Spots news

ကစားသမားတွေ ပင်ပန်းမှာဆိုးလို့ ဖလားသေးသေးလေးကို လက်လွှတ်လိုက်တဲ့ မန်ယူ

Unicode Version

ဝက်စ်ဟမ်းအသင်းက‌ တော့ ပရီးမီးယားလိဂ် ပြိုင်ပွဲက ရှုံးနိမ့်မှုကို မနေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ပွဲစဉ်မှာ ပွဲအစောပိုင်းကတည်းက သွင်းယူထားခဲ့တဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းကို အနိုင်ယူခဲ့ပါတယ်။

ယူနိုက်တက် နည်းပြ ဆိုးလ်ရှားဟာ ယနေ့ပွဲကို တောင်ပံကစားသမား ဆန်ချိုကလွဲလို့ တသင်းလုံး အရန်တွေနဲ့ ပွဲထုတ်လာခဲ့ကာ ဧည့်ခံခဲ့သလို ဧည့်သည်ဝက်စ်ဟမ်းအသင်း ကလဲ အရန်ကစားသမား အများစုနဲ့သာ ပွဲထွက်လာခဲ့ပေမယ့်

အရန်ကစားသမား အချင်းချင်း ယှဉ်ကန်ကြတဲ့အခါ နည်းပြဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက်က ပွဲစတုန်းက သွင်းယူခဲ့တဲ့ ဦးဆောင်ဂိုးကို တပွဲလုံး ပြန်လည်ချေပနိုင်ခြင်းမရှိတာကြောင့် ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယနေ့ပွဲမှာ ဂိုးမသွင်းနိုင်ခဲ့ပေမယ့် တနင်္ဂနွေညကထက် ကံကောင်းပြီး နိုင်ခဲ့တဲ့ ပွဲနဲ့ယှဉ်ရင်တော့ ကစားပုံကောင်းခဲ့ပြီး အရန်ကစားသမားတွေ ဖြစ်ကြတဲ့ ဗန်ဒီဘိခ်နဲ့ ဒါလော့တို့ဟာ ပုံမှန်ပွဲထွက်ခွင့်နဲ့ ထိုက်တန်တဲ့ ခြေစွမ်းကောင်းတွေ အသီးသီး ပြသနိုင်ခဲ့ပါတယ်။

ယနေ့ပွဲမှာ ဂိုးသွင်းသေချာတဲ့ တိုက်စစ်မှူး ကာဗာနီ ဒဏ်ရာရနေတာကြောင့် မပါဝင်နိုင်ခြင်း၊ ဂိုးသွင်းပေးနေကျ တိုက်စစ်မှူး ရော်နယ်ဒိုကို အနားပေးထားခြင်း ၊ မာရှယ် ဦးဆောင်တဲ့ တိုက်စစ်မြားဦးဟာ ဂိုးရရှိနိုင်အောင် ရုန်းကန်လှုပ်ရှားခြင်း မရှိပဲ အသက်မဲ့နေခြင်း၊

ဝက်စ်ဟမ်းခံစစ်နဲ့ ဂိုးသမားတို့ရဲ့ တည်ငြိမ်မှု ရရှိနေခြင်းတို့ကြောင့် Plan -B မရှိပဲ ကြည့်ကျက်လုပ် ကစားကွက်နဲ့ ကစားနေတဲ့ နည်းပြဆိုးလ်ရှားရဲ့ ယူနိုက်တက်ဟာ ဘယ်လိုမှ မတတ်နိုင်ခဲ့ပဲ အိမ်ကွင်းမှာ အရေးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

Zawgyi Version

ဝက္စ္ဟမ္းအသင္းက‌ ေတာ့ ပရီးမီးယားလိဂ္ ၿပိဳင္ပြဲက ရႈံးနိမ့္မႈကို မေန႕ညကယွဥ္ၿပိဳင္ခဲ့တဲ့ ကာရာေဘာင္ဖလား ပြဲစဥ္မွာ ပြဲအေစာပိုင္းကတည္းက သြင္းယူထားခဲ့တဲ့ တစ္လုံးတည္းေသာ သြင္းဂိုးနဲ႕ အိုးလ္ထရက္ဖို႔ဒ္ကြင္းႀကီးမွာ မန္ခ်က္စတာ ယူနိုက္တက္ အသင္းကို အနိုင္ယူခဲ့ပါတယ္။

ယူနိုက္တက္ နည္းျပ ဆိုးလ္ရွားဟာ ယေန႕ပြဲကို ေတာင္ပံကစားသမား ဆန္ခ်ိဳကလြဲလို႔ တသင္းလုံး အရန္ေတြနဲ႕ ပြဲထုတ္လာခဲ့ကာ ဧည့္ခံခဲ့သလို ဧည့္သည္ဝက္စ္ဟမ္းအသင္း ကလဲ အရန္ကစားသမား အမ်ားစုနဲ႕သာ ပြဲထြက္လာခဲ့ေပမယ့္

အရန္ကစားသမား အခ်င္းခ်င္း ယွဥ္ကန္ၾကတဲ့အခါ နည္းျပဆိုးလ္ရွားရဲ႕ မန္ခ်က္စတာ ယူနိုက္တက္က ပြဲစတုန္းက သြင္းယူခဲ့တဲ့ ဦးေဆာင္ဂိုးကို တပြဲလုံး ျပန္လည္ေခ်ပနိုင္ျခင္းမရွိတာေၾကာင့္ ၿပိဳင္ပြဲကေန ေစာစီးစြာ ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။

ယူနိုက္တက္ဟာ ယေန႕ပြဲမွာ ဂိုးမသြင္းနိုင္ခဲ့ေပမယ့္ တနဂၤေႏြညကထက္ ကံေကာင္းၿပီး နိုင္ခဲ့တဲ့ ပြဲနဲ႕ယွဥ္ရင္ေတာ့ ကစားပုံေကာင္းခဲ့ၿပီး အရန္ကစားသမားေတြ ျဖစ္ၾကတဲ့ ဗန္ဒီဘိခ္နဲ႕ ဒါေလာ့တို႔ဟာ ပုံမွန္ပြဲထြက္ခြင့္နဲ႕ ထိုက္တန္တဲ့ ေျခစြမ္းေကာင္းေတြ အသီးသီး ျပသနိုင္ခဲ့ပါတယ္။

ယေန႕ပြဲမွာ ဂိုးသြင္းေသခ်ာတဲ့ တိုက္စစ္မႉး ကာဗာနီ ဒဏ္ရာရေနတာေၾကာင့္ မပါဝင္နိုင္ျခင္း၊ ဂိုးသြင္းေပးေနက် တိုက္စစ္မႉး ေရာ္နယ္ဒိုကို အနားေပးထားျခင္း ၊ မာရွယ္ ဦးေဆာင္တဲ့ တိုက္စစ္ျမားဦးဟာ ဂိုးရရွိနိုင္ေအာင္ ႐ုန္းကန္လႈပ္ရွားျခင္း မရွိပဲ အသက္မဲ့ေနျခင္း၊

ဝက္စ္ဟမ္းခံစစ္နဲ႕ ဂိုးသမားတို႔ရဲ႕ တည္ၿငိမ္မႈ ရရွိေနျခင္းတို႔ေၾကာင့္ Plan -B မရွိပဲ ၾကည့္က်က္လုပ္ ကစားကြက္နဲ႕ ကစားေနတဲ့ နည္းျပဆိုးလ္ရွားရဲ႕ ယူနိုက္တက္ဟာ ဘယ္လိုမွ မတတ္နိုင္ခဲ့ပဲ အိမ္ကြင္းမွာ အေရးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရတာျဖစ္ပါတယ္။