိုက် အယ် ရေယန်အသင်းဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ဖို့ သဘောတူညီမှု ရခဲ့ကြောင်း သိရပါတယ်။ ရိုဒရီဂွက်စ်ဟာ ထိပ်တန်း ကစားသမား တဦး ဖြစ်ပေမယ့်

စည်းကမ်းပိုင်း အားနည်းချက်ကြောင့် အဲဗာတန်နည်းပြ ဘင်နီတက်ဇ်နဲ့ ဆက်ဆံရေး အဆင်မပြေဖြစ်ခဲ့ပြီး အဲဗာတန်အသင်းဟာ ရိုဒရီဂွက်စ်ရဲ့ မြင့်မားတဲ့ လုပ်ခလစာကို ပေးချေဖို့ ဆန္ဒမရှိခဲ့တာကြောင့် ယခုလို အယ် ရေယန်အသင်းဆီ အငှားချခဲ့တာပါ။

အောက်တိုဘာလလယ်မှာ ကစားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲများပြီးဆုံးတဲ့ အထိ ယူနိုက်တက်တိုက်စစ်မှူး ရက်ဖိုဒ့်အား ယူနိုက်တက်လူစာရင်းမှာ မြင်တွေ့ရဖွယ် မရှိသေးကြောင်း ဆိုးလ်ရှားက ပြောကြားသွားပါတယ်။ ရက်ဖိုဒ့်ဟာ လေ့ကျင့်ခန်းများကို ပြုလုပ်နေပြီ ဖြစ်သော်လည်း အလျင်စလို အသုံးပြုသွားမှာ မဟုတ်ဟု နည်းပြဆိုးလ်ရှားမှ အတည်ပြုသွားခဲ့ပါတယ်။

မန်ယူနိုက်တက်အသင်းဟာ အဓိက ကွင်းလယ်ကစားသမား ပေါ့ဘာကို သက်တမ်းတိုးဖို့ ကြိုးပမ်းနေပေမယ့်လည်း အဆင်မပြေ ဖြစ်ခဲ့ရလို့ လက်လွတ်လိုက်ရမယ်ဆိုရင် ပြန်လည်အစားထိုးဖို့အတွက် အေစီမီလန်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆီးကို ပစ်မှတ်ထားလျက် ရှိနေတယ်လို့ စပိန်သတင်း မီဒီယာများက ဖော်ပြလာခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဂျိုအန်လာပေါ်တာကတော့ ၂၀၀၈ ကနေ ၂၀၁၂ ထိ အသင်းကို တာဝန်ယူခဲ့တဲ့ နည်းပြဟောင်း ပက်ဂွာဒီယိုလာကို နည်းပြအဖြစ် သို့မဟုတ် အားကစားဒါရိုက်တာအဖြစ် ပြန်လည်ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

Zawgyi Version




