Spots news

လိုချင်တဲ့အသင်းတွေများလို့ မာရှယ်ကို မြင့်မားတဲ့တန်ကြေး သတ်မှတ်ထားတဲ့ မန်ယူ

Unicode Version

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး မာရှယ်ဟာ ပုံမှန်ပွဲထွက် ကစားခွင့် ရရှိလိုတဲ့ အတွက် အသင်းမှ ထွက်ခွာဖို့ အလိုရှိနေသလို အသင်းဘက်မှလဲ တိုက်စစ်မှူးကို လာမယ့် အပြောင်းအရွေ့ကာလမှာ ရောင်းချဖွယ် ရှိနေပေမယ့် ယူနိုက်တက်မှ သတ်မှတ်ထားတဲ့ ပြောင်းရွေ့ကြေးကြောင့် အကောင်အထည် မပေါ်မည်ကို ကစားသမားရဲ့ အေးဂျင့်မှ စိုးရိမ်နေပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပြီးခဲ့တဲ့‌ ဘောလုံးရာသီက ၃၆ ပွဲ ကစားရာမှာ ၇ ဂိုးသာ သွင်းယူနိုင်ပြီး ခြေစွမ်းပြသ နိုင်ခြင်း မရှိခဲ့သလို ယခုနှစ် ဘောလုံး ရာသီမှာလဲ တိုက်စစ်မှူး ရော်နယ်ဒို ယူနိုက်တက်သို့ ပြန်လည် ရောက်လာပြီးနောက် ပုံမှန်ပွဲထွက်ခွင့် လျော့နည်းသွားပြီး အသင်းပြောင်းရွေ့ဖို သတင်းထွက်နေသူပါ။

ယူနိုက်တက်ဘက်က မာရှယ်အတွက် ပြောင်းရွှေ့ကြေးကို ပေါင်သန်း ၄၀ သတ်မှတ်ထားပြီး ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူးကို စပိန်ထိပ်သီးကလပ် ဘာစီလိုနာ ၊ စီးရီးအေ နာမည်ကြီးကလပ် အေစီမီလန်နဲ့ ပရီးမီးယားလိဂ် အင်အားကြီးကလပ်တွေ ဖြစ်တဲ့ စပါးအသင်းနဲ့ အာဆင်နယ်အသင်းတို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ဘာစီလိုနာဟာ ငွေကြေးအခက်အခဲကြောင့် လာမယ့် နွေရာသီ အပြောင်းအရွေ့ ကျမှသာ အပြောင်းအရွှေ့ကို စဉ်းစားနိုင်မည်ဖြစ်ပြီး လက်ရှိအချိန်ထိ တိကျတဲ့ ကမ်းလှမ်းမှုမျိုး မပြုလုပ်ရ သေးကြောင်း သိရပါတယ်။သို့ပေမယ့် ဆောင်းဈေးကွင်အတွင်းမှာတော့ ရာသီဝက်အငှား + အပြီးသတ် ခေါ်ယူခွင့်နဲ့ ကမ်းလှမ်းလာဖွယ်ရှိနေပါတယ်။

မာရှယ်ဟာ ယူနိုက်တက်နှင့် စာချုပ်သက်တမ်း ၃ နှစ်ကျန်ရှိနေပြီး တစ်ပတ်လျှင် လုပ်ခလစာ ပေါင် ၂ သိန်းခွဲ အထိ ရရှိနေတဲ့အတွက် အသင်းပြောင်းလိုပါက ကျိန်းသေ လစာလျော့ယူရမှာ ဖြစ်ပါတယ်။ ယခုနှစ်‌ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲသာ မာရှယ်အနေနဲ့ ပွဲထွက်ခွင့်ရရှိခဲ့ပြီး ထိုပွဲမှာ ဆောက်သမ်တန်နှင့် ၁ ဂိုးစီ သရေကျခဲ့ပါတယ်။

Zawgyi Version

မန္ခ်က္စတာ ယူနိုက္တက္အသင္းရဲ႕ တိုက္စစ္မႉး မာရွယ္ဟာ ပုံမွန္ပြဲထြက္ ကစားခြင့္ ရရွိလိုတဲ့ အတြက္ အသင္းမွ ထြက္ခြာဖို႔ အလိုရွိေနသလို အသင္းဘက္မွလဲ တိုက္စစ္မႉးကို လာမယ့္ အေျပာင္းအေ႐ြ႕ကာလမွာ ေရာင္းခ်ဖြယ္ ရွိေနေပမယ့္ ယူနိုက္တက္မွ သတ္မွတ္ထားတဲ့ ေျပာင္းေ႐ြ႕ေၾကးေၾကာင့္ အေကာင္အထည္ မေပၚမည္ကို ကစားသမားရဲ႕ ေအးဂ်င့္မွ စိုးရိမ္ေနပါတယ္။

ျပင္သစ္တိုက္စစ္မႉးဟာ ၿပီးခဲ့တဲ့‌ ေဘာလုံးရာသီက ၃၆ ပြဲ ကစားရာမွာ ၇ ဂိုးသာ သြင္းယူနိုင္ၿပီး ေျခစြမ္းျပသ နိုင္ျခင္း မရွိခဲ့သလို ယခုႏွစ္ ေဘာလုံး ရာသီမွာလဲ တိုက္စစ္မႉး ေရာ္နယ္ဒို ယူနိုက္တက္သို႔ ျပန္လည္ ေရာက္လာၿပီးေနာက္ ပုံမွန္ပြဲထြက္ခြင့္ ေလ်ာ့နည္းသြားၿပီး အသင္းေျပာင္းေ႐ြ႕ဖို သတင္းထြက္ေနသူပါ။

ယူနိုက္တက္ဘက္က မာရွယ္အတြက္ ေျပာင္းေ႐ႊ႕ေၾကးကို ေပါင္သန္း ၄၀ သတ္မွတ္ထားၿပီး ျပင္သစ္ လက္ေ႐ြးစင္ တိုက္စစ္မႉးကို စပိန္ထိပ္သီးကလပ္ ဘာစီလိုနာ ၊ စီးရီးေအ နာမည္ႀကီးကလပ္ ေအစီမီလန္နဲ႕ ပရီးမီးယားလိဂ္ အင္အားႀကီးကလပ္ေတြ ျဖစ္တဲ့ စပါးအသင္းနဲ႕ အာဆင္နယ္အသင္းတို႔က ေခၚယူဖို႔ စိတ္ဝင္စားေနၾကပါတယ္။

ဘာစီလိုနာဟာ ေငြေၾကးအခက္အခဲေၾကာင့္ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ြ႕ က်မွသာ အေျပာင္းအေ႐ႊ႕ကို စဥ္းစားနိုင္မည္ျဖစ္ၿပီး လက္ရွိအခ်ိန္ထိ တိက်တဲ့ ကမ္းလွမ္းမႈမ်ိဳး မျပဳလုပ္ရ ေသးေၾကာင္း သိရပါတယ္။သို႔ေပမယ့္ ေဆာင္းေဈးကြင္အတြင္းမွာေတာ့ ရာသီဝက္အငွား + အၿပီးသတ္ ေခၚယူခြင့္နဲ႕ ကမ္းလွမ္းလာဖြယ္ရွိေနပါတယ္။

မာရွယ္ဟာ ယူနိုက္တက္ႏွင့္ စာခ်ဳပ္သက္တမ္း ၃ ႏွစ္က်န္ရွိေနၿပီး တစ္ပတ္လွ်င္ လုပ္ခလစာ ေပါင္ ၂ သိန္းခြဲ အထိ ရရွိေနတဲ့အတြက္ အသင္းေျပာင္းလိုပါက က်ိန္းေသ လစာေလ်ာ့ယူရမွာ ျဖစ္ပါတယ္။ ယခုႏွစ္‌ ေဘာလုံးရာသီမွာ ပရီးမီးယားလိဂ္ ပြဲစဥ္တစ္ပြဲသာ မာရွယ္အေနနဲ႕ ပြဲထြက္ခြင့္ရရွိခဲ့ၿပီး ထိုပြဲမွာ ေဆာက္သမ္တန္ႏွင့္ ၁ ဂိုးစီ သေရက်ခဲ့ပါတယ္။