Spots news

လူကာကူဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဟု ဘရာဇီးဂန္တဝင် ကာကာ ချီးကျူး

Unicode Version

ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို အေစီမီလန်အသင်းနဲ့ အတူ ရယူနိုင်ခဲ့ဖူးတဲ့ ဘရာဇီးဂန္တဝင် ကွင်းလယ်ကစားသမား ကာကာက အသင်းဟောင်း ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ ကစားကာ ခြေစွမ်းပြနေတဲ့ ဘယ်လ်ဂျီယံ တိုက်စစ်မှူး လူကာကူဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အင်တာမီလန်အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေ စကူဒက်တိုဖလား ရရှိအောင် ဦးဆောင် ကြိုးစားပေးခဲ့သူ ဖြစ်သလို ယူရို၂၀၂၀ပြိုင်ပွဲဝင် ဘယ်လ်ဂျီယံအသင်း အတွက် ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးအသင်းဟာ လူကာကူကို ပြောင်းရွှေ့ကြေး ယူရို ၁၁၅သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပြီး လူကာကူကလည်း အသင်းဟောင်း ချယ်လ်ဆီးထံ ပြန်ရောက်တာနဲ့ ချက်ချင်းဆိုသလို အသင်းမှာ အထိုင်ကျခဲ့ကာ ပရီးမီးယားလိဂ် ၄ပွဲမှာ ၃ဂိုး အထိ သွင်းယူပေးထား နိုင်ပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းနဲ့ ခြေစွမ်းပြနေတဲ့ လူကာကူကို ဘရာဇီး လက်ရွေးစင်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ ကာကာကတော့ လူကာကူဟာ တချိန်က အင်တာမီလန်အသင်းနဲ့ တောက်ပခဲ့တဲ့ တိုက်စစ်မှူး အက်ဒီယာနိုကို ပြန်လည် မြင်ယောင်စေကြောင်းနဲ့ လက်ရှိမှာ လူကာကူက ကမ္ဘာ့နံပါတ်တစ် တိုက်စစ်မှူး အဖြစ် ထင်မြင်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ကာကာက “ရိုမီလူ လူကာကူက အခုချိန်မှာ နံပါတ်တစ် တိုက်စစ်မှူး ဖြစ်နေပါပြီ။ သူက ကျွန်တော့်ကို အကောင်းဆုံးပုံစံနဲ့ အက်ဒီယာနိုကို ပြန်ပြီး မြင်ယောင်စေပါတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု ၊ ဉာဏ်ရည်နဲ့ လျင်မြန်မှုက အတော်ကို ကောင်းပါတယ်” လို့ ချီးကျူးသွားခဲ့ပါတယ်။

Zawgyi Version

တခ်ိန္က ကမာၻ႔အေကာင္းဆုံး ကစားသမားဆုကို ေအစီမီလန္အသင္းနဲ႕ အတူ ရယူနိုင္ခဲ့ဖူးတဲ့ ဘရာဇီးလ္ ဂႏၲဝင္ ကြင္းလယ္ကစားသမား ကာကာက အသင္းေဟာင္း ခ်ယ္လ္ဆီးအသင္းထံ ေျပာင္းေ႐ႊ႕ ကစားကာ ေျခစြမ္းျပေနတဲ့ ဘယ္လ္ဂ်ီယံ တိုက္စစ္မႉး လူကာကူဟာ လက္ရွိ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉး ျဖစ္ေၾကာင္း ခ်ီးက်ဴးသြားခဲ့ပါတယ္။

ဘယ္လ္ဂ်ီယံ လက္ေ႐ြးစင္ တိုက္စစ္မႉး လူကာကူဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ အင္တာမီလန္အသင္းကို ႏွစ္ေပါင္းမ်ားစြာ ေဝးကြာေနတဲ့ စီးရီးေအ စကူဒက္တိုဖလား ရရွိေအာင္ ဦးေဆာင္ ႀကိဳးစားေပးခဲ့သူ ျဖစ္သလို ယူရို၂၀၂၀ၿပိဳင္ပြဲဝင္ ဘယ္လ္ဂ်ီယံအသင္း အတြက္ ေျခစြမ္းေကာင္းေတြလည္း ျပသနိုင္ခဲ့ပါတယ္။

ဒါေၾကာင့္ပဲ ခ်ယ္လ္ဆီးအသင္းဟာ လူကာကူကို ေျပာင္းေ႐ႊ႕ေၾကး ယူရို ၁၁၅သန္းနဲ႕ ေခၚယူခဲ့တာ ျဖစ္ၿပီး လူကာကူကလည္း အသင္းေဟာင္း ခ်ယ္လ္ဆီးထံ ျပန္ေရာက္တာနဲ႕ ခ်က္ခ်င္းဆိုသလို အသင္းမွာ အထိုင္က်ခဲ့ကာ ပရီးမီးယားလိဂ္ ၄ပြဲမွာ ၃ဂိုး အထိ သြင္းယူေပးထား နိုင္ပါတယ္။

လက္ရွိမွာေတာ့ ခ်ယ္လ္ဆီးအသင္းနဲ႕ ေျခစြမ္းျပေနတဲ့ လူကာကူကို ဘရာဇီးလ္ လက္ေ႐ြးစင္အသင္းရဲ႕ ဂႏၲဝင္ ကြင္းလယ္လူ ကာကာကေတာ့ လူကာကူဟာ တခ်ိန္က အင္တာမီလန္အသင္းနဲ႕ ေတာက္ပခဲ့တဲ့ တိုက္စစ္မႉး အက္ဒီယာနိုကို ျပန္လည္ ျမင္ေယာင္ေစေၾကာင္းနဲ႕ လက္ရွိမွာ လူကာကူက ကမာၻ႔နံပါတ္တစ္ တိုက္စစ္မႉး အျဖစ္ ထင္ျမင္ေၾကာင္း ထုတ္ေဖာ္ ေျပာၾကားခဲ့ပါတယ္။

ကာကာက “ရိုမီလူ လူကာကူက အခုခ်ိန္မွာ နံပါတ္တစ္ တိုက္စစ္မႉး ျဖစ္ေနပါၿပီ။ သူက ကြၽန္ေတာ့္ကို အေကာင္းဆုံးပုံစံနဲ႕ အက္ဒီယာနိုကို ျပန္ၿပီး ျမင္ေယာင္ေစပါတယ္။ သူ႕ရဲ႕ ႀကံ့ခိုင္မႈ ၊ ဉာဏ္ရည္နဲ႕ လ်င္ျမန္မႈက အေတာ္ကို ေကာင္းပါတယ္” လို႔ ခ်ီးက်ဴးသြားခဲ့ပါတယ္။