Unicode Version
ရီးရဲလ်မက်ဒရစ် ၊ ဂျူဗင်တပ် ၊ ချယ်လ်ဆီးနဲ့ နာပိုလီအသင်းတို့မှာ ကစားခဲ့ဖူးတဲ့ အာဂျင်တီးနား လက်ရွေးစင် တိုက်စစ်မှူးဟောင်း ဟီဂူအင်ကတော့ လက်ရှိ သူ ကစားနေတဲ့ အင်တာ မိုင်ယာမီအသင်းဟာ သူ့ရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်း မက်ဆီကို ခေါ်ယူဖို့ ဆန္ဒရှိနေကြောင်း အတည်ပြု ပြောကြားသွားခဲ့ပါတယ်။
အမေရိကန် မေဂျာလိဂ်အသင်း တသင်း ဖြစ်တဲ့ အင်တာ မိုင်ယာမီအသင်းဟာ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ဒေးဗစ်ဘက်ခမ်း ပူးတွဲပိုင်ဆိုင်တဲ့ အသင်းတသင်း ဖြစ်ပြီး အသင်းထံ ကြယ်ပွင့် ကစားသမား များစွာကို ခေါ်ယူဖို့ စီစဉ်နေတဲ့ အသင်းလည်း ဖြစ်ပါတယ်။
လီယွန်နယ် မက်ဆီဟာ ငယ်စဉ်ကတည်းက ကစားခဲ့တဲ့ ဘာစီလိုနာအသင်း ကနေ ပီအက်စ်ဂျီအသင်းထံ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ကာ ၂နှစ် သက်တမ်း ရှိတဲ့ စာချုပ် ချုပ်ဆိုထားပေမယ့် မိုင်ယာမီအသင်း ပိုင်ရှင် ဒေးဗစ်ဘက်ခမ်းဟာ သူ့ရဲ့ အသင်းထံ လာရောက် ကစားဖို့ မက်ဆီကို ဖိတ်ခေါ်ထားပါတယ်။
အမေရိကန် အခြေစိုက် သတင်းဌာနတွေနဲ့ ပြင်သစ် အခြေစိုက် သတင်းဌာန တချို့ကတော့ ဘက်ခမ်းဟာ မက်ဆီအနေနဲ့ ပီအက်စ်ဂျီအသင်း ကနေ ထွက်ခွာပါက မိုင်ယာမီအသင်းထံ ပြောင်းရွှေ့ ကစားဖို့ အတွက် နှုတ်အားဖြင့် သဘောတူညီမှု ရယူနိုင်ခဲ့ကြောင်း ဖော်ပြထားကြပါတယ်။
ဟီဂူအင်က “ ကျွန်တော်က ဒုက္ခ မရောက်ချင်ပါဘူး။ ဒါကြောင့် မက်ဆီနဲ့ မိုင်ယာမီအသင်းကြားမှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ မပြောချင်ဘူးဗျ။ အခု သူက ပီအက်စ်ဂျီအသင်းနဲ့ ၂နှစ် စာချုပ် ရှိနေပါတယ်။ အသင်းကတော့ သူ့ကို ခေါ်ယူဖို့ ဆန္ဒရှိနေတာ ကြာပါပြီ။ ဘာတွေ ဖြစ်လာမလဲ ဆိုတာ ဆက်ပြီး စောင့်ကြည့်ရမှာပေါ့ဗျာ” လို့ ထုတ်ဖော် ပြောကြားခဲ့တာပါ။
Zawgyi Version
ရီးရဲလ္မက္ဒရစ္ ၊ ဂ်ဴဗင္တပ္ ၊ ခ်ယ္လ္ဆီးနဲ႕ နာပိုလီအသင္းတို႔မွာ ကစားခဲ့ဖူးတဲ့ အာဂ်င္တီးနား လက္ေ႐ြးစင္ တိုက္စစ္မႉးေဟာင္း ဟီဂူအင္ကေတာ့ လက္ရွိ သူ ကစားေနတဲ့ အင္တာ မိုင္ယာမီအသင္းဟာ သူ႕ရဲ႕ လက္ေ႐ြးစင္ အသင္းေဖာ္ေဟာင္း မက္ဆီကို ေခၚယူဖို႔ ဆႏၵရွိေနေၾကာင္း အတည္ျပဳ ေျပာၾကားသြားခဲ့ပါတယ္။
အေမရိကန္ ေမဂ်ာလိဂ္အသင္း တသင္း ျဖစ္တဲ့ အင္တာ မိုင္ယာမီအသင္းဟာ မန္ခ်က္စတာ ယူနိုက္တက္နဲ႕ အဂၤလန္အသင္းရဲ႕ ဂႏၲဝင္ ကြင္းလယ္လူ ေဒးဗစ္ဘက္ခမ္း ပူးတြဲပိုင္ဆိုင္တဲ့ အသင္းတသင္း ျဖစ္ၿပီး အသင္းထံ ၾကယ္ပြင့္ ကစားသမား မ်ားစြာကို ေခၚယူဖို႔ စီစဥ္ေနတဲ့ အသင္းလည္း ျဖစ္ပါတယ္။
လီယြန္နယ္ မက္ဆီဟာ ငယ္စဥ္ကတည္းက ကစားခဲ့တဲ့ ဘာစီလိုနာအသင္း ကေန ပီအက္စ္ဂ်ီအသင္းထံ အလြတ္ ေျပာင္းေ႐ႊ႕ေၾကးနဲ႕ ေျပာင္းေ႐ႊ႕ကာ ၂ႏွစ္ သက္တမ္း ရွိတဲ့ စာခ်ဳပ္ ခ်ဳပ္ဆိုထားေပမယ့္ မိုင္ယာမီအသင္း ပိုင္ရွင္ ေဒးဗစ္ဘက္ခမ္းဟာ သူ႕ရဲ႕ အသင္းထံ လာေရာက္ ကစားဖို႔ မက္ဆီကို ဖိတ္ေခၚထားပါတယ္။
အေမရိကန္ အေျခစိုက္ သတင္းဌာနေတြနဲ႕ ျပင္သစ္ အေျခစိုက္ သတင္းဌာန တခ်ိဳ႕ကေတာ့ ဘက္ခမ္းဟာ မက္ဆီအေနနဲ႕ ပီအက္စ္ဂ်ီအသင္း ကေန ထြက္ခြာပါက မိုင္ယာမီအသင္းထံ ေျပာင္းေ႐ႊ႕ ကစားဖို႔ အတြက္ ႏႈတ္အားျဖင့္ သေဘာတူညီမႈ ရယူနိုင္ခဲ့ေၾကာင္း ေဖာ္ျပထားၾကပါတယ္။
ဟီဂူအင္က “ ကြၽန္ေတာ္က ဒုကၡ မေရာက္ခ်င္ပါဘူး။ ဒါေၾကာင့္ မက္ဆီနဲ႕ မိုင္ယာမီအသင္းၾကားမွာ ဘာေတြ ျဖစ္ေနလဲ ဆိုတာ မေျပာခ်င္ဘူးဗ်။ အခု သူက ပီအက္စ္ဂ်ီအသင္းနဲ႕ ၂ႏွစ္ စာခ်ဳပ္ ရွိေနပါတယ္။ အသင္းကေတာ့ သူ႕ကို ေခၚယူဖို႔ ဆႏၵရွိေနတာ ၾကာပါၿပီ။ ဘာေတြ ျဖစ္လာမလဲ ဆိုတာ ဆက္ၿပီး ေစာင့္ၾကည့္ရမွာေပါ့ဗ်ာ” လို႔ ထုတ္ေဖာ္ ေျပာၾကားခဲ့တာပါ။